နိုင္ငံတကာသတင္း

ဘယ္သူနဲ႔ျဖစ္ျဖစ္ထိုးသတ္ဖို႔ အဆင္သင့္ပဲ ဆုံးရႈံးသြားတဲ့ ခါးပတ္ေတြကို ျပန္ယူမယ္လို႔ ONE CEO ကိုဒဲ့ေျပာပီ

ဘယ္သူနဲ႔ျဖစ္ျဖစ္ထိုးသတ္ဖို႔ အဆင္သင့္ပဲ ဆုံးရႈံးသြားတဲ့ ခါးပတ္ေတြကို ျပန္ယူမယ္လို႔ ONE CEO ကိုဒဲ့ေျပာပီ

ေအာင္လအန္ဆန္သည္ လီအန္ဒ႐ိုအား အႏိုင္ရအၿပီးတြင္ Cage အျပင္ဘက္၌ရွိေနသည့္ ONE Championship ၏ CEO ခ်က္သရီဆစ္ယိုေထာင္း

ထံသြားေရာက္၍ စကားေျပာၾကားခဲ့ၿပီး ၎တို႔ေျပာၾကားသည့္အေၾကာင္းရင္းကို ႐ုပ္သံပရိသတ္မ်ား စိတ္ဝင္တစားရွိခဲ့သည္။

ယင္းအေၾကာင္းကိုလည္း ေအာင္လအန္ဆန္က ပြဲအၿပီးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။”ONE CEO ကို သြားေျပာခဲ့တာက

ကြၽန္ေတာ္ ဘယ္သူနဲ႔မဆို စိန္ေခၚထိုးသတ္ဖို႔အဆင္သင့္ပဲလို႔ ေျပာခဲ့တာပါ။ ကြၽန္ေတာ္ ခ်န္ပီယံျဖစ္တုန္းက ကြၽန္ေတာ္

နဲ႔ ထိုးသတ္ခ်င္တယ္လို႔ ေျပာခဲ့တဲ့သူေတြရွိပါတယ္။

ဝယ္လ္တာဝိတ္တန္းခ်န္ပီယံ အဘာ ေဆာ့ဗ္လည္းပါၿပီး ကြၽန္ေတာ္နဲ႔ထိုးသတ္ဖို႔ ေစာင့္ေနတယ္ဆိုၿပီး ေျပာဖူးပါတယ္။ အိုကာမီနဲ႔

ဆင္ေျပၿပီး ပြဲစီစဥ္လို႔ရတယ္လို႔ သြားေျပာခဲ့တာပါ”ဟု ေအာင္လအန္ဆန္က ဆိုသည္။

ေအာင္လအန္ဆန္သည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာ ၃၀ ရက္ႏွင့္ ယခုႏွစ္ ဧၿပီ ၂၉ ရက္က ထိုးသတ္သည့္ပြဲမ်ားတြင္ နယ္သာလန္ႏိုင္ငံသား

ဒီရစ္ဒါကို အေရးနိမ့္ၿပီး ONE မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံခါးပတ္ႏွစ္ခုစလုံး လက္လႊတ္ခဲ့ရသည္။

မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ခါးပတ္ လက္လႊတ္ခဲ့ရအၿပီး ကိုးလအၾကာတြင္ ပထမဆုံးထိုးသတ္ရသည့္ စိန္ေခၚပြဲ၌ ေအာင္လအန္ဆန္က

ဘရာဇီးႏိုင္ငံသား လီအန္ဒ႐ိုကို ပထမအခ်ီ သုံးမိနစ္ ၄၅ စကၠန႔္တြင္ အလဲထိုး အႏိုင္ရခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ေအာင္လအန္ဆန္အေနျဖင့္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုအား တစ္ေက်ာ့ျပန္ရယူႏိုင္မည့္ အခြင့္အေရးရွိလာခဲ့ၿပီး လက္ရွိ

ခ်န္ပီယံ ဒီရစ္ဒါကို စိန္ေခၚခြင့္ရရန္ နီးစပ္လာၿပီျဖစ္သည္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ေအာင္လအန္ဆန္သည္ MMA ကစားသမားဘဝ ပြဲ ၄၀ တြင္ ၂၇ ပြဲေျမာက္ ႏိုင္ပြဲရယူႏိုင္ခဲ့ျခင္းျဖစ္သည္။ေအာင္လ

အန္ဆန္သည္ လီအန္ဒ႐ိုႏွင့္ ပထမဆုံးေတြ႕ဆုံသည့္ပြဲတြင္ အလဲထိုး အႏိုင္ရခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္အတြက္ ပထမဆုံးႏိုင္ပြဲရရွိခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္အေျခ အေနေၾကာင့္ ေအာင္လအန္ဆန္အေနျဖင့္ ၂၀၂၀ ေနာက္ပိုင္း သုံးပြဲသာ ထိုးသတ္ရေသးၿပီး ၂၀၂၀ ျပည့္ႏွစ္တြင္ တ

စ္ပြဲ၊ ယခုႏွစ္တြင္ ႏွစ္ပြဲ ထိုးသတ္ထားျခင္းျဖစ္သည္။

ေအာင္လအန္ဆန္သည္ ဒီရစ္ဒါႏွင့္ ဒုတိယအႀကိမ္ ေတြ႕ဆုံသည့္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲၿပီးကတည္းက ယခုပြဲအ

