အနုပညာသတင္း

ချစ်ရတဲ့ ခင်ပွန်းမရှိတော့ပေမယ့် အားမငယ်ဘဲ အရင်ထက် နှစ်ဆကြိုးစား ရှင်သန်ရင်း သားသမီးတွေကို အစွမ်းကုန် စောင့်ရှောက်ပေးမယ့် နန်းမြတ်ဖြိုးသင်း

တတိယလှိုင်း ကိုဗစ် ကာလမှာ လူတိုင်း တော်တော်များ ရောဂါကို ကြုံတွေ့ ရင်ဆိုင်ရသလို ချစ်ရတဲ့သူတွေကိုပါ ဆုံးရှုံးခဲ့ကြရပါတယ် ။ ရောဂါကြောင့် အချိန်မတန်ပဲ ထွက်ခွာသွားကြရသူတွေလည်း မနည်းလို့ ဖြေဆည်မရအောင်ပါပဲ ။

အနုပညာရှင်တွေထဲမှာလည်းဆိုရင်လည်း ကြွေလွင့်ကြသူတွေ များပြားလွန်းလို့ ပရိသတ်တွေကလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။

မကြာခင်ကဆိုရင်လည်း နန်းမြတ်က သူချစ်ရတဲ့ ခင်ပွန်းကို ဆုံးရှုံးခဲ့ရတာကြောင့် အတိုင်းမသိ ဝမ်းနည်းကြေကွဲနေရှာတာကို တွေ့ရပါတယ် ။ အားလုံးကလည်း နန်းမြတ်နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ ။

ဒီနေ့မှာတော့ နန်းမြတ်က ချစ်ရတဲ့ ခင်ပွန်းမရှိတော့ပေမယ့်လည်း စိတ်ပျက်အားငယ်တာမျိုးမရှိဘဲ ဘဝကို အရင်ထက် နှစ်ဆ ကြိုးစား ရပ်တည်ပြီး ချစ်ရတဲ့ သားသမီးတွေကို စောင့်ရှောက်မယ့် အကြောင်း ရင်ဖွင့်ပြောပြလာပါတယ် ။

” ကျမဘဝရဲ့အဓိပ္ပါယ် ခွန်အား ရှင်သန်ခြင်းလေးတွေ ကျမယောက်ျားကိုသတိရတာပေါ့ လွမ်းတာပေါ့ ဒါပေမယ့်ယောက်ျားမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ဘူးကျမယောက်ျားထားခဲ့တဲ့ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်း သူ့ရဲ့နာမည်ကောင်းအရိပ်အောက်မှာ ကျမကအကောင်းဆုံးကြိုးစားပီး ရှင်သန်ရပ်တည်ဦးမှာလွမ်းတာတော့အမြဲလွမ်းနေမှာပဲ သူနဲ့သွားခဲ့တဲ့နေရာ သူနဲ့ရှိခဲ့တဲ့အမှတ်တရတွေကဘယ်တော့ပျောက်ပျက်မသွားဘူးသူမရှိတော့လို့ကလေးတွေအတွက်ကျမနှစ်ဆကြိုးစားပီးရပ်တည်ရှင်သန်မယ်ကျန်နေသေးတဲ့ချစ်တဲ့သူတွေရဲ့ပံ့ပိုးမှုတွေနဲ့ပေါ့လွမ်းတာ၊သတိရတာနဲ့ ပြိုလဲတာမတူပါဘူးကျမချစ်ရတဲ့သားလေးနဲ့သမီးလေးအတွက်….” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo – Nann Myat Phyo Thinn

-Zawgyi Font ဖြင့်ဖတ်ရန်-

ချစ်ရတဲ့ ခင်ပွန်းမရှိတော့ပေမယ့် အားမငယ်ဘဲ အရင်ထက် နှစ်ဆကြိုးစား ရှင်သန်ရင်း သားသမီးတွေကို အစွမ်းကုန် စောင့်ရှောက်ပေးမယ့် နန်းမြတ်ဖြိုးသင်း

ဖိုက်တင်းပါ နန်းမြတ်ရေ

တတိယလှိုင်း ကိုဗစ် ကာလမှာ လူတိုင်း တော်တော်များ ရောဂါကို ကြုံတွေ့ ရင်ဆိုင်ရသလို ချစ်ရတဲ့သူတွေကိုပါ ဆုံးရှုံးခဲ့ကြရပါတယ် ။

ရောဂါကြောင့် အချိန်မတန်ပဲ ထွက်ခွာသွားကြရသူတွေလည်း မနည်းလို့ ဖြေဆည်မရအောင်ပါပဲ ။ အနုပညာရှင်တွေထဲမှာလည်းဆိုရင်လည်း ကြွေလွင့်ကြသူတွေ များပြားလွန်းလို့ ပရိသတ်တွေကလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။

မကြာခင်ကဆိုရင်လည်း နန်းမြတ်က သူချစ်ရတဲ့ ခင်ပွန်းကို ဆုံးရှုံးခဲ့ရတာကြောင့် အတိုင်းမသိ ဝမ်းနည်းကြေကွဲနေရှာတာကို တွေ့ရပါတယ် ။

အားလုံးကလည်း နန်းမြတ်နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ ။ ဒီနေ့မှာတော့ နန်းမြတ်က ချစ်ရတဲ့ ခင်ပွန်းမရှိတော့ပေမယ့်လည်း စိတ်ပျက်အားငယ်တာမျိုးမရှိဘဲ ဘဝကို အရင်ထက် နှစ်ဆ ကြိုးစား ရပ်တည်ပြီး ချစ်ရတဲ့ သားသမီးတွေကို စောင့်ရှောက်မယ့် အကြောင်း ရင်ဖွင့်ပြောပြလာပါတယ် ။