အေထြေထြဗဟုသုတ

သမိုင်းရာဇဝင်ထဲက မန္တလေးနန်းတော် အကြောင်း

နန်းတော်၏ နာမည်ကို မြနန်းစံကျော် ရွှေနန်းတော် ဟု တရားဝင် ထုတ်ပြန်သော အမိန့်တော်များတွင် တွေ့ရသည်။

ရွှေနန်းတော်ကြီး ဟု လည်းခေါ်သည်။မန္တလေးနန်းတော်သည်မန္တလေးမြို့တွင်တည်ရှိပြီးကုန်းဘောင်မင်းဆက် ၏ နောက်ဆုံးနန်းတော်

ဖြစ်သည်။

မင်းတုန်းမင်းကြီးသည် မန္တလေးမြို့သစ်ကိုတည်သောအခါ တပါတည်းနန်းတော်ကိုပါ ၁၈၅၇ နှင့် ၁၈၅၉ ခုနှစ် အတွင်း တည် ဆောက်ခဲ့

သည်။

မန္တလေးနန်းတော်၏ ပုံစံသည်ယခင်နန်းတော်ဟောင်းများ အတိုင်းဖြစ်ပြီးမြို့ရိုး နှင့် ကျုံးတို့ကဝန်းရံထားသည်။နန်းတော်သည် ဝင်းအလယ်

ဗဟိုတွင်တည်ရှိပြီး အရှေ့ဖက်ကိုမျက်နှာမူထားသည်။

နန်းဆောင်အားလုံးမှာတစ်ထပ်သာဖြစ်ကြသည်။ နန်းဆောင်ပေါ်ရှိ ပြသာဒ်အဆင့် အရေအတွက်သည် အဆောင်ပိုင်ရှင်၏ အရေးပါမှုကို

ပြသည်။မန္တလေး နန်းတော် တွင် မင်းတုန်းမင်း နှင့် သီပေါမင်း တို့သာ စိုးစံတော်မူခဲ့သည်။

တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးဆုံးသောအခါ၊ ဗြိတိသျှစစ်တပ် က နန်းတော်တွင်းဝင်ရောက်ပြီး ဘုရင့်မိသားစုကို ဖမ်းခေါ်ဆောင်သွားပြီး

နန်းတော်ကိုလည်း သိမ်းပိုက်ထားခဲ့သည်။

ထို့နောက် ဗြိတိသျှတို့က နန်းတော်ကို ဒပ်ဖရင် ခံတပ် အဖြစ်ပြောင်းလဲခဲ့သည်။ဗြိတိသျှတို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး နန်းတော်

သည် အမျိုးသားရေး အမှတ်အသား အဖြစ်တည်ရှိခဲ့သည်။

နန်းဆောင် တော်တော်များများ မှာ ဒုတိယ ကမ္ဘာစစ် အတွင်း မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင်

အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။

ထို့နောက် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ယနေ့အခါ မန္တလေး နန်းတော်သည် နိုင်ငံခြားသားများ လည်ပတ်ရာ

အဓိကနေရာအဖြစ် တည်ရှိနေသည်။

မင်းတုန်းမင်းကြီးက ၁၈၅၇ ဖေဖော်ဝါရီ တွင် မြို့သစ်တည်သောအခါ နန်းတော်ကိုပါ တပါတည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။မြို့သစ်

တွင် အကွက်ပေါင်း ၁၄၄ ကွက်ပါဝင်သည်။ နန်းတော်ဝင်းတွင် ၁၆ ကွက်ပါဝင်သည်။

၄၁၃ ဟက်တာ ရှိသော နန်းတော်ဝင်းကို လေးဖက်လေး တန်တွင် ၂ ကီလိုမီတာ အရှည်ရှိသော မြို့ရိုး နှင့် ရေ ကျုံး