တြက္ ျပင္ဆင္ခဲ့ၿပီး ရလဒ္ေကာင္း ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။

ေအာင္လအန္ဆန္သည္ ၂၀၁၄ ခုႏွစ္တြင္ ONE Championship ႏွင့္ စတင္လက္တြဲခဲ့ၿပီး စိန္ေခၚပြဲမ်ား၊ ကမာၻ႔ခ်န္ပီယံလုပြဲႏွင့္ ကမာၻ႔ခ်န္ပီ

ယံကာကြယ္ပြဲမ်ားအပါအဝင္ စုစုေပါင္း ၁၅ ပြဲ ထိုးသတ္ထားေၾကာင္း သိရသည္။

Unciode

ဘယ်သူနဲ့ဖြစ်ဖြစ်ထိုးသတ်ဖို့ အဆင်သင့်ပဲ ဆုံးရှုံးသွားတဲ့ ခါးပတ်တွေကို ပြန်ယူမယ်လို့ ONE CEO ကိုဒဲ့ပြောပီ

အောင်လအန်ဆန်သည် လီအန်ဒရိုအား အနိုင်ရအပြီးတွင် Cage အပြင်ဘက်၌ရှိနေသည့် ONE Championship ၏ CEO ချက်သရီဆစ်

ယိုထောင်းထံသွားရောက်၍ စကားပြောကြားခဲ့ပြီး ၎င်းတို့ပြောကြားသည့်အကြောင်းရင်းကို ရုပ်သံပရိသတ်များ စိတ်ဝင်တစားရှိခဲ့သည်။

ယင်းအကြောင်းကိုလည်း အောင်လအန်ဆန်က ပွဲအပြီးတွင် ထည့်သွင်းပြောကြားခဲ့သည်။”ONE CEO ကို သွားပြောခဲ့တာက ကျွန်တော်

ဘယ်သူနဲ့မဆို စိန်ခေါ်ထိုးသတ်ဖို့အဆင်သင့်ပဲလို့ ပြောခဲ့တာပါ။ ကျွန်တော် ချန်ပီယံဖြစ်တုန်းက ကျွန်တော်နဲ့ ထိုးသတ်ချင်တယ်လို့ ပြောခဲ့

တဲ့သူတွေရှိပါတယ်။

ဝယ်လ်တာဝိတ်တန်းချန်ပီယံ အဘာ ဆော့ဗ်လည်းပါပြီး ကျွန်တော်နဲ့ထိုးသတ်ဖို့ စောင့်နေတယ်ဆိုပြီး ပြောဖူးပါတယ်။ အိုကာမီနဲ့ ဘစ်ဒက်

ရှ်တို့လည်း ပြောဖူးပါတယ်။ ဘစ်ဒက်ရှ်နဲ့ သုံးကြိမ်မြောက်ထိုးသတ်လို့လည်း အဆင်ပြေပါတယ်။ ဘယ်သူနဲ့မဆိုထိုးသတ်ဖို့ အဆင်ပြေပြီး ပွဲ

စီစဉ်လို့ရတယ်လို့ သွားပြောခဲ့တာပါ”ဟု အောင်လအန်ဆန်က ဆိုသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃၀ ရက်နှင့် ယခုနှစ် ဧပြီ ၂၉ ရက်က ထိုးသတ်သည့်ပွဲများတွင် နယ်သာလန်နိုင်ငံသား

ဒီရစ်ဒါကို အရေးနိမ့်ပြီး ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုစလုံး လက်လွှတ်ခဲ့ရသည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ် လက်လွှတ်ခဲ့ရအပြီး ကိုးလအကြာတွင် ပထမဆုံးထိုးသတ်ရသည့် စိန်ခေါ်ပွဲ၌ အောင်လအန်ဆန်

က ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို ပထမအချီ သုံးမိနစ် ၄၅ စက္ကန့်တွင် အလဲထိုး အနိုင်ရခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်မည့် အခွင့်အရေးရှိလာခဲ့ပြီး လက်ရှိ

ချန်ပီယံ ဒီရစ်ဒါကို စိန်ခေါ်ခွင့်ရရန် နီးစပ်လာပြီဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် MMA ကစားသမားဘဝ ပွဲ ၄၀ တွင် ၂၇ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။အောင်လ

အန်ဆန်သည် လီအန်ဒရိုနှင့် ပထမဆုံးတွေ့ဆုံသည့်ပွဲတွင် အလဲထိုး အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် အောင်လအန်ဆန်အနေဖြင့် ၂၀၂၀ နောက်ပိုင်း သုံးပွဲသာ ထိုးသတ်ရသေးပြီး ၂၀၂၀ ပြည့်နှစ်တွင် တစ်

ပွဲ၊ ယခုနှစ်တွင် နှစ်ပွဲ ထိုးသတ်ထားခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ဒီရစ်ဒါနှင့် ဒုတိယအကြိမ် တွေ့ဆုံသည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲပြီးကတည်းက ယခုပွဲ

အတွက် ပြင်ဆင်ခဲ့ပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်တွင် ONE Championship နှင့် စတင်လက်တွဲခဲ့ပြီး စိန်ခေါ်ပွဲများ၊ ကမ္ဘာ့ချန်ပီယံလုပွဲနှင့် ကမ္ဘာ့

ချန်ပီယံကာကွယ်ပွဲများအပါအဝင် စုစုပေါင်း ၁၅ ပွဲ ထိုးသတ်ထားကြောင်း သိရသည်။

crd