နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာနေ ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊ အသက်(၂၉)နှစ်မှာ ကလေး မီးဖွားရန်အတွက် တပ်ကုန်းမြို့ ခုတင် (၁၀၀)ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျက်ရှိရာ
(၁၆-၉-၂၀၂၀)ရက်နေ့ ည (၈) နာရီအချိန်တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့မှ အရေးပေါ်ခွဲစိတ် မွေးဖွားပေးခဲ့ရာ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ် (ယောက်ျားလေး) တစ်ဦး အသက်ရှင်လျက် မွေးဖွားခဲ့ကြောင်း သိရသည်။
အဆိုပါကလေးအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ ကလေးအထူးကု ဆရာဝန်မှ လိုအပ်သည်များ လုပ်ဆောင်ပေးပြီး၊ နေပြည်တော်ခုတင် (၅၀၀) ကလေးအထူးကု ဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။
Ref; တင်စိုးလွင်
zaw gyi
ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ ေ႐ြးစုေက်း႐ြာအုပ္စု၊ ေ႐ြးစုေက်း႐ြာေန ဦးသိန္းထိုက္၏ဇနီး မေအးစႏၵာျမင့္၊ အသက္(၂၉)ႏွစ္မွာ ကေလး မီးဖြားရန္အတြက္ တပ္ကုန္းၿမိဳ႕ ခုတင္ (၁၀၀)ျပည္သူ႔ ေဆး႐ုံတြင္ ေဆးကုသလ်က္ရွိရာ
(၁၆-၉-၂၀၂၀)ရက္ေန႔ ည (၈) နာရီအခ်ိန္တြင္ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာထြန္းထြန္း ႀကီးၾကပ္၍ လက္ေထာက္ဆရာဝန္ ေဒါက္တာမင္းထက္ေမာင္ေမာင္ (သားဖြားႏွင့္မီးယပ္) အဖြဲ႕မွ အေရးေပၚခြဲစိတ္ ေမြးဖြားေပးခဲ့ရာ ဦးေခါင္းႏွစ္လုံးပါသည့္ ကေလးငယ္ (ေယာက္်ားေလး) တစ္ဦး အသက္ရွင္လ်က္ ေမြးဖြားခဲ့ေၾကာင္း သိရသည္။
အဆိုပါကေလးအား တပ္ကုန္းၿမိဳ႕နယ္ ခုတင္(၁၀၀) ျပည္သူ႔ေဆး႐ုံ ကေလးအထူးကု ဆရာဝန္မွ လိုအပ္သည္မ်ား လုပ္ေဆာင္ေပးၿပီး၊ ေနျပည္ေတာ္ခုတင္ (၅၀၀) ကေလးအထူးကု ေဆး႐ုံသို႔ ဆက္လက္လႊဲေျပာင္း ေပးပို႔ခဲ့ေၾကာင္း သိရသည္။
Ref; တင္စိုးလြင္