ပြည်တွင်းသတင်း

ကျန်းမာရေးဝန်ထမ်းတဦးရဲ့ အလွန်လေးစားဖို့ကောင်းတဲ့ လုပ်ရပ်တခု (လူမသိသေးတဲ့ အဖြစ်အပျက်)

လေးစားပါတယ် ဒေါက်တာခင်မာစိုး ပြည်သူကျမ်းမာရေးဌာန မအူပင်မြို့။

လူ ကို လူကပဲ စောင့်ရှောက်နိုင်မယ်.. မရေးတော့ဘူးလို့နေမလို့ပဲ၊ လူမသိတဲ့ အဖြစ်ပျက်တွေက ရင်ထဲပြည့်နေလို့..

မနက်ခင်းတိုင်း မှာ +တွေ့ရင် ခေါ်ပြီး ဆေးရုံပို့ကြ။ ဂိတ်က Q ဝင်မယ့်သူခေါ်ကြ။ Q ရက်ပြည့် ရှိရင်ပြန်ပို့ကြ ၊ ထမင်းသမားတွေက ထမင်းပို့၊ ရုံးအဖွဲ့တွေက ငွေလက်ခံ၊ စာရင်းလုပ် ဒီလိုပဲ ကိုယ့်တာဝန်တွေနဲ့ကိုယ် နေ့စဉ်လည်ပတ်နေကြတာ ပုံမှန်ဖြစ်စဉ်ထက်မပိုသလိုပဲ သွားနေကြတယ်..

ဒါပေမယ့် ဒီမနက် ပို့ရမယ့် +က ရင်ခွင်ပိုက်အရွယ်ကလေး။ ကလေးမှာ တွေ့လို့ ပို့ရတာမျိုးမဟုတ် ဇတ်လမ်းက အမေမှာတွေ့ထားလို့ အမေက ဆေးရုံမှာ။ ကလေးက အဘွား နဲ့ Q ဝင်နေရင်း + တွေ့တာ။ +ဖြစ်လို့ ကလေးအတွက် ဝမ်းနည်းရမှာလား အမေနဲ့ပြန်ဆုံကြလို့ဝမ်းသာရမှာလား ဝေခွဲမရခဲ့ဘူး။ ပြသနာက ဒီကလေးကို ထွေးပွေ့ပြီး ဆေးရုံကို ဘယ်သူပို့မှာလည်း..?

အရင် +မှန်သမျှက လူကြီးတွေဆိုတော့ ကားတံခါးဖွင့်ပေးရုံ။ အခုက အမေက ဆေးရုံမှာ ကလေးကတစ်နေရာ ဒါနဲ့ သူ့အမေကို အရင်ဆေးရုံကသွားပြန်ခေါ်ပြီး ကလေးကိုချီခိုင်းမယ် စိတ်ကူးမိပေမယ့် စည်းကမ်းအရ မရပါတဲ့ ဒီတော့ နေလင်းအောင်က ချီပေးမယ်ဆိုသော်လည်း Q ဝင်ရမယ်ဆိုတော့ မဖြစ်ပြန် ။ ဒါနဲ့ အစ်မ (ဒေါက်တာခင်မာစိုး) က လာသာလာခဲ့ သူစီစဉ်ထားပြီးပြီဆိုလို့ ကလေးရှိရာ Q ကို ရောက်သွားတယ်။

အပြင်ကစောင့်နေရင်း PPE နဲ့ ကလေးကို တစ်ယောက်က လက်တစ်ဘက်ကချီ လက်တစ်ဘက်က အထုပ်ဆွဲပြီးထွက်လာတာမြင်တော့ ကားတံခါးဖွင့်၊ မှတ်တမ်းယူ ဒီအထိ ပုံမှန်ပါပဲ ခံစားချက်က။ ကားအရှေ့ခန်းကနေ တောင်ကြည့်လိုက်သေးတယ် PPE ဝတ်ထားပြီးကလေးကို ပေါင်ပေါ်တင်ထားရင်း လက်တစ်ဘက်ကနေ စက္ကူစလေးနဲ့ ချော့မြူနေတာမြင်ရတယ်။ ဒီအထိလည်း တာဝန်ပေးခံရတဲ့ ဆရာမတစ်ယောက်လို့ပဲထင်တာ။

ဒါနဲ့ ကားထွက်လာပြီဆိုတာ အစ်မ (ဒေါက်တာခင်မာစိုး) ကို သတင်းပို့ဖို့ ဖုန်းဆက်တော့ မှ တစ်ဘက်ကဖုန်းကိုင်တဲ့ အသံက အစ်မမဟုတ်ဘူး။ ဒီတော့မှ ကားနောက်ခန်းထဲ သေချာမှန်ပေါက်ဝါးတားတားကနေကြည့် မိတော့မှ ရင်ထဲ တစ်မျိုးကြီးခံစားလိုက်ရတယ်။

ကျွန်တော်တွေးနေမိတယ်.. တပည့်တွေကို လုံးဝအန္တရာယ်ဖြစ်နိုင်မယ့်နည်းလမ်းကို ပေးမလျောက်တာ ခေါင်းဆောင်စိတ်ဓါတ်၊ ကလေးကို ကြုံတဲ့လူစိမ်းက PPE ကြီးဝတ်ပြီး ဝတ်ကျေတန်းကျေ ခေါ်သွားလို့ လမ်းမှာကလေးလန့်သွားမှာ မလိုလားတဲ့ မိခင်စိတ်.. အဲဒိနှစ်ခုစလုံးကိုမြင်လိုက်ရတယ်။

ကျွန်တော့်အတွက် ဒီကိုဗစ်ကာလမှာ ဒီနေ့ဟာ ပုံမှန်ဖြစ်စဉ်မျိုးမဟုတ်ဘူး။ လူသားဆန်တဲ့ အပြုမူကို အနီးကပ်မြင်လိုက်ရတဲ့နေ့ပါ။ ဗီဒီယိုဖိုင်လေး မှာ ကလေးကိုချော့နေတာ၊ကလေးနဲ့အထုပ်ဆွဲထွက်လာတာ၊ ကားပေါ်ကဆင်းပြီး ward ထဲကိုချီပြီးဝင်သွားတာတွေဟာ ကြည့်မိတိုင်း ခံစားရပါတယ်။

အားလုံးရဲ့ မေတ္တာတွေကြောင့် +ဖြစ်နေသူတွေအားလုံး အိမ်အမြန်ပြန်ရပြီး ကွဲကွာနေတဲ့ မိသားစုတိုင်း ပြန်ဆုံကြပါစေ..

Than Htike Aung