မွှား မှ တစ်ဆင့်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်ပြည် အန်ဟွေးတွင် လူ (၁၀) ဦးသေဆုံး၊ (၆၇) ဦးကူးစက်ခံရ…
မွှား မှ တစ်ဆင့်ဖြစ်ပေါ်သော ဗိုင်းရပ်စ်ကူးစက်မှုအသစ်တစ်မျိုး တရုတ်နိုင်ငံအရှေ့ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနမှ ရေးသားချက်ကို ကိုးကားပြီး နိုင်ငံခြားမီဒီယာများတွေက ဖော်ပြပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ အန်ဟွေ့ နှင့် ချန်ဇု ပြည်နယ်များတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ အန်ဟွေ့တွင် လူပေါင်း ၂၃ ဦးကူးစက်ခံနေရသည်ဟု ရေးသားဖော်ပြပါတယ်။ အဆိုပါကူးစက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးကူးစက်မှုမှာ ၂၀၂၀ နှစ်အစပိုင်းကတည်းကဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ပထမဆုံးကူးစက်မှုအတွင်း ချန်ဇုပြည်နယ်ရှိ လူပေါင်း ၃၇ ဦးကူးစက်ခံခဲ့ရပါတယ်။
ချန်ဇုပြည်နယ်မြို့တော်၊ နန်ကျင်း ရှိ အမျိုးသမီးတစ်ဦးမှာ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အနီစက်များထွက်ပေါ်လာခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသခဲ့ရာတွင် အဆိုပါ ဗိုင်းရပ်စ် (SFTS) မှန်းသိရှိခဲ့ရပါတယ်။ တစ်လခန့်ကုသအပြီးတွင် ထိုအမျိုးသမီးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါတယ်။
အဆိုပါ SFTS ဗိုင်းရပ်စ်ကြောင့် အန်ဟွေး ရှိ လူပေါင်း (၁၀) ဦးတိတိသေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော် SFTS မှာ ဗိုင်းရပ်စ်အမျိုးအစားသစ်တစ်ခုတော့မဟုတ်ပေ။ ၂၀၁၁ ခုနှစ်ကတည်းက အဆိုပါဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး Bunyarvirus အမျိုးအစားထဲတွင်ပါဝင်သော အုပ်စုဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကျွမ်းကျင်သူ နှင့် ဓာတ်ခွဲခန်းရလာဒ်များအရ အဆိုပါ ဗိုင်းရပ်စ်သည် မွှားကောင် (Tick) များမှ တဆင့်လူခန္ဓာကိုယ်ထဲဝင်ရောက်နိုင်ပြီး လူမှလူသို့ကူးစက်နိုင် (human to human transmission) သောဗိုင်းရပ်စ်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရလာဒ်နှင့်ပတ်သက်ပြီး ရှင်ကျန်းတက္ကသိုလ် မှ ပါမောက္ခဒေါက်တာ ရှန်ကျိဖန် (Sheng Jifang) က မှတ်တမ်းမှတ်ရာနှင့်တကွရေးသားခဲ့ခြင်းဖြစ်ပြီး လူမှလူသို့ကူးစက်ရာတွင်အဓိကအရေးပါသောအချက်များမှာ တံတွေး၊ နှပ် နှင့် သလိပ် ကဲ့သို့ခန္ဓာကိုယ်မှထွက်လာသော အရည်များဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ ရှန် မှ ထပ်မံဖြည့်စွက်ပြောကြားရာတွင် SFTS ဗိုင်းရပ်စ်အဓိက ကူးစက်ရသောအချက်မှာ မွှားကောင်ကိုက်ခံရခြင်းမှဖြစ်ပြီး အနေအထိုင် (ကုသမှုခံယူခြင်း၊ တခြားသို့မကူးစက်အောင်နေထိုင်ခြင်း) ဆင်ခြင်သမျှ ကြောက်ရွံ့ရန်မလိုအပ်သလို၊ လက်ရှိဖြစ်နေသော ကိုရိုနာဗိုင်းရပ်စ် ကဲ့သို့ Pandemic ဖြစ်ရန်လည်း အလားအလာမရှိပါလို့ ဆိုပါတယ်။
#########################