ဟာသ

ဆယ်ကျော်သက်သားလေးက ကျောင်းလိုက်ပို့ပေးတာကို ရှက်တက်မှန်းသိလို့ ဝတ်စုံအမျိုးမျိုးနဲ့ တမင်တကာဝတ်ဆင်ပြီး နေ့တိုင်းပို့ဆောင်ခဲ့တဲ့ ဖခင်ရဲ့ ရယ်စရာရုပ်ပုံများ

ကလေးများအားလုံးက သူတို့ကြီးပြင်းလာတာနဲ့ အမျှ မိဘတွေ သူတို့ကို ကျောင်းပို့တဲ့အခါ ရှက်တတ်လာကြပါတယ် ။ ဘာကြောင့်လဲဆို

တော့ သူတို့က ကလေးတစ်ယောက်မဟုတ်ဘူးဆိုတာဘဲ ။ အထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ အသက် ၁၆ နှစ်အရွယ် Rain Price

ဆိုတဲ့ သူက သူ့ဖခင်ကြောင့် သူရှက်ခဲ့ရပါတယ် ။ သူက ၁၆ နှစ်ရှိပြီး အထက်တန်းကျောင်းတောင် တက်နေရပြီဆိုပေမဲ့ ဖခင်က သူ့ကိုအိမ်

ရှေ့က ကျောင်းဘတ်စ်ကားဂိတ်အထိ နေ့တိုင်းလိုက်ပို့ပေးခဲ့ပါသေးတယ် ။ ဒါကြောင့် သူက သူ့အဖေကို မနက်ခင်းတိုင်း လိုက်မပို့စေချင်ဘူး

ဆိုပြီး သူ့အမေနဲ့ တိုင်ပင်ခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူ့အဖေက နေ့တိုင်းလိုက်ပို့နေတော့ သူက ကလေးတစ်ယောက်လိုဖြစ်သွား

စေတဲ့အတွက် သူအရမ်းရှက်တယ်လို့ ဆိုခဲ့ပါတယ် ။

ဒါပေမယ့် သူတို့သားအမိ ဆွေးနွေးခဲ့တဲ့စကားဝိုင်းကို ဖခင်ကကြားခဲ့တာကြောင့် အခြားကလေးရဲ့အာရုံတွေကို လှည့်စားဖို့ဆုံးဖြတ်လိုက်ပါ

တယ် ။ ထို့ကြောင့် နောက်တစ်နေ့မှာ ဖခင် Del Price က သတို့သမီးဝတ်စုံနဲ့ဝတ်ထားပြီး အိမ်မှလမ်းလျှောက်ထွက်ကာ သူ့ကလေးကို

ကျောင်းပို့ရန် လက်ဖြင့် ဝှေ့ယမ်းလိုက်ပါတယ် ။

Rain က သူ့ဖခင်ဒီလိုဝတ်တာကို ပထမဆုံးမြင်တာနဲ့ကျောင်းဘတ်စ်ကားပေါ်မှာ ဘယ်သူနဲ့မှမျက်နှာချင်းမဆိုင်ရဲတော့ဘဲ သူရှက်သွားခဲ့ပါ

တယ် ။ ဒါပေမယ့် ဖခင်ဖြစ်သူက ဒီလောက်နဲ့တင် မပြီးဆုံးစေခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဒါကအစပဲရှိသေးတာမို့ပါ ။ ဒီလိုနဲ့ ဖခင်က

နေ့တိုင်း ဝတ်စုံတစ်မျိုးပြီး တစ်မျိုးမရိုးအောင် ဝတ်ဆင်ပြီး သားကို ဘတ်စကားဂိတ်သို့ပို့ဆောင်ကာ ပျော်စရာတွေ ဖြစ်စေခဲ့ပါတယ် ။

Zawgyi

Credit Myat