အေထြေထြဗဟုသုတ

မြန်မာ့သမိုင်းထဲက သံလွင်မြစ်ကို ပထမဆုံး တံတားထိုးခဲ့သူတစ်ဦး

ခေတ်မီနည်း ပညာ မဖွံ့ဖြိုးသေးသည့် (၁၄) ရာစု တောင်ငူဘုရင် တပင်ရွှေထီး လက်ထက်ကပင်

မော်လမြိုင်နှင့် မုတ္တမကြား အပြောကျယ်လှသော သံလွင်မြစ်ကို ပထမဆုံး တံတားထိုးနိုင်ခဲ့သူ မွန်သူရဲကောင်းတစ်ဦး ရှိခဲ့ဖူးပါသည်။

ကောဇာသက္ကရာဇ် (၉၀၉) ခုနှစ်၊ (ခရစ်နှစ် – ၁၅၄၇) တွင် ဖြစ်သည်။ တပင်ရွှေထီး မင်းတရားကြီး ယိုးဒယားသို့ စစ်ချီရန် စီစဉ်သည်။

မင်းတရားရွှေထီး၏ ရှေ့ချီတပ်များတွင် မြန်မာနှင့် မွန်များအပြင် ပေါ်တူဂီ ကြေးစား အမြောက်တပ်သား (၄၀၀)၊ မြင်းတပ် (၄) တပ်၊ ဆင်

တပ် (၈) တပ်၊ စုစုပေါင်း တပ် (၁၂) တပ် ပါဝင်ပြီး တိုက်ဆင် (၂၀၀)၊ မြင်း (၈၀၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်သည်။

နောက်ချီ တပ်များ တွင် မြင်းတပ် (၄) တပ်၊ ဆင်တပ် (၈) တပ်၊ စုစုပေါင်း (၁၂) တပ် ဖြစ်၍ တိုက်ဆင် (၂၀၀)၊ မြင်း (၈၀၀၀)၊ စစ်သည်

(၄၀၀၀၀) ပါဝင်သည်။

ထို အချိန်က မုတ္တမမြို့စားမှာ မွန်ဘုရင် သုရှင်တကာရွတ်ပိ၏ ယောက်ဖတော် စောလကွန်းအိမ် ဖြစ်၍ မင်းတရားရွှေထီး၏ အမိန့်အရ တပ်

များ ဖြတ်ကူးရန် မုတ္တမ မှ မော်လမြိုင်အထိ လှေဖောင်များဖြင့် တံတားကို ဦးဆောင် တည်ဆောက်ခဲ့သည်။

တံတားပြီးသည့်အခါ မင်းတရားရွှေထီး မကူးမီ အခြားသူများ ကူးဖြတ်မသွားစေရန် ရာဇမတ်ကာရံ၍ အစောင့်ချထားသည်။

တံတား ဆောက်လုပ်ပြီးကြောင်း မင်းကြီးထံ တင်လျှောက်သည့်အခါ မင်းတရားရွှေထီးမှ မြင်းသည်တော်များ စေလွှတ်၍ တံတား

အခြေအနေကို ကြည့်ရှုခိုင်းသည်။

၎င်းမြင်းသည်တော်များထဲမှ တစ်ဦးက ကာရံထားသော ရာဇမတ်ကို ဖယ်ကာ မော်လမြိုင်ဘက်သို့ ကူးသွားကူးလာ လုပ်သည်ကို စောလ

ကွန်းအိမ် မြင်လျှင် ကိုယ့်အရှင် မကူးခင် ကြိုကူးသည်ကို ဒေါသထွက်၍ ဓားဖြင့် စီရင်လိုက်သည်။

ကျန်ခဲ့သည့် မြင်းသည်တော်များက ထိုအဖြစ်အပျက်ကို မင်းတရားထံ ပြန်သတင်းပို့ကြသည်။

ယိုးဒယားစစ်အတွက် လိုအပ်သည်များ ပြင်ဆင်ပြီးသည့်အခါ ကောဇာသက္ကရာဇ် (၉၁၀) ပြည့်နှစ် နတ်တော်လဆန်း (၁၄) ရက် (ခရစ်နှစ်

