ကာတြန္းအ႐ုပ္ဝတ္စုံေတြဝတ္ၿပီး လမ္းေဘးမွာေဖ်ာ္ေျဖမႈေတြလုပ္ကာ မိခင္အတြက္ေငြကူရွာေပးေနတဲ့ ကေလးငယ္
အင္ဒိုနီးရွားႏိုင္ငံမွာေနထိုင္တဲ့ Rahmadi အမည္နဲ႔ Instagram အသုံးျပဳသူဟာ mascot ဆိုတဲ့ လာဘ္ေကာင္အ႐ုပ္ဝတ္စုံေလးကိုဝတ္ၿပီး လမ္းေဒါင့္ေလးတစ္ေနရာမွာ အနားယူေနတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕အျဖစ္ကို Instagram မွာေဝမွ်ခဲ့ပါတယ္ ။ ေမးျမန္းၾကည့္ခ်ိန္မွာေတာ့ ေကာင္ေလးဟာအဆိုပါဝတ္စုံေလးကိုဝတ္ၿပီး ၿမိဳ႕အႏွံ႔ေလွ်ာက္ပတ္လည္ကာ မိခင္အတြက္ေငြကူရွာေပးေနတာျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္ ။
Post မွာေရးသားထားတာကေတာ့ ” ေန႔တိုင္း Rehan ေလးက Gatot Subroto လမ္းတစ္ေလွ်ာက္ျဖတ္ေလွ်ာက္သြားတဲ့ ႐ုံးဝန္ထမ္းေတြ နဲ႔ အျခားသူေတြကို ကျပဆြဲေဆာင္ႏိုင္ေအာင္ ေစာေစာစီးစီးအိပ္ယာထားရပါတယ္ ၊ အခ်ိဳ႕လူေတြကေတာ့ Rehan ရဲ႕ေဖ်ာ္ေျဖမႈကို လမ္းမေပၚက အာ႐ုံေႏွာက္လြန္းတဲ့အရာ ၊ အခ်ိန္ျဖဳန္းေနတဲ့အလုပ္လို႔ေတြးထင္ေနၾကပါတယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။
အခ်ိဳ႕ေသာ Rehan ရဲ႕ေဖ်ာ္ေျဖတင္ဆက္မႈကိုႏွစ္သက္ၿပီး ရပ္ကာၾကည့္ရႈေနၾကတဲ့သူေတြကလည္း ဝတ္စုံရဲ႕ေနာက္ကြယ္ကလူဟာ ကေလးငယ္တစ္ေယာက္ျဖစ္ေနမွန္းကို လုံးဝမသိရွိၾကတဲ့သူေတြပါ ။ Rehan ေလးကေတာ့ သူ႔ရဲ႕ေန႔စဥ္လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းႏိုင္ဖို႔ street performer တစ္ေယာက္ျဖစ္ဖို႔ဆုံးျဖတ္ထားေၾကာင္း ေျပာျပခဲ့ပါတယ္ ။
မိခင္ျဖစ္သူရဲ႕ရွာလို႔ရတဲ့ေငြေတြဟာ အိမ္ငွါးခ ႏွင့္ Rehan ရဲ႕ေက်ာင္းစရိတ္အတြက္ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ Rehan ေလးက ” ပိုက္ဆံရေတာ့ ေကာင္းတယ္ဗ် ၊ အဲတာမွ ကြၽန္ေတာ္အိမ္ကိုစားစရာေတြ ယူျပန္ႏိုင္မွာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။
Rehan ဟာ ကာတြန္းဝတ္စုံဒီဇိုင္းအမ်ိဳးမ်ိဳးကိုငွါးရမ္းဝတ္ဆင္ေလ့ရွိၿပီး ၊ ငွါးရမ္းခကိုေတာ့ မိခင္ျဖစ္သူကေပးေလ့ရွိေၾကာင္း သိရပါတယ္ ။
မနက္ေစာေစာစီးစီး အိပ္ယာကေနထကာ လမ္းေဘးမွာေဖ်ာ္ေျဖတင္ဆက္မႈျပဳလုပ္ရေပမဲ့လည္း ၊ ညေနခင္းဖက္ေတြမွာ အားလပ္ခ်ိန္ရၿပီး ေဘာလုံးကစားခြင့္ရခဲ့တဲ့အတြက္ ၊ Rehan ေလးကေတာ့ ကေလးတစ္ေယာက္ရဲ႕အခြင့္အေရး နဲ႔ ေပ်ာ္႐ႊင္မႈကိုေတာ့ ရရွိေနပါေသးတယ္ ။ မိခင္ျဖစ္သူအတြက္ အပိုဝင္ေငြေလးရွာေပးႏိုင္လို႔ Rehan ဟာအေတာ္ေလးေပ်ာ္႐ႊင္ေၾကာင္း ေျပာျပခဲ့ပါေသးတယ္ ။
Jasmine (Mckzone Daily)