(အကျယ် ၆၄ မီတာ၊ အနက် ၄.၅မီတာ) တို့က ကာရံထားသည်။

မြို့ရိုး တစ်လျှောက် ၁၆၉ မီတာတိုင်းတွင် ရဲမက်များ ကင်းစောင့်နိုင်ရန် သူရဲခို များ ထည့်သွင်းတည်ဆောက်ထားသည်။မြို့ရိုးတစ်ဖက်စီ

တွင် တံခါးသုံးပေါက်စီရှိကာ စုစုပေါင်း တံခါး၁၂ပေါက်ရှိသည်။ ထိုတံခါးများတွင် နာမည် ကိုယ်စီရှိသည်။

ပတ်လည်တွင် ကျုံးကို ကူးရန် တံတား ၅ စင်း ရှိသည်။

၁၈၅၇ ဇွန် လတွင် စတင်တည်ဆောက်ခဲ့သည်။၁၈၅၂ တွင် ဖြစ်ပွားခဲ့သော ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီးတွင် နိုင်ငံအောက်ပိုင်း ကို

သိမ်းပိုက်ခံထားရသော

မြန်မာမင်းများသည် ကြီးမားထည်ဝါသော နန်းတော်ကြီးကို ဆောက်လုပ်ရန် အခြေအနေမပေးတော့ပေ။အမရပူရ နန်းတော်ဟောင်းကို

ဖျက်သိမ်း၍ မန္တလေးတောင်ခြေ ရှိ နန်းတော်သစ် သို့ ဆင်များဖြင့် ပြောင်းရွေ့ခဲ့သည်။

၂၃ မေ ၁၈၅၉ တွင် နန်းတော်သစ် ဆောက်လုပ်ခြင်း အလုံးစုံ ပြီးစီးခဲ့သည်။

 

ဗြိတိသျှတို့ က ၁၈၈၇ ခုနှစ်တွင် ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် နန်းတွင်း လက်ရာ ပစ္စည်းများကို ဖျက်ဆီး၍ အချို့ကို ယူဆောင်သွားခဲ့

သည်။၎င်းတို့ထဲမှ အချို့ကို လန်ဒန်ရှိ ဝိတိုရိယ နှင့် အဲလ်ဘတ် ပြတိုက် တွင် ယခုအခါ ပြသထားသည်။

ဖျက်ဆီးခံရမှုများတွင် နန်းတွင်းပိဋကတ်တိုက်လည်း ပါဝင်သည်။ဗြိတိသျှိတို့က နန်းတော်ကို ဒပ်ဖရင် ခံတပ် အဖြစ် အသွင်ပြောင်းပြီး

အသုံးပြုခဲ့သည်။ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က ထောက်ပံ့ရေး စခန်းအဖြစ် အသုံးပြုခဲ့ပြန်သည်။

ထို့နောက် မဟာမိတ်တို့ က ဗုံးကြဲခဲ့သောကြောင့် မီးလောင်ကျွမ်းခဲ့ရသည်။၁၉၉၀ ပြည့်နှစ်လွန်များတွင် ပြန်လည်တည်ဆောက်သော အခါ

ပုံစံတူကို ဆောက်လုပ်ခဲ့ပြီး အသုံးပြုသော ပစ္စည်းများ မတူတော့ပေ၊ ဥပမာ အမိုးကို သွပ်မိုးသုံးထားခြင်း။

နန်းဆောင် တစ်ခုကို သီပေါမင်း လက်ထက်က ဖျက်သိမ်းကာ ရွှေနန်းတော် ဘုန်းကြီးကျောင်း အဖြစ် ပြန်လည် တည်ဆောက် ခဲ့သည်။၎င်း

သည်ပင် မူလသစ်သားနန်းတော်၏ တခုတည်းသော လက်ကျန် အဆောက်အဦး ဖြစ်သည်။

မန္တလေးရွှေမြို့တော်ကြီးကို သာသနာနှစ် ၂၄ဝဝ ပြည့်မှီအောင် ၁၂၁၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သည် ဆိုသော်လည်း၊