၁၃ နိုဝင်ဘာ ၁၅၄၈) တွင် ဟံသာဝတီမှ စတင် စစ်ချီသည်။

မုတ္တမသို့ ရောက်လျှင် မိမိ၏ မြင်းသည်တော်ကို သတ်သည့် ကိစ္စနှင့် ပတ်သက်၍ စောလကွန်းအိမ်ဆီ ကြွချီလာသည်။

စောလကွန်းအိမ်ကလည်း အဖြစ်အပျက်အမှန်ကို တင်လျှောက်ရာ နှစ်သက်တော်မူ၍ မုတ္တမမြို့အပြင် မုတ္တမ (၃၂) မြို့ကိုပါ အပိုင်စား ပေး

တော်မူသည်။

တံတားသို့ ရောက်သောအခါ မြင်းနှင့် စစ်သည်တော်များ ကူးသွားနိုင်အောင် စီရင်ထားသည်ကို တွေ့ရသဖြင့် ဆင်စွယ်တွင် တပ်ထားသော

လက်စွပ်နှင့် ဆင်အတွက် ကကြိုးတစ်စုံကို ဆုအဖြစ် ထပ်ချီးမြင့်လေသည်။

မော်လမြိုင်ဘက်သို့ ကူးရာတွင် မင်းကြီး၏ စီးတော်ဆင်နှင့် အခြားဆင်များကို ဖောင်ပေါ်တင်၍ ကူးခိုင်းပြီး

အချို့ဆင်များကို မြစ်ကျဉ်းရာ မြစ်ညာပိုင်းမှ ရေကူးသွားစေသည်။

စစ်သည်တော်များ၊ မြင်းများနှင့် ရိက္ခာ၊ ခဲယမ်းမီးကျောက်များ သယ်လာသည့် ဝန်တင်နွားများကို တံတားပေါ်မှ ကူးစေ၍ မြင်းများ၊ နွားများ

သဘာဝမြေပြင်တွင် သွားရသကဲ့သို့ဖြစ်အောင် တံတားပျဉ်ချပ်များပေါ်တွင် မြက်ခြောက်နှင့် မြေကြီးများ ခင်းထားသည်။

စစ်သည်အားလုံး ကူးဖြတ်ပြီးသည်အထိ တံတားကြီးမှာ ခိုင်ခန့်နေသေးသဖြင့် မွန်ဗိသုကာ ပညာရှင်များ၏

လက်စွမ်းကို မှန်းဆနိုင်မည်ဖြစ်သလို သံလွင်မြစ်ပေါ်တွင် ပထမဆုံး တံတားထိုးနိုင်ခဲ့သူ မုတ္တမမြို့စား စောလကွန်းအိမ် အကြောင်းကို

မျိုးဆက်သစ်များ သိရှိနိုင်ပါရန် တင်ပြလိုက်ပါသည်။

(ကိုးကား- အံ့ကျော်(မော်လမြိုင်)၏ ဒီပဲယင်းနယ်ဇာတိ ကျော်လေးကျော် တောင်လေးလုံး ဆရာတော် ဘဒ္ဒန္နာဂသေနာဘိဝံသ၏ တစ်ဘဝ

သာသနာနှင့် တောင်လေးလုံး ကျောင်းတိုက်များသမိုင်း၊ ဓမ္မဒါန၊ ၂၀၁၀၊ မော်လမြိုင်)

Credit – အောင်မြို့

[zawgyi]

ေခတ္မီနည္း ပညာ မဖြံ့ၿဖိဳးေသးသည့္ (၁၄) ရာစု ေတာင္ငူဘုရင္ တပင္ေရႊထီး လက္ထက္ကပင္ ေမာ္လၿမိဳင္ႏွင့္ မုတၱမၾကား

အေျပာက်ယ္လွေသာ သံလြင္ျမစ္ကို ပထမဆုံး တံတားထိုးနိုင္ခဲ့သူ မြန္သူရဲေကာင္းတစ္ဦး ရွိခဲ့ဖူးပါသည္။

