အနုပညာသတင္း

ေမြးေန႔ဆုေတာင္းေပးတဲ့ပရိတ္သတ္ေတြကို ေက်းဇူးတင္စကားေျပာဖုိ႔ ရွက္ေနတဲ့ သားေလးကို သေဘာက်ေနတဲ့ ထူးအယ္လင္း…

ေမြးေန႔ဆုေတာင္းေပးတဲ့ပရိတ္သတ္ေတြကို ေက်းဇူးတင္စကားေျပာဖုိ႔ ရွက္ေနတဲ့ သားေလးကို သေဘာက်ေနတဲ့ ထူးအ

ယ္လင္း…

အဆိုေတာ္ ထူးအယ္လင္းကေတာ့ ဒီကာလမွာ ျမန္မာႏိုင္ငံေနရာအႏွံ႔အျပားကို သြားေရာက္ၿပီး လိုအပ္ေနတဲ့ ျပည္သူေတြကို

သြားေရာက္ကူညီေပးေနတာ ျဖစ္ပါတယ္။ မၾကာေသးခင္ရက္ပိုင္းေလာက္က ကခ်င္ျပည္နယ္ ျမစ္ႀကီးနားသို႔ သြားေရာက္ၿပီး

စစ္ေဘးေရွာင္စခန္းက ျပည္သူေတြအတြက္ စားနပ္ရိကၡာမ်ား သြားေရာက္လႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။ မေန႔ကမွ ရန္ကုန္ကို ျပ

န္ေရာက္ခဲ့ၿပီး လမ္းမွာႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကို live လႊင့္ရင္း ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။

ခရီးသြားေနရင္း အျမန္လမ္းတစ္ေနရာမွာ အက္ဆီးဒင့္တစ္ခုျဖစ္ခဲ့ေပမယ့္လည္း ကံေကာင္းေထာက္မစြာျဖင့္အသက္ေဘးမွ ကင္း

လြတ္ခဲ့ေၾကာင္းနဲ႔ လမ္းတစ္ေလွ်ာက္မွာလည္း မိတ္ေဆြေကာင္းမ်ားရဲ႕ ေက်းဇူးေၾကာင့္ ကိစၥတိုင္း အဆင္ေျပ

သြားခဲ့ေၾကာင္းကိုလည္း ေျပာထားပါတယ္။

မေန႔က သူ႔သားအႀကီးဆုံးရဲ႕ေမြးေန႔ျဖစ္တာေၾကာင့္ ထူးအယ္လင္းရဲ႕ live တြင္ သားကို ေမြးေန႔ဆုေတာင္းေပးၾက

သူမ်ားလည္း ရွိခဲ့ပါတယ္။ ထူးအယ္လင္းမွ ေမြးေန႔ဆုေတာင္းေပးသူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခိုင္းတဲ့အခါ

မွာ သားေလးမွ ရွက္ေနတဲ့ ပုံစံေလးနဲ႔ Thank you လို႔ ေျပာေနတာကိုလည္း အသည္းယားဖြယ္ ျမင္ေတြ႕ၾကရမွာပါ။

စက္တင္ဘာ (၁) ရက္ေန႔ဟာ သားအႀကီးဆုံးရဲ႕ ေမြးေန႔ျဖစ္ၿပီး ေအာက္တိုဘာ (၂၂) ရက္ေန႔တြင္လည္း သမီးႀကီးေမြးေန႔ျဖ

စ္ေၾကာင္း live ထဲတြင္ မေမ့မေလ်ာ့ ေျပာထားတာကို ျမင္ေတြ႕လိုက္ရတဲ့အတြက္ သားသမီးေတြကိုအေလးထားခ်စ္ခင္တတ္တဲ့ ဖခ

င္တစ္ဦးရဲ႕ ႀကီးမားတဲ့ ေမတၱာတရားေတြကို သိျမင္လိုက္ရပါတယ္။ ထူးအယ္လင္းတစ္ေယာက္ ျပည္သူေတြလိုအပ္တဲ့ အရာတိုင္း ကူ

ညီေထာက္ပံ့ေပးႏိုင္သူတစ္ေယာက္အျဖစ္နဲ႔သာမက ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးနဲ႔ တစ္သက္လုံး အတူရွိႏိုင္ပါေစလို႔ ဆုေ

တာင္းရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ရပါတယ္။


Source and Photo Crd-Htoo El Lynn’s Facebook Account

crd : MM Load

Unicode

မွေးနေ့ဆုတောင်းပေးတဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောဖို့ ရှက်နေတဲ့ သားလေးကို သဘောကျနေတဲ့ ထူးအယ်လင်း…

အဆိုတော် ထူးအယ်လင်းကတော့ ဒီကာလမှာ မြန်မာနိုင်ငံနေရာအနှံ့အပြားကို သွားရောက်ပြီး လိုအပ်နေတဲ့ ပြည်သူတွေကို သွားရောက်

ကူညီပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်ပြီး စစ်ဘေးရှောင်စခန်းက

ပြည်သူတွေအတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ မနေ့ကမှ ရန်ကုန်ကို ပြန်ရောက်ခဲ့ပြီး လမ်းမှာကြုံတွေ့ခဲ့

ရတဲ့ အခက်အခဲတွေကို live လွှင့်ရင်း ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားနေရင်း အမြန်လမ်းတစ်နေရာမှာ အက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကံကောင်းထောက်မစွာဖြင့်အသက်ဘေးမှ ကင်းလွတ်ခဲ့

ကြောင်းနဲ့ လမ်းတစ်လျှောက်မှာလည်း မိတ်ဆွေကောင်းများရဲ့ ကျေးဇူးကြောင့် ကိစ္စတိုင်း အဆင်ပြေသွားခဲ့ကြောင်းကိုလည်း ပြောထားပါ

တယ်။

မနေ့က သူ့သားအကြီးဆုံးရဲ့မွေးနေ့ဖြစ်တာကြောင့် ထူးအယ်လင်းရဲ့ live တွင် သားကို မွေးနေ့ဆုတောင်းပေးကြသူများလည်း ရှိခဲ့ပါတယ်။

ထူးအယ်လင်းမှ မွေးနေ့ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောခိုင်းတဲ့အခါမှာ သားလေးမှ ရှက်နေတဲ့ ပုံစံလေးနဲ့ Thank you

လို့ ပြောနေတာကိုလည်း အသည်းယားဖွယ် မြင်တွေ့ကြရမှာပါ။

စက်တင်ဘာ (၁) ရက်နေ့ဟာ သားအကြီးဆုံးရဲ့ မွေးနေ့ဖြစ်ပြီး အောက်တိုဘာ (၂၂) ရက်နေ့တွင်လည်း သမီးကြီးမွေးနေ့ဖြစ်ကြောင်း live

ထဲတွင် မမေ့မလျော့ ပြောထားတာကို မြင်တွေ့လိုက်ရတဲ့အတွက် သားသမီးတွေကိုအလေးထားချစ်ခင်တတ်တဲ့ ဖခင်တစ်ဦးရဲ့ ကြီးမားတဲ့

မေတ္တာတရားတွေကို သိမြင်လိုက်ရပါတယ်။ ထူးအယ်လင်းတစ်ယောက် ပြည်သူတွေလိုအပ်တဲ့ အရာတိုင်း ကူညီထောက်ပံ့ပေးနိုင်သူတစ်

ယောက်အဖြစ်နဲ့သာမက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ တစ်သက်လုံး အတူရှိနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်

ပေးလိုက်ရပါတယ်။

Source and Photo Crd-Htoo El Lynn’s Facebook Account

crd : MM Load