မြို့ရိုးနှင့်တစ်ကွ ခုနစ်ဌာန တို့ကိုမူကား ၁၂၂၁ ခုနှစ် ကဆုန်လမှ အုတ်မြစ်ချ၍ တည်လုပ်ရသည်။

အုတ်မြို့ရိုးသည် အုတ်မြစ်သံတောင် ၁ တောင်၊ အုတ်ရိုးထု ၁ တာ၊ အရပ် သံ ၁၅ တောင်၊ သူရဲခို အမြင့် သံ ၃ တောင်၊

နှစ်စု အုတ်မြို့ရိုး အမြင့် ၁၈ တောင်၊ အချင်းတစ်မျက်နှာ တာ ၆ဝဝ၊ ၄ မျက်နှာ တာ ၂၄ဝဝ ရှိ သည်။

ဤသို့ သာသနာတော် ၂၄ဝဝ အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဖက်လျှင် တာ ၆ဝဝ စီ

အညီအမျှ ခွဲဝေထားသည်။

မြို့ရိုးလေးခု သည် စတုဂံ ပုံစံရှိကာ မြို့ရိုးတစ်လျှောက်တွင် တစ်ခုနှင့် တစ်ခု မီတာ ၁၇၀ ခန့်စီ ကွာဝေးသော ပြသာဒ် ၄၈ ခု ရှိသည်။မြို့ရိုး

အပြင်တွင် အကျယ် ၆၄မီတာ၊ အနက် ၄.၅ မီတာ ရှိသော ရေကျုံး က ဝန်းရံထားသည်။

မြို့ရိုးကို ရှေးမြန်မာ အုတ်များဖြင့် ဆောက်လုပ်ထားပြီး အခြေတွင် ၃မီတာ နှင့် ထိပ်တွင် ၁.၄၇မီတာ အကျယ်ရှိသည်။အမြင့်မှာ သူရဲခို မပါ

၆.၈၆ မီတာ နှင့် သူရဲခို အပါ ၈.၂၃ မီတာ ရှိသည်။

ကာဆွဲပေါက်မှာ ဝ.၈၄ မီတာ အကျယ်ရှိသည်။ ရဲမက်များ အရေးပေါ် တက်နိုင်ရန် နှင့် မြို့ရိုးကို အထောက်အပံ့ဖြစ်စေရန် အတွင်းဘက်တွင်

 

မြေသားမှာ ခပ်ပြေပြေ စောင်းထားသည်။

ထိပ်တွင် သူရဲပြေးခေါ် လူလျှောက်ရန် ၁.၈၃ မီတာ အကျယ် လမ်းရှိသည်။ ၎င်းကို အုတ်စီထားပြီး မြို့ရိုးထိပ် တလျှောက် ရှိသည်။မြို့ရိုး

တစ်ဘက်စီတွင် တစင်းနှင့် တစင်းသော်၎င်း၊ မြို့ရိုးထောင့်နှင့် သော်၎င်း၊ အကွာအဝေးတူ တံခါးသုံးရပ်စီ ရှိသည်။

တံခါးများမှာ ၄.၈မီတာ အကျယ် ရှိပြီး ထိပ်တွင် တံခါးပြာသာဒ်များ ရှိသည်။ထိုတံခါး ၁၂ ရပ်တို့၏တံခါးရွက်များတွင် ထိုတံခါးတည်ရာ

ရာသီခွင်အလိုက် ရာသီစောင့် အရုပ်များ၊ နက္ခတ်များ၊ တာရာပုံ များကို ရွှေမင်နှင့် ထင်ရှားတင့်တယ်ရှုချင်ဖွယ်ရှိအောင် ရေးခြယ်ထား၏။

တံခါး ၁၂ ရပ် အမည်တော်တို့ကိုလည်း တံခါးပေါက် တစ်ခုစီ၏ အဝင်အထွက် လက်ျာကျသော မီးကာအုတ်တံတိုင်းကြီးများ အနီး၌ အုတ်

