News

”မိုက်”လဲကိုင်ခဲ့သလိုအမှန်တရားအတွက်လဲသေ နတ်ကိုင်ရဲတဲ့လွတ်မြောက်နယ်မြေမှအဆိုတော် မူးလာ

”မိုက်”လဲကိုင်ခဲ့သလိုအမှန်တရားအတွက်လဲသေ နတ်ကိုင်ရဲတဲ့လွတ်မြောက်နယ်မြေမှအဆိုတော် မူးလာ

သူ့ရဲ့ ကိုယ်ပိုင် အရည် အချင်း တွေနဲ့ အနုပညာ လောက ထဲ ထိုးဖောက် ဝင် ရောက် လာခဲ့ တဲ့ အဆိုတော် မူးလာ ကတော့ လက်ရှိ မှာ

လွတ်မြောက် နယ်မြေကို ရောက်ရှိ နေတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး စတင် ခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လမ်းပေါ်ထွက်

လူထု လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင် ခဲ့သလို အခု အချိန်မှာလည်း လက်နက်ကိုင်ရင်း ပြည်သူတွေအတွက် ကြိုးစားနေတာ ဖြစ်

ပါတယ်..။

မူးလာကတော့ လွတ်မြောက် နယ်မြေ ရောက်ရှိနေတဲ့ အချိန်မှာလည်း သီချင်းတွေရေးကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပြည်သူတွေကို

စိတ်ခွန်အားပေးတာတွေလည်း လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။

ကျရာတာဝန်ကနေ အစွမ်းကုန် ကြိုးပါဝင်နေတဲ့ မူးလာဟာဒီနေ့မှာလည်း ရဲဘော်တွေ အတွက် တောထဲအသုံးပြုတဲ့ ပုခက်တွေ လှူဒါန်းခဲ့

ပြန်တာ တွေ့ရ ပါတယ်။

တော်လှန်ရေးအတွက် လိုအပ်သည့်နေရာများကို ကူညီဖို့လှူဒါန်းထားတဲ့ ပြည်သူတွေရဲ့ အလှူငွေများထဲမှ ပုခက် အလုံး(၁၀၀) ကို လှူဒါန်း

လိုက်တာ ဖြစ်ပါတယ်။အလှူ အကြောင်းဝေမျှပြောပြရင်း အရေးတော်ပုံကြီး အောင်မြင်ဖို့ အားလုံး အတူ ပါဝင်ရင်း လှူဒါန်းမှုတွေ ကိုလည်း

ဆက်လက်ပြုလုပ်ကြဖို့ မူးလာကတိုက်တွန်းထားပါ သေးတယ်..။

ပြည်သူတွေ ကတော့ ကိုယ်ကျိုးစွန့်ကာ အားလုံးအတွက် အနစ် နာခံ ကြိုးစား တိုက်ပွဲဝင် ပေး နေ ကြတဲ့ အနုပညာရှင် တွေနဲ့

တော်လှန်ရေး ရဲဘော်တွေ အားလုံးအတွက် ဘေးကင်းကြ စေဖို့ ဆုတောင်း အားပေး နေကြတာ ဖြစ်ပါ တယ်။

crd