News

ကင်ဆာရောဂါဖြစ်၍ ဂတုံးတုံးလိုက်ရသောသမ္မီးလေးကို အထီးမကျန်ရအောင် မိမိပါဂတုံးတုံးလိုက်သော မိခင်တစ်ဦး၏ချစ်ခြင်းမေတ္တာ

Zawgyi


 


JRose (KBdailynews)

Unicode

အသက် ၃၁ နှစ်အရွယ် ဘရာဇီးလူမျိုး Luciana Rebello အမည်ရှိ အမျိုးသမီးဟာ ဆံပင်တိုနဲ့ မိန်းကလေးအဖြစ် ပြောင်းလဲသွားတဲ့ သူမရဲ့ အဖြစ်ကို ဝေမျှလာခဲ့ပါတယ် ။ သူမဟာ ကင်ဆာရောဂါခံနေရတာကြောင့် ဆံပင်တွေကျွတ်ကုန်ပြီး မိခင်က သူမရဲ့ဆံပင်ကို ရိတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူမအမေက ဆံပင်မရိတ်ခင်အထိ အရာအားလုံးဟာ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ ပုံရပေမယ့် သိပ်မကြာခင်မှာပဲ သူမရဲ့မိခင်က ရုတ်တရက် ညှပ်စက်နဲ့ သူမရဲ့ ဆံပင်ကို ရိတ်လိုက်ပါတယ် ။ Luciana က စကားတစ်ခွန်းမှမပြောဘဲ သူ့အမေရဲ့ချစ်ခြင်းမေတ္တာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့ပါတယ် ။

ဆံပင်မရှိတဲ့ လူတစ်ယောက်က ဘယ်လောက် အထီးကျန်တယ်ဆိုတာ သူ့သမီးကို မခံစားစေချင်တာကြောင့် ဖြစ်ပါတယ် ။ နောက်ပြီး Luciana က ချက်ချင်းပင် သူမမျက်လုံးမှ မျက်ရည်များစီးကျလာခဲ့ပါနယ် ။ သူမအမေရဲ့ဆံပင်ရိတ်ခြင်းကို သူငေးကြည့်နေစဉ် မိခင်က နောင်တမရဘဲ ရိတ်နေ ဆံပင်ကို ရိတ်ခဲ့ပါတယ် ။ အဆုံးမှာတော့ သူတို့သားအမိက ဆံပင်မပါတဲ့ မိခင်နှစ်ဦး ဖြစ်လာခဲ့ပါတယ် ။ အဆိုပါ post ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ မျှဝေခဲ့ပြီး လူများစွာကို မျက်ရည်ကျစေခဲ့ပါတယ် ။

JRose (KBdailynews)

crd