ပလ္လင် ၃ ဆင့်ခံ၍ မော်ကွန်းတိုင်ဖြင့် စိုက်ထူ ဖော်ပြထားသည်။

မြို့တံခါးများ အဝင်တွင် တံခါးစောင့်များ နေထိုင်ရန် ဝဲယာ တိုက် တန်းများထားရှိပြီးလျှင် တံခါးစောင့်တို့ သေနတ်ကိုင်စွဲ၍

နေ့ညဉ့် စောင့်နေကာ၊ တံခါး အဝင်အထွက်တွင် ဓားလှံ သေနတ် စသော လက်နက်များပါမပါ၊ ယစ်မျိုးနှင့် အမဲသားများ သွင်းမ သွင်း

ကြည့်ရှုစစ်ဆေးရ၏။

နေဝင်ညဉ့် ၄ ချက် (ညနေ ၆ နာရီ) တီးသည့်အခါ အလယ် ဓာတ်တံခါးကြီး ၄ ခု ကို ပိတ်လိုက်ရာ၊ ဝင်ထွက်သွားလာသူတို့ တစ်ယောက်ဝင်

မလွယ်တံခါးမှ ထွက်ဝင်ရသည်။

ညဉ့် ၁ ချက်တီး (ညဉ့် ၉ နာရီ)တွင် ထိုမလွယ်တံခါးများပါ ပိတ်လိုက်၍ နံနက် ၄ ချက်တီး(နံနက် ၆ နာရီ) ကျမှ မြို့တံခါးအားလုံး ပြန်ဖွင့်

လိုက် သည်။

မြို့တံခါးပိတ်ထားချိန်တွင် အခွင့်အမိန့်မရဘဲ မည်သူမျှ ဝင်ခွင့်ထွက်ခွင့် မရပေ။အလယ်ဗဟို တံခါးမကြီးများ တွင် ဓာတ်စည်တော်များ

ဆွဲထားရာ၊ ပဟိုရ်ချက်နှင့်အညီ နေထွက် နေဝင်၊ တစ်နည်းအားဖြင့်တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို ပြည်သူတို့ အား အသိပေးသည့် အနေဖြင့်

တီးရသည်။

မင်းမျိုးများသာ အသုံးပြုသော ဓာတ်တံခါး ခေါ် အလယ်ဗဟိုတံခါးများ တွင် ပြာသာဒ်များ မှာ ဘုံ ခုနှစ်ဆင့် ရှိပြီး ကျန်ပြာသာဒ်များမှာ ဘုံငါး

ဆင့်သာ ရှိသည်။

တံခါး ၁၂ ရပ်တွင် အဓိက အကျဆုံး တံခါးမှာ အရှေ့မြို့ရိုးရှိ ဗဟိုတံခါး ဖြစ်ပြီး မဟာပွဲတက်ဆောင်နှင့် မျက်နှာချင်းဆိုင် တွင်ရှိသည်။ခံတပ်

စီမံကိန်းကို မြို့ရိုးမျက်နှာစာ ကနေ ၇ မီတာ (၂၃ ပေ) နှင့် တံခါး၏ တစ်ဖက် တစ်ချက် ၁၀.၃၆ မီတာ (၃၄ပေ အကွာ)မှာပြုလုပ်ခဲ့ပါတယ်။

ထ ရိုးစင်းတဲ့ ပုံသွင်းမှုနဲ့ အင်္ဂတေ ပန်းပုများကြောင့် နန်းတော်ရဲ့ အပြင်ဘက်မှာ တမူထူးခြားနေပါတယ်။သို့ပေမယ့် တံခါးရဲ့ အတွင်းဘက်

မျက်နှာပြင်မှာတော့ အချိန်ကြာမြင့်လာမှုများကြောင့် ပုံများ ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်။

တံခါးများကို သစ်သားအထူများဖြင့် ပြုလုပ်ထားပြီး တံခါး နှစ်ရွက်ဖြစ်ပါတယ်။ အဲ့ဒီ တံခါးများကို အင်္ဂလိပ်များ သိမ်းပိုက်မှုအပြီးမှ ဖြုတ်ခဲ့