Unicode
ကာတွန်းအရုပ်ဝတ်စုံတွေဝတ်ပြီး လမ်းဘေးမှာဖျော်ဖြေမှုတွေလုပ်ကာ မိခင်အတွက်ငွေကူရှာပေးနေတဲ့ ကလေးငယ်
အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ Rahmadi အမည်နဲ့ Instagram အသုံးပြုသူဟာ mascot ဆိုတဲ့ လာဘ်ကောင်အရုပ်ဝတ်စုံလေးကိုဝတ်ပြီး လမ်းဒေါင့်လေးတစ်နေရာမှာ အနားယူနေတဲ့ကောင်လေးတစ်ယောက်ရဲ့အဖြစ်ကို Instagram မှာဝေမျှခဲ့ပါတယ် ။
မေးမြန်းကြည့်ချိန်မှာတော့ ကောင်လေးဟာအဆိုပါဝတ်စုံလေးကိုဝတ်ပြီး မြို့အနှံ့လျှောက်ပတ်လည်ကာ မိခင်အတွက်ငွေကူရှာပေးနေတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။
Post မှာရေးသားထားတာကတော့ ” နေ့တိုင်း Rehan လေးက Gatot Subroto လမ်းတစ်လျှောက်ဖြတ်လျှောက်သွားတဲ့ ရုံးဝန်ထမ်းတွေ နဲ့ အခြားသူတွေကို ကပြဆွဲဆောင်နိုင်အောင် စောစောစီးစီးအိပ်ယာထားရပါတယ် ၊ အချို့လူတွေကတော့ Rehan ရဲ့ဖျော်ဖြေမှုကို လမ်းမပေါ်က အာရုံနှောက်လွန်းတဲ့အရာ ၊ အချိန်ဖြုန်းနေတဲ့အလုပ်လို့တွေးထင်နေကြပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။
အချို့သော Rehan ရဲ့ဖျော်ဖြေတင်ဆက်မှုကိုနှစ်သက်ပြီး ရပ်ကာကြည့်ရှုနေကြတဲ့သူတွေကလည်း ဝတ်စုံရဲ့နောက်ကွယ်ကလူဟာ ကလေးငယ်တစ်ယောက်ဖြစ်နေမှန်းကို လုံးဝမသိရှိကြတဲ့သူတွေပါ ။ Rehan လေးကတော့ သူ့ရဲ့နေ့စဉ်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ street performer တစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ထားကြောင်း ပြောပြခဲ့ပါတယ် ။
မိခင်ဖြစ်သူရဲ့ရှာလို့ရတဲ့ငွေတွေဟာ အိမ်ငှါးခ နှင့် Rehan ရဲ့ကျောင်းစရိတ်အတွက် ဖြစ်ပါတယ် ။ ဒါကြောင့် Rehan လေးက ” ပိုက်ဆံရတော့ ကောင်းတယ်ဗျ ၊ အဲတာမှ ကျွန်တော်အိမ်ကိုစားစရာတွေ ယူပြန်နိုင်မှာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။
Rehan ဟာ ကာတွန်းဝတ်စုံဒီဇိုင်းအမျိုးမျိုးကိုငှါးရမ်းဝတ်ဆင်လေ့ရှိပြီး ၊ ငှါးရမ်းခကိုတော့ မိခင်ဖြစ်သူကပေးလေ့ရှိကြောင်း သိရပါတယ် ။
မနက်စောစောစီးစီး အိပ်ယာကနေထကာ လမ်းဘေးမှာဖျော်ဖြေတင်ဆက်မှုပြုလုပ်ရပေမဲ့လည်း ၊ ညနေခင်းဖက်တွေမှာ အားလပ်ချိန်ရပြီး ဘောလုံးကစားခွင့်ရခဲ့တဲ့အတွက် ၊ Rehan လေးကတော့ ကလေးတစ်ယောက်ရဲ့အခွင့်အရေး နဲ့ ပျော်ရွှင်မှုကိုတော့ ရရှိနေပါသေးတယ် ။ မိခင်ဖြစ်သူအတွက် အပိုဝင်ငွေလေးရှာပေးနိုင်လို့ Rehan ဟာအတော်လေးပျော်ရွှင်ကြောင်း ပြောပြခဲ့ပါသေးတယ် ။
Jasmine (Mckzone Daily)