အနုပညာသတင်း
ဖမ်းဆီးခံထားရတဲ့ အိန္ဒြာကျော်ဇင်ပြန်လည်လွတ်မြောက်လာလို့ ဖတ်ပြီးငိုနေရတယ်ဆိုပြီး အိမ်မက်မက်ကြောင်းပြောပြလာတဲ့ မိတ်ကပ်ခင်စန်းဝင်း
Credit
ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလိုအမှန်တရားဘက်ကနေလည်းပြည်သူတွေနဲ့အတူ ရဲရဲရင့်ရင့်ရပ်တည်ပေးခဲ့သူတစ်ယောက်ပါ။လက်ရှိမှာအိန္ဒြာကျော်ဇင်ကဖမ်းဆီးခံရပြီးအင်းစိန်ထောင်မှာရောက်ရှိနေတာလည်းဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကိုအိမ်မက်မက်တဲ့အကြောင်းကို မိတ်ကပ်ခင်စန်းဝင်းကလူမူကွန်ယက်မှာရေးသားထားပါတယ်။ညကအူဝဲကိုအိမ်မက်မက်တယ်။မြန်မာဝတ်စုံဝမ်းဆက်လေးနွမ်းနွမ်းလေးဝတ်ထားတယ်။အသားတွေလဲညိုသွားတယ်။ ကိုယ့်ကိုတွေတော့ဖက်ပြီးငိုလိုက်တာလေ။
ကိုယ်ကလဲဖက်ပြီးငိုသားအမိနှစ်ယောက်ဖက်ပြီးငိုလိုက်ကြတာလေ။ကျမ သမီးလေးကျန်းမာချမ်းသာပြီးအန္တရယ်ကင်းဘေးရှင်းပါစေ။အချုပ်အနှောင်ကအမြန်ဆုံးလွတ်မြောက်ပါစေလို့အိမ်မက်အကြောင်းကိုမိတ်ကပ်ခင်စန်းဝင်းကရေး သားထားတာပဲဖြစ်ပါတယ်။
Credit