ကြပါတယ်။

ရှေးမြန်မာမြို့တော်ဟောင်း များ၏ မြို့ရိုးဟောင်း၊ ၊ မြို့ရိုးပျက်များကို ယခုတိုင်တွေ့မြင်နိုင်ပေ သေးသည်။လွန်ခဲ့သည့် အနှစ် ၁ဝဝ ကျော်က

မင်းတုန်းမင်း တရားတည်ဆောက်ခဲ့သည့် မန္တလေးမြို့ရိုးကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက အမြောက်ဒဏ်များကို မရှုမလှ ခံခဲ့ရသဖြင့်

အချို့အ ပိုင်းများပျက်စီးခဲ့သော်လည်း ထင်ထင်ရှားရှားပင် တည်ရှိနေသေး သဖြင့်မြန်မာတို့၏ မြို့ရိုးအသွင်အပြင်ကို နမူနာဆောင်လျက်ရှိ

ပေ သေးသည်။

မြန်မာတို့၏ မြို့ရိုးတွင် ရှိရသော အစိတ်အပိုင်းတို့ကား တံခါး၊ တံခါးပြ၊ တန်ဆောင်း၊ ပြာသာဒ်၊ ပြအိုး၊ ပစ္စင်၊ ရဲလောင်း၊ ရင်တား၊ သူရဲခို၊

မီးတားစသည်တို့အပြင် ရန်သူတို့အလွယ်တကူ ဝင်ရောက်ခြင်းငှာ မစွမ်းနိုင်အောင် မြို့ရိုးကို ပတ်ရံထားသော ကျုံး တို့ဖြစ်၏။

မြို့တော် လေး မျက်နှာ ဓာတ်တံခါး၄ ရပ်မှာ ပြာသာဒ် ဘုံ ၇ ဆင့်၊ မိတ်တံခါး ၈ ရပ်မှာ ပြာသာဒ် ဘုံ ၅ ဆင့်၊ထောင့်ပြကြီး ၄ ခု နှင့် ပြငယ် ၃၂

များမှာ ပြာသာဒ်ဘုံ ၅ ဆင့်စီ လုပ်ဆောင်၍၊ သစ္စေးသားရိုး ဟင်္သပြဒါး ရွှေချ မွမ်းမံသည်။

ထိုတံခါးတော် ၁၂ ရပ်မှာ လွန်ကဲ၊ ဦးထိပ်၊ သောင်းညွှတ်၊ ကျွန်းလုံးယူ၊ ကျော်မိုး၊ ရန်နည်၊ ကြေးမုံ၊ စည်ရှည်၊ ထင်ရှား၊ စည်သာ၊ လေးသိန်း၊

မန်းဦး ဟူ၍ ဖြစ်သည်။

မြို့တံခါး ၁၂ ရပ်တို့၌ တံခါးပေါက်နေရာများတွင် တံခါးတိုင်၏ မှီရာ အုတ်မြို့ရိုး တစ်ဖက်တစ်ချက်၌ အင်္ဂတေတို့ဖြင့် အပြေအပြစ် ကိုင်ပြီး

လျှင် ထုံးဖြူ ဖွေးဖွေးသုတ်၍ တံခါးအထက်မှ ဘုံ ၅ ဆင့် ဘုံ ၇ ဆင့် အသီးအသီးရှိကြသော ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်တော်ကြီး

များကို ရွှေဟင်္သပြဒါး တို့ဖြင့် မွမ်းမံ ခြယ်လှယ်ထားသည်။

တံခါးပေါက်တစ်ခုတစ်ခု၌ မြို့တံခါး တစ်ဖက်တစ်ချက် ကူးလိုသောအခါ လျှောက်သွားရန် ပြုလုပ်ထားသော ရင်လျှောက်ခေါ်နင်းကြမ်း

