အချုပ်အားဖြင့် ..
မိမိအိမ်မှာသာနေပါ ..
လူစုလူဝေး ရှောင်ပါ ..
(Unicode)
ဘာ့ကြောင့်Maskတပ်သင့်သလဲ
လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ အချိန်တစ်ချိန်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အကောင်ရေ ( Virus particles ) 1000 ခန့် ဝင်ရောက်မှသာ ထိုသူကို ရောဂါကူးစက်နိုင်ပါသည် ..
ရောဂါပိုးရှိနေသည့်လူတစ်ယောက်သည် ..
အသက်ရှူထုတ်သည့်အခါ တစ်မိနစ်လျှင် ဗိုင်းရပ်စ်ပိုး ( 20 ) စွန့်ထုတ်သည် ..
စကားပြောသည့်အခါ တစ်မိနစ်လျှင် ဗိုင်းရပ်စ်ပိုး ( 200 ) စွန့်ထုတ်သည် ..
တစ်ကြိမ် ချောင်းဆိုးလိုက်တိုင်း ၊ တစ်ကြိမ် နှာချေလိုက်တိုင်း ဗိုင်းရပ်စ်ပိုး သန်း ( 200 ) စွန့်ထုတ်သည် ..
( ၎င်း သန်း 200 သည် လေလုံသည့်အခန်းတွင်း လေထဲ၌ 4 နာရီကြာ ရှိနေနိုင်ပြီး အခြားလူတစ်ယောက်ကို လုံလုံလောက်လောက် ရောဂါကူးစက်နိုင်ခြေရှိသည် )
၁ ။ တစ်ဦးနှင့်တစ်ဦး ( 6 ) ပေကွာရှိလျက် ( 40 ) မိနစ်ထက် မပိုလျှင် ကူးစက်နိုင်ခြေ နည်းသည် ..
၂ ။ နှာခေါင်းစည်းတပ်ထားလျက် မျက်နှာချင်းဆိုင် စကားပြောပါက ( 4 ) မိနစ်ထက်မပိုလျှင် ကူးစက်နိုင်ခြေ နည်းသည် ..
၃။ လမ်းလျှောက်လျက် တစ်ဦးနှင့် တစ်ဦး ဖြတ်သွားဖြတ်လာမိပါက ကူးစက်နိုင်ခြေ နည်းသည် ..
၄။ လေဝင်လေထွက် ကောင်းမွန်သောနေရာတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါက ကူးစက်နိုင်ခြေ နည်းသည် ..
၅။ ဈေးဝယ်စင်တာများတွင် ကူးစက်နိုင်ခြေ အသင့်အတင့်ရှိသည် ..
( ဝင်ရောက်သည့်အချိန် တိုခြင်းနှင့် ကိုယ်လက်သန့်စင်ခြင်းတို့ဖြင့် ကူးစက်နိုင်ခြေကို လျှော့ချနိုင်သည် )
၆။ အခန်းတွင်း အတူရှိနေပါက ကူးစက်နိုင်ခြေ များသည် ..
၇။ စားသောက်ဆိုင်များ ၊ အများသုံးသန့်စင်ခန်းများတွင် ကူးစက်နိုင်ခြေ များသည် ..
၈။ လူစုလူဝေး ၊ လုပ်ငန်းခွင် ရုံး /ဌာနများ ၊ စာသင်ကျောင်းများ ၊ ပါတီပွဲ အလှူမင်္ဂလာပွဲများ ၊ အစည်းအဝေး / သင်တန်း / ညီလာခံများ ၊ ဘာသာရေး အဆောက်အအုံ ၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ ၊ ပြိုင်ပွဲ / ပျော်ပွဲရွှင်ပွဲ / ကပွဲ ရုပ်ရှင်ရုံများ ကူးစက်နိုင်ခြေ အလွန်များသည် ..
အချုပ်အားဖြင့် ..
မိမိအိမ်မှာသာနေပါ ..
လူစုလူဝေး ရှောင်ပါ ..
တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ ..
လက်ကို စနစ်တကျဆေးပါ ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုပြုပါ ..
နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ပါ .. ..
Credit Dr Thant Lwin