အနုပညာသတင္း

အဆင့်အလိုက် ထိုင်းနိုင်ငံရဲ့ ကြေးအကြီးဆုံးမင်းသမီးတွေအဖြစ် ဆက်လက်ကြီးစိုးနေသူ (၅) ဦး

ထိုင်းနိုင်ငံရဲ့ အနုပညာလောကထဲက ပွဲအခမ်းအနား၊ ရုပ်ရှင်ရိုက်ကူးရေး၊ ကြော်ငြာနှုန်းထား စသဖြင့် အဖက်ဖက်က ငှားရမ်းရတဲ့နှုန်းထားတွေကို မူတည်ပြီး ကြေးအကြီးသရုပ်ဆောင်တွေကို ဆန်းစစ်ခဲ့ကြပါတယ်။

ထုံးစံအတိုင်း အောက်ဖော်ပြပါ မင်းသမီး (၅) ယောက်ကတော့ ကြော်ငြာရိုက်ကူးခနဲ့ အခမ်းအနားပွဲတက်ဖို့ ငှါးရမ်းတွေပေါ် မူတည်ပြီး အဆင့်အလိုက် ကြေးအကြီးဆုံးမင်းသမီးတွေအဖြစ် နေရာယူထားဆဲပါပဲ။

Bella Ranee

အဆင့် (၅) နေရာမှာ ရပ်တည်နေသူလေးကတော့ ထိပ်တန်းမင်းသမ‌ီးချော Bella Ranee ပါ။ ဇာတ်လမ်း၊ ရုပ်ရှင်က‌စပြီး စီးပွားရေးလုပ်ငန်းတွေဖက်မှာပါ အများကလိုချင်တဲ့ အောင်မြင်ကျော်ကြားသူလေးပါ။

နှုန်းထားတွေအရ Bella Ranee ကို ငှါးရမ်းမယ်ဆိုရင် ပြည်တွင်းပွဲတွေအတွက် 150,000 baht ပေးရပြီး ကြော်ငြာရိုက်ကူးခတွေအတွက် တစ်ခုကို အနည်းဆုံး 8 million baht အထိပေးချေရပါတယ်။

Mai Davika

မင်းသမီးချော Mai Davika ကလည်း အဆင့် (၄) နေရာမှာရောက်နေတဲ့အထိ ငှါးရမ်းခမြင့်ပါတယ်။ ဇာတ်လမ်းတွဲ၊ ကြော်ငြာ၊ ပွဲအခမ်းအနား စသဖြင့် Davika ကို ငှါးရမ်းမယ်ဆိုရင် ကြေးအကြီးကြီးပေးရပါတယ်။

ဆန်းစစ်ချက်တွေအရ ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်ဖို့ 200,000 baht ထက်မနည်း ပေးချေရပြီး ကြော်ငြာရိုက်ကူးရေးတစ်ခုအတွက် 8 million baht ကျော်နဲ့ ငှါးရမ်းရပါတယ်။

Yaya Urassaya

ထိုင်းနိုင်ငံရဲ့ “ကြော်ငြာဘုရင်မ” အဖြစ် တင်စားခံထားရသူလေး Yaya Urassaya ကတော့ စီးပွားထုတ်ကုန်ကမ်းလှမ်းမှုပေါင်းများစွာကို လက်ခံထားပါတယ်။ ၂၀၂၁ အစောပိုင်း ၆လ မှာတင် Brand အသစ် အခု (၂၀) နဲ့ စာချုပ်ချုပ်ထားခဲ့ပါတယ်။

ပြည်ပက ပွဲတွေအထိပါ တက်ရောက်ရသူလေး Yaya ရဲ့ ငှားရမ်းခကတော့ ပွဲတစ်ခုအတွက် 300,000 baht၊ ကြော်ငြာရိုက်ကူးရေးတစ်ခုအတွက် 9 million baht ကျော်နဲ့ ငှါးရမ်းရပါတယ်။

Chompoo Araya

“ဖက်ရှင်ဘုရင်မ” အဖြစ် တင်စားခံထားရသူ Chompoo Araya ကတော့ ငယ်စဉ်ကတည်းက သရုပ်ဆောင်မင်းသမီးဖြစ်လာတာမို့လို့ လက်ရှိမှာ ကြေးအကြီးဆုံးထိပ်တန်းမင်းသမီးလည်း ဖြစ်နေပါတယ်။ Chompoo Araya ရဲ့ ကျော်ကြားမှုက လွန်စွာမြင့်မားတာကြောင့် ငွေကြေးများစွာပေးချေပြီးကို ငှါးရမ်းရပါတယ်။

လက်ထပ်ပြီးနောက် အမြွှာလေးတွေကို ပြုစုပျိုးထောင်နေရတာကြောင့် ရိုက်ကူးရေးတွေကနေ ခေတ္တအနားယူထားပေမဲ့ ပြည်ပက ပွဲအခမ်းအနားတွေကိုတော့ မကြာခဏတက်ရောက်လေ့ရှိပါတယ်။

စစ်တမ်းတွေအရ Chompoo Araya ကို ငှါးရမ်းမယ်ဆိုရင် ပွဲအခမ်းအနားတစ်ခုကို 300,000 baht ထက်မနည်း ပေးရပြီး ကြော်ငြာရိုက်ကူးမှုတစ်ခုကို 10 million baht အထိ အမြောက်အမြားပေးရပါတယ်။

Aum Patcharapa

“ဖျော်ဖြေရေး ဘုရင်မ” ဖြစ်သူ Aum Patchrapa ကတော့ ကြေးအကြီးဆုံးမင်းသမီးအဖြစ် အဆင့် (၁) နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ကြေးအမြင့်ဆုံးပေးရတဲ့ ထိပ်တန်းမင်းသမီးဖြစ်ပြီး သူ့နာမည်ကို ခိုင်မြဲစွာမှတ်တမ်းတင်ထားနိုင်သူဖြစ်တာကြောင့် နောက်ထပ် “Aum Patchrapa” ဆိုပြီး တင်စားလို့မရအောင်အထိကို အမြင့်‌ဆုံးမှာ ရောက်နေတာပါ။

Brand တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ပွဲကိုတက်ရောက်ဖို့ Aum ကို 300,000 – 400,000 baht အထိ ပေးဆောင်ရပြီး ကြော်ငြာရိုက်ကူးမှုတစ်ခုဆိုရင်လည်း 12 – 15 million baht ကျော်အထိ ပေးချေရတာဖြစ်ပါတယ်။ မနည်းလှတဲ့ငှါးရမ်းခဖြစ်တာကြောင့် Aum ဟာ အခုချိန်ထိလည်း ကြေးအကြီးဆုံး နံပါတ် (၁) မင်းသမီးဖြစ်နေဆဲပါ။

Source: ThaiDaily
Photos: ThaiDaily
Translated by Julix