ပျဉ်ပြားများ၊တံခါးရွက်ပြင်ဖက်ကရန်သူတို့ရုတ်တရက် မဝင်သာအောင် တစ်ဖက်တစ်ချက် လျှိုထိုး သော ရင်တား ခေါ်ရက်ဖောက် သစ်တုံး

အဆင့်များနှင့်ထိုရင်တားတိုင်ကြီး တစ်ဖက်တစ်ချက်ကို ညှပ်ထားရန်၊

သို့မဟုတ်စွပ်ထားရန်ပြုလုပ်ထားသော တုရိုဏ်တိုင်ခေါ် တံခါးတိုင်များ၊ ထို့ပြင်မြို့ပေါက်အထွက်မြို့တံခါးနှင့် တည့်တည့်မှ အလျား ၃ တာ၊

အနံ ထု ၁ တာ ခန့်ရှိသောမီးတား၊သို့မဟုတ်မီးကာခေါ် ခိုင်ခံ့လှသည့်အုတ်နံရံကြီးများနှင့်ယင်းအနီးမှအုတ်ပလ္လင် ၃ ဆင့်ခံ၍ မြို့တော်အမည်

မော်ကွန်းတင်ထားသော မော်ကွန်းတိုင်ကြီးများ အသီးအသီးရှိသည်။

အလယ်ဗဟို တံခါးမကြီးများတွင် တံခါးအတွက် လက်ဝဲဖက်ကမြို့စောင့်နတ်ကူတစ်ခုကျစီပြုလုပ်ထား၍၊ အလားတူ မြို့ထောင့် ၄ ထောင့်

တွင်လည်း နတ်ကူများ ရှိ၏။

တံခါးပေါက်မရှိသောပြထက်များ၌ ၅ တိုင် စင်နှင့် ဘုံ ၅ ဆင့် ရှိသော ပြာသာဒ်ဆောင်များ ပေါက်ထားရာ၊ မြို့ ၄ မျက်နှာ ၌ ထိုကဲ့သို့သောပြ

ငယ် ၃၂ ရှိပြီး ပြာသာဒ်လည်း ၃၂ ဆူ ရှိ၏။

ထောင့်ပြကြီး ၄ လုံးတို့၌ကား မလွယ်တံခါးများမှ ယွန်းဆက်ပြေ တန်ဆောင်း ပြာသာဒ်မျိုး အတိုင်း ဘုံ ၅ ဆင့်နှင့် ပြုလုပ်ထားသည်။တံခါး

ပြအိုးတို့၏ မှီရာတည်ရာ အောက်အခြေခံမှာ ထု ၁ တာ၊ အမြင့် ရဲခိုပါ ၁၈ တောင်ရှိသော အုတ်မြို့ရိုးကြီးပင် ဖြစ်သည်။

အုတ်ရိုးသက် သက်ကို မြေနီသရွတ်ဖြင့် အကြမ်းစီစီပြီးမှ အတွင်းဖက် တွင် ဆင်ခြေလျှော မြေဖို့လုပ်ဆောင်ထားခြင်းဖြစ်သည်။

အုတ်မြို့ရိုး အထက်တွင် သူရဲခို ခေါ် အုတ်စိန်တောင်များ ပေါက် ထားပြီးလျှင် ယင်း၏ အတွင်းဖက်မြို့ရိုးထိပ်တလျောက်တွင် သူရဲပြေးခေါ်

စြင်္ကံလမ်းတစ်ခု မြို့ရိုးကို ပတ်၍ ပြုလုပ် ထားသည်။တပြနှင့် တပြ အကြား၌ သူရဲခိုပေါင်း ၇ဝ ကျော်ရှိ၏။ ပြထက် ရှိ ပြဆောင်ကို ပစ္စင်ဟု

ခေါ်သည်။

စစ်မက် အရေးအရာ ရှိသောအခါ အမြောက်မတြပူ၊ စိန်၊ သစ်တုံး၊ ပွဲလျက်ရေ၊ ခဲရေ၊ သံရေတို့ဖြင့် ပစ်ဖောက် သွန်းလောင်