လူတစ်ဦးအနေဖြင့် ဗီတာမင်-ဒီ ဓာတ် လုံလောက်စွာရရှိနေမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုသာမက ကူးစက်ပြီးနောက် သေဆုံးမှုနှုန်းကိုပါ လျော့ကျစေနိုင်ကြောင်း အမေရိကန်သုတေသီများ၏ နောက်ဆုံးတွေ့ရှိ ချက်အရ သိရသည်။
ခုခံအားစနစ်တိုးပွား
ဗီတာမင်-ဒီ ပမာဏ လုံလောက်စွာရရှိလာ သူများမှာ ရောင်ရမ်းမှုလျော့ကျလာရုံမျှမက သွေးအတွင်း ခုခံမှုစနစ်ကိုပါ သိသိသာသာ တိုးပွားလာကြောင်း ဘော်စတွန်တက္ကသိုလ်က လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအချို့မှာ ဗီတာမင်-ဒီ ဓာတ် မလုံလောက်မှုမှတစ်ဆင့် သွေးအတွင်း သွေးဖြူဥဆဲလ်များ အများအပြားထွက်လာ ခြင်းကြောင့် ခုခံအားစနစ်ပါထိုးကျကာ သေဆုံးကြရခြင်းဖြစ်သည်။
ကူးစက်မှုနှင့် သေဆုံးမှုနှစ်မျိုးစလုံး ကာကွယ်
လူနာ ၂၃၅ ဦးကို ဗီတာမင်-ဒီ တိုက်ကျွေး ပြီးနောက် သွေးနမူနာယူကာ ယခုထုတ်ပြန် ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အသက် ၄၀ နှစ်အထက် လူနာများအား စမ်းသပ်ခဲ့ ရာတွင် ဗီတာမင်-ဒီ ပမာဏ လုံလောက်စွာ ရရှိသူများသည် မရရှိသူများထက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု ၅၁ ရာခိုင်နှုန်းနှင့် ကူးစက်မှုနှုန်း ၅၄ ရာခိုင်နှုန်း လျော့ကျရုံ သာမက အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ဖြစ်ပွားမှုကိုပါ ကာကွယ် နိုင်သည်ဆိုသည့်အချက်ကို လေ့လာတွေ့ရှိ ခဲ့ရကြောင်း ဒေါက်တာ မိုက်ကယ်ဟော်လစ် က ပြောကြားခဲ့သည်။ ဒေါက်တာ မိုက်ကယ် ဟော်လစ်က “လူအများအပြား ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးကြရတယ်။ ရောဂါ ပြင်းထန်ကြရတယ်ဆိုတာဟာ အမေရိကန် နိုင်ငံအပါအဝင် နိုင်ငံအတော်များများမှ လူတွေက ဗီတာမင်-ဒီ ဓာတ်မပြည့်ဝတာ၊ မလုံလောက်တာမျိုးတွေကြောင့်က အဓိက အကြောင်းရင်းတစ်ရပ်”ဟု ရှင်းပြသည်။
zawgyi
ဗီတာမင္-ဒီ လုံေလာက္သည့္ ပမာဏရရွိပါက ကိုဗစ္ေရာဂါကူးစက္မႈႏွင့္ ေသဆုံးမႈတို႔ကို တစ္ၿပိဳင္နက္တည္း ကာကြယ္ႏိုင္ဟုဆို
နယူးေယာက္ စက္တင္ဘာ ၂၆
လူတစ္ဦးအေနျဖင့္ ဗီတာမင္-ဒီ ဓာတ္ လုံေလာက္စြာရရွိေနမည္ဆိုပါက ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈကိုသာမက ကူးစက္ၿပီးေနာက္ ေသဆုံးမႈႏႈန္းကိုပါ ေလ်ာ့က်ေစႏိုင္ေၾကာင္း အေမရိကန္သုေတသီမ်ား၏ ေနာက္ဆုံးေတြ႕ရွိ ခ်က္အရ သိရသည္။
ခုခံအားစနစ္တိုးပြား
ဗီတာမင္-ဒီ ပမာဏ လုံေလာက္စြာရရွိလာ သူမ်ားမွာ ေရာင္ရမ္းမႈေလ်ာ့က်လာ႐ုံမွ်မက ေသြးအတြင္း ခုခံမႈစနစ္ကိုပါ သိသိသာသာ တိုးပြားလာေၾကာင္း ေဘာ္စတြန္တကၠသိုလ္က ေလ့လာေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားသူအခ်ိဳ႕မွာ ဗီတာမင္-ဒီ ဓာတ္ မလုံေလာက္မႈမွတစ္ဆင့္ ေသြးအတြင္း ေသြးျဖဴဥဆဲလ္မ်ား အမ်ားအျပားထြက္လာ ျခင္းေၾကာင့္ ခုခံအားစနစ္ပါထိုးက်ကာ ေသဆုံးၾကရျခင္းျဖစ္သည္။
ကူးစက္မႈႏွင့္ ေသဆုံးမႈႏွစ္မ်ိဳးစလုံး ကာကြယ္
လူနာ ၂၃၅ ဦးကို ဗီတာမင္-ဒီ တိုက္ေကြၽး ၿပီးေနာက္ ေသြးနမူနာယူကာ ယခုထုတ္ျပန္ ခ်က္ကို အတည္ျပဳခဲ့ျခင္းျဖစ္သည္။ အသက္ ၄၀ ႏွစ္အထက္ လူနာမ်ားအား စမ္းသပ္ခဲ့ ရာတြင္ ဗီတာမင္-ဒီ ပမာဏ လုံေလာက္စြာ ရရွိသူမ်ားသည္ မရရွိသူမ်ားထက္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးမႈ ၅၁ ရာခိုင္ႏႈန္းႏွင့္ ကူးစက္မႈႏႈန္း ၅၄ ရာခိုင္ႏႈန္း ေလ်ာ့က်႐ုံ သာမက အျခားအသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါမ်ား ျဖစ္ပြားမႈကိုပါ ကာကြယ္ ႏိုင္သည္ဆိုသည့္အခ်က္ကို ေလ့လာေတြ႕ရွိ ခဲ့ရေၾကာင္း ေဒါက္တာ မိုက္ကယ္ေဟာ္လစ္ က ေျပာၾကားခဲ့သည္။ ေဒါက္တာ မိုက္ကယ္ ေဟာ္လစ္က “လူအမ်ားအျပား ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးၾကရတယ္။ ေရာဂါ ျပင္းထန္ၾကရတယ္ဆိုတာဟာ အေမရိကန္ ႏိုင္ငံအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွ လူေတြက ဗီတာမင္-ဒီ ဓာတ္မျပည့္ဝတာ၊ မလုံေလာက္တာမ်ိဳးေတြေၾကာင့္က အဓိက အေၾကာင္းရင္းတစ္ရပ္”ဟု ရွင္းျပသည္။
ကိုးကား- စကိုင္းနယူးစ္