ေကာဇာသကၠရာဇ္ (၉၀၉) ခုႏွစ္၊ (ခရစ္ႏွစ္ – ၁၅၄၇) တြင္ ျဖစ္သည္။ တပင္ေရႊထီး မင္းတရားႀကီး ယိုးဒယားသို႔ စစ္ခ်ီရန္ စီစဥ္သ

ည္။

မင္းတရားေရႊထီး၏ ေရွ႕ခ်ီတပ္မ်ားတြင္ ျမန္မာႏွင့္ မြန္မ်ားအျပင္ ေပၚတူဂီ ေၾကးစား အေျမာက္တပ္သား (၄၀၀)၊ ျမင္းတပ္ (၄)

တပ္၊ ဆင္တပ္ (၈) တပ္၊ စုစုေပါင္း တပ္ (၁၂) တပ္ ပါဝင္ၿပီး တိုက္ဆင္ (၂၀၀)၊ ျမင္း (၈၀၀၀)၊ စစ္သည္ (၄၀၀၀၀) ပါဝင္သည္။

ေနာက္ခ်ီ တပ္မ်ား တြင္ ျမင္းတပ္ (၄) တပ္၊ ဆင္တပ္ (၈) တပ္၊ စုစုေပါင္း (၁၂) တပ္ ျဖစ္၍ တိုက္ဆင္ (၂၀၀)၊ ျမင္း (၈၀၀၀)၊ စစ္သည္

(၄၀၀၀၀) ပါဝင္သည္။

ထို အခ်ိန္က မုတၱမၿမိဳ႕စားမွာ မြန္ဘုရင္ သုရွင္တကာရြတ္ပိ၏ ေယာက္ဖေတာ္ ေစာလကြန္းအိမ္ ျဖစ္၍ မင္းတရားေရႊထီး၏ အမိန႔္အရ

တပ္မ်ား ျဖတ္ကူးရန္ မုတၱမ မွ ေမာ္လၿမိဳင္အထိ ေလွေဖာင္မ်ားျဖင့္ တံတားကို ဦးေဆာင္ တည္ေဆာက္ခဲ့သည္။

တံတားၿပီးသည့္အခါ မင္းတရားေရႊထီး မကူးမီ အျခားသူမ်ား ကူးျဖတ္မသြားေစရန္ ရာဇမတ္ကာရံ၍ အေစာင့္ခ်ထားသည္။

တံတား ေဆာက္လုပ္ၿပီးေၾကာင္း မင္းႀကီးထံ တင္ေလၽွာက္သည့္အခါ မင္းတရားေရႊထီးမွ ျမင္းသည္ေတာ္မ်ား ေစလႊ

တ္၍ တံတား အေျခအေနကို ၾကည့္ရႈခိုင္းသည္။

၎ျမင္းသည္ေတာ္မ်ားထဲမွ တစ္ဦးက ကာရံထားေသာ ရာဇမတ္ကို ဖယ္ကာ ေမာ္လၿမိဳင္ဘက္သို႔ ကူးသြားကူးလာ လုပ္သည္ကို ေစာလကြန္းအိ

မ္ ျမင္လၽွင္ ကိုယ့္အရွင္ မကူးခင္ ႀကိဳကူးသည္ကို ေဒါသထြက္၍ ဓားျဖင့္ စီရင္လိုက္သည္။က်န္ခဲ့သည့္ ျမင္းသည္ေတာ္မ်ားက ထိုအျဖစ္အ

ပ်က္ကို မင္းတရားထံ ျပန္သတင္းပို႔ၾကသည္။

ယိုးဒယားစစ္အတြက္ လိုအပ္သည္မ်ား ျပင္ဆင္ၿပီးသည့္အခါ ေကာဇာသကၠရာဇ္ (၉၁၀) ျပည့္ႏွစ္ နတ္ေတာ္လဆန္း (၁၄) ရက္ (ခရစ္ႏွ

စ္ ၁၃ နိုဝင္ဘာ ၁၅၄၈) တြင္ဟံသာဝတီမွ စတင္ စစ္ခ်ီသည္။မုတၱမသို႔ ေရာက္လၽွင္ မိမိ၏ ျမင္းသည္ေတာ္ကို သတ္သည့္ ကိစၥႏွင့္ ပတ္သ

က္၍ ေစာလကြန္းအိမ္ဆီ ႂကြခ်ီလာသည္။

ေစာလကြန္းအိမ္ကလည္း အျဖစ္အပ်က္အမွန္ကို တင္ေလၽွာက္ရာ ႏွစ္သက္ေတာ္မူ၍ မုတၱမၿမိဳ႕အျပင္ မုတၱမ (၃၂) ၿမိဳ႕ကိုပါ အပိုင္စား ေ

ပးေတာ္မူသည္။

တံတားသို႔ ေရာက္ေသာအခါ ျမင္းႏွင့္ စစ္သည္ေတာ္မ်ား ကူးသြားနိုင္ေအာင္ စီရင္ထားသည္ကို ေတြ႕ရသျဖင့္ ဆင္စြယ္တြင္ တပ္

ထားေသာ လက္စြပ္ႏွင့္ ဆင္အတြက္ ကႀကိဳးတစ္စုံကို ဆုအျဖစ္ ထပ္ခ်ီးျမင့္ေလသည္။

ေမာ္လၿမိဳင္ဘက္သို႔ ကူးရာတြင္ မင္းႀကီး၏ စီးေတာ္ဆင္ႏွင့္ အျခားဆင္မ်ားကို ေဖာင္ေပၚတင္၍ ကူးခိုင္းၿပီး အခ်ိဳ႕ဆင္မ်ားကို ျမ

စ္က်ဥ္းရာ ျမစ္ညာပိုင္းမွ ေရကူးသြားေစသည္။

စစ္သည္ေတာ္မ်ား၊ ျမင္းမ်ားႏွင့္ ရိကၡာ၊ ခဲယမ္းမီးေက်ာက္မ်ား သယ္လာသည့္ ဝန္တင္ႏြားမ်ားကို တံတားေပၚမွ ကူးေစ၍ ျမင္း

မ်ား၊ ႏြားမ်ား သဘာဝေျမျပင္တြင္ သြားရသကဲ့သို႔ျဖစ္ေအာင္ တံတားပ်ဥ္ခ်ပ္မ်ားေပၚတြင္ ျမက္ေျခာက္ႏွင့္ ေျမႀကီးမ်ား ခ

င္းထားသည္။

စစ္သည္အားလုံး ကူးျဖတ္ၿပီးသည္အထိ တံတားႀကီးမွာ ခိုင္ခန႔္ေနေသးသျဖင့္ မြန္ဗိသုကာ ပညာရွင္မ်ား၏ လက္စြမ္းကို မွန္းဆနိုင္မည္ျဖစ္

သလို သံလြင္ျမစ္ေပၚတြင္ပထမဆုံး တံတားထိုးနိုင္ခဲ့သူ မုတၱမၿမိဳ႕စား ေစာလကြန္းအိမ္ အေၾကာင္းကို မ်ိဳးဆက္သစ္မ်ား သိရွိနိုင္ပါရန္

တင္ျပလိုက္ပါသည္။

(ကိုးကား- အံ့ေက်ာ္(ေမာ္လၿမိဳင္)၏ ဒီပဲယင္းနယ္ဇာတိ ေက်ာ္ေလးေက်ာ္ ေတာင္ေလးလုံး ဆရာေတာ္ ဘဒၵႏၷာဂေသ

နာဘိဝံသ၏ တစ္ဘဝသာသနာႏွင့္ ေတာင္ေလးလုံး ေက်ာင္းတိုက္မ်ားသမိုင္း၊ ဓမၼဒါန၊ ၂၀၁၀၊ ေမာ္လၿမိဳင္)

Credit – ေအာင္ၿမိဳ႕