ပြည်တွင်းသတင်း

မနက်ဖြန်ည( ၁၂ )နာရီခွဲမှာထွက်ရှိမယ့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းနှင့်ပတ်သတ်လို့သိသင့်တာလေးများ

မနက်ဖြန် ည ( ၁၂ ) နာရီခွဲ မှာ ထွက်ရှိမယ့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းနှင့် ပတ်သတ် လို့ သိသင့်တာလေး များ
၁ ။ ၂၀၂၀ – ပြည့်နှစ် ၊ မတ်လ အ တွင်း က ကျင်းပ စစ်ဆေး ခဲ့သော တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ အောင်စာရင်း များ ကို ( ၉ – ၈ – ၂၀၂၀ ) ရက် ၊ တနင်္ဂနွေနေ့ နံနက် ( ၀၀:၃၀) နာရီ အချိန် တွင် ထုတ်ပြန်ကြေညာ မည် ဖြစ် ပါ သည် ။
၂ ။ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်‌ တားဆီးရေး အဓိက ဦးစားပေး ဆောင်ရွက်နေရသော ကာလဖြစ်ပါ သဖြင့် ၂၀၂၀ – ပြည့်နှစ် ၊ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင် စာရင်း များ ကို သတ်မှတ် ရက် တွင် ကြေညာရာ ၌ ယခင်နှစ်များ ကဲ့ သို့ စာစစ်ဌာနများနှင့်

အခြေခံပ ညာ အထက် တန်းကျောင်း များတွင် လုံးဝ(လုံးဝ) ကပ် ထားခြင်း မပြုဘဲ ပညာရေး ဝန်ကြီးဌာန၏ Website များဖြစ်သော

www.moe.gov.mm နှင့် www.myanmarexam.org တို့ တွင် ကြည့်ရှုနိုင်ရန် (၉-၈-၂၀၂၀)ရက်နေ့ ၊ နံနက်( ၀၀ : ၃၀ ) နာရီမှ စတင် ၍ အသိပေးထုတ်ပြန် ကြေညာပေးမည်ဖြစ် ပါသည်။

၃။ ထို့ အပြင် Online ဖြင့် အောင် စာ ရင်း ကြည့်ရှု ရာ တွင် အင်တာနက် လိုင်းမရသော ဒေသများနှင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောဒေသများအတွက်

အောင်စာရင်း ထုတ်ပြန် ကြေညာ မည့် ( ၉-၈-၂၀၂၀ ) ရက်နေ့ (တနင်္ဂနွေနေ့) တွင် အောင်စာရင်းနှင့် ပတ် သက် ၍ မရှင်းလင်းသည်များ ရှိပါက

မေးမြန်းစုံစမ်းနိုင်ရန် အောက် ဖော်ပြ ပါ Call Center အဖွဲ့ ( ၇ ) ဖွဲ့ဖြင့် လက်ခံဖြေကြား ပေးသွားမည် ဖြစ် ပါ သည်။

စဉ် အဖွဲ ့ခေါင်းဆောင် အမည် ရာထူး ဖုန်းနံပါတ်

၁ ။ ဒေါက်တာ ကျော်ဝင်းစိုး ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၈၂၁

၂ ။ ဦး သန်း စိုးအောင် ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၈၁၁

၃ ။ ဒေါက်တာတင်ယုယုအေး ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၆၉၁

၄ ။ ဦးအေး လွင် ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၆၈၆

၅ ။ ဒေါက်တာ ဥမ္မာသန်း ညွှန်ကြားရေးမှူး ၀၆၇-၃၄၀၇၈၁၉

၆ ။ ဦးမြင့်ဇော် ညွှန်ကြားရေးမှူး ၀၁-၆၅၃၅၀၉

၇ ။ ဒေါက်တာ ကျော်မိုးလွင် ညွှန်ကြားရေးမှူး ၀၆၇-၃၄၃၀၁၆၉

၄ ။ ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ အမှတ်စာရင်းနှင့် အောင် လက်မှတ် ထုတ်ပေးခြင်း၊ အဖြေလွှာ ပြန်လည် စစ်ဆေးပေး ရန် လျောက်ထားခြင်း (Complaint) အစီ အစဉ် များ ကို လတ်တလော ဆောင်ရွက်ပေး မည် မဟုတ် ပါ ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ကိုဗစ် ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ထပ်မံ အသိပေး ကြေညာသွား မည်ဖြစ်ပါသည်။ (မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

၂၀၂၀ – ပြည့်နှစ် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ အောင်စာရင်း ကြည့်ရှုလိုပါက လင့်ခ် မှာ နှိပ်ပါ…

http://www.moe.gov.mm/

Credit…