ပြည်တွင်းသတင်း

သင်္ဃန်းကျွန်းဆေးရုံဆေးရုံအတွက် (၂)လ တာ သိန်း(၂၀၀) ကျပ်ေ ပး ရ တဲ့ Tent မျိုး အင်းစိန်ေ ဆးရုံ နဲ့ အေ နာက် ပိုင်းဆေးရုံ မှာ ဆက် လက် လှူဒါန်းသွားဦးမယ် ဆိုတဲ့ ချစ်သုဝေ

ပည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ စိတ်သဘောထား နူးညံ့သိမ်မွေ့သူတစ်ယောက်ဖြစ်ပြီး အများအကျိုးကို သယ်ပိုးချင်စိတ်အပြည့်ရှိသူ ဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိမှာလည်း သူမရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ Covid 19 ထိန်းချုပ်ကုသရေးနဲ့အတူတူ အလုပ်တွေလုပ်ဆောင်နေပြီး အလှူရှင်တွေရဲ့ ငွေတွေကို အသုံးပြုပြီး တကယ်လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက်လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက သင်္ဃန်းကျွန်းဆေးရုံဆေးရုံအတွက် (၂)လတာ သိန်း(၂၀၀)ကျပ်ပေးရတဲ့ Tent မျိုး အင်းစိန်ဆေးရုံနဲ့ အနောက်ပိုင်းဆေးရုံမှာ ဆက်လက်လှူဒါန်းသွားဦး မယ်ဆိုတဲ့ အကြောင်း အခုလိုပဲ ပြော လာ ပါတယ်။


“လတ်တလောလိုအပ်ချက်အရ လူနာများထားနိုင်ဖို့ သင်္ဃန်းကျွန်းဆေးရုံမှာ ထပ်မံတည်ဆောက်လှူဒါန်းခဲ့သော ယာယီ Tent ဟာ ဒီနေ့မှာပဲ လူနာများစတင်ထားနိုင်ပါပြီ။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိလူနာတွေ (PUI) ကို Swab ယူပီး ဒီ Tent အတွင်းမှာ စောင့်ကြည့်လူနာများအဖြစ် ထား ရှိမှာပဲဖြစ်ပါတယ်။ Tent အတွင်းမှာ စောင့်ကြည့်လူနာများအတွက် သက်တောင့်သက်သာရှိနိုင်မယ့် ကုတင်၊ ရေ၊ မီး၊ Aircon နဲ့တကွ light partitionပါ အခန်3း0 ပါဝင်ပြီး mobileအိမ်သာအစရှိသည်တို့လည်းပါဝင်တာ ဖြစ်ပါတယ် (၂) လတာကာလဌါးရမ်းခ အပီးအစီးကို ကျပ်သိန်း (၂၀၀) ကျသင့် ပါ တယ်။ အခုဆို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှင့် သဃင်္န်းကျွန်းဆေးရုံ သို့လှူ ဒါန်းပြီးဖြစ်ပါ တယ်”


“ဆက်လက်၍လည်း အင်းစိန်းရေုံနှင့် အနေါက်ပိုင်းဆေးရုံတို့တွင်ခ လှူဒါန်းသွားဦးမှာ ဖြစ်ပါ၍ ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပြီ ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအတွက် စားသောက်ရေးအတွက်လည်း လှူဒါန်းချင်တာမို့ အလှူရှင်များအားလုံးကိုလည်း ထပ်မံနှိုးဆော်ပါရစေ။ခေတ်သစ်ဖောင်ဒေးရှင်း ရဲ့ အလှူရှင်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ အများအားနဲ့ နိုင်သလောက် ဝိုင်းဝန်းကူညီကြရအောင်” ဆိုပြီး အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောလာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါေ စလို့ဆုတောင်းပေးလိုက် ပါတယ်။


Source: Chit Thu Wai’s fb