နိုင္ငံတကာသတင္း

စလုံးတွင် နေထိုင်သူအားလုံး TraceTogether တိုကင်များ မကြာမီ ရရှိမည်

စင်ကာပူအစိုးရသည် လက်ရှိ အသုံးပြုနေသည့် contact tracing စနစ်ကို အဆင့်တိုးမြှင့်သည့်အနေဖြင့် စလုံးတွင်နေထိုင်သူအားလုံး (နိုင်ငံခြားသားများအပါအဝင်) အတွက် TraceTogether တိုကင်များကို အခမဲ့ပေးဝေခြင်းကို စက်တင်ဘာ ၁၄ ရက်နေ့မှ နိုဝင်ဘာလအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ TraceTogether တိုကင်ကို အချို့သော SafeEntry points များတွင် အသုံးပြုသွားမည် ဖြစ်ကြောင်လည်း သိရသည်။

စင်ကာပူအစိုးရသည် ဇွန်လကုန်ပိုင်းတွင် သက်ကြီးရွယ်အိုများထံ TraceTogether တိုကင် အခုရေ ၁၀,၀၀၀ ခန့် ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

TraceTogether တိုကင် ရယူရန် TokenGoWhere website – token.gowhere.gov.sg ကို သွားရောက်၍ မိမိနေထိုင်ရာ Postal Code ရိုက်ထည့်၍ ရွေးယူရန် နေရာနှင့် အချိန်ကို စစ်ဆေးနိုင်သည်။

TraceTogether တိုကင် ရွေးယူရန် barcode ပါဝင်သည့် မူရင်း NRIC/FIN card, student pass, ကလေးများအတွက် birth certificate ယူဆောင်သွားရန် လိုအပ်သည်။

Source:CNA