အမှိုက်ပုံတပုံပေါ်မှာ အမှိုက်တွေကို ရှာနေတဲ့ဆင်ကြီးတကောင်ရဲ့ ဓာတ်ပုံတွေကို အိန္ဒိယနိုင်ငံရဲ့ တနေရာမှာ ရိုက်ကူးမှတ်တမ်းခဲ့ပါတယ်။ ဆင်နဲ့အမှိုက်ပုံဆိုတာ ဘာမှမဆိုင်တဲ့ အရာဖြစ်ပေမဲ့ ဆာလောင်ခြင်းတွေက ခိုင်းစေလာချိန်မှာ ဆင်ကြီးဟာ သူ့အတွက် အစာရမယ့်နေရာလို့ ထင်နေခဲ့ပါတယ်။ တကယ်တမ်းတော့ အမှိုက်ပုံမှန်းတောင် သူသိခဲ့မှာမဟုတ်ပါဘူး။
စည်းကမ်းမဲ့အမှိုက်ပုံကိုတော့ အလည်အပတ်လာတဲ့ တိုးရစ်တွေက ထားခဲ့တာပါ။ ဆင်ကြီးက အစားအသောက်တွေ့ရမယ်ထင်တဲ့ စိတ်ကူးနဲ့ တိုးရစ်တွေထားခဲ့တဲ့ အမှိုက်ပုံကို မွှေနှောက်ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ အားကစားဂျာနယ်လစ် ပရန်နက်ဒက်ဆိုသူက အနောက်ဘန်ဂေါပြည်နယ်မှာ အခုမြင်ကွင်းကို မြင်မိချိန်မှာအသင့်ပါလာတဲ့ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
အချိန်တော်တော်ကြာအထိ ဖွလိုက်၊ သူစားလို့ရမယ်ထင်တဲ့အရာကို ပါးစပ်ထဲထည့်ကြည့်လိုက်နဲ့ ဆာလောင်မှုကို ဖြေေျာက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့အတွက်အစာမရှိဘူးဆိုတာကို သိသွားချိန်မှာတော့ အဝေးကိုထွက်သွားပါတော့တယ်။ ဂျာနယ်လစ်က သူမြင်ခဲ့ရတဲ့မြင်ကွင်းအပေါ် နာကျင်ရတယ်လို့ ဆိုရှယ်မီဒီယာမှာတင်ခဲ့ပြီး၊ အခုလို ရေးသားထားခဲ့ပါတယ်။
” ဒီပုံကိုမြင်မိရင် လူတွေစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကို ဆင်ခြင်ဖို့ မျှော်လင့်မိပါတယ်။ အမှိုက်ပုံက ခရီးသွားတွေလာသွားတဲ့ ဗန်ကားတွေပေါ်က ကျန်ခဲ့တဲ့ ဟာတွေပါ။ ဆင်ကြီးက အခုလိုအမှိုက်ပုံကို အစာရတဲ့နေရာထင်ပြီး၊ ရှာဖွေနေရတဲ့ မြင်ကွင်းဟာ ကျွန်တော့်အတွက်တော့ အတော်လေးနာကျင်ရပါတယ် ” လို့ ပရန်နက်ဒက်က ဆိုခဲ့ပါတယ်။
စည်ကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေက ကမ္ဘာနဲ့အဝှမ်းတိုက်ဖျက်နေပေမဲ့ ဥပဒေက လက်လှမ်းမမီနိုင်တဲ့နေရာတွေမှာ ထိန်းမရဖြစ်နေုတုန်းပါပဲ။ အခုလို အမှိုက်ပုံတွေဟာ ြမေပြင်ပေါ်မှလည်း ဒုက္ခပေးသလို ရေထဲကိုစွန့်ပစ်ခဲ့ရင်လည်း ရေနေသတ္တဝါတွေက အစာအမှတ်နဲ့ ဒုက္ခရောက်ပြန်ပါတယ်။ စည်းကမ်းတကျနဲ့ အမှိုက်ကို စွန့်ပစ်ဖို့လိုနေပြီး၊ မဟုတ်ရင်တော့ အခုလိုမြင်ကွင်းတွေက မြင်နေရဦးမှာပဲဖြစ်ပါတယ်။
credit – AwesomeMyanmar
Zawgyi
ဆာလွန်းလို့ အမှိုက်ပုံကို မွှေနှောက်ပြီး အစားအစာလာရှာခဲ့တဲ့ ဆင်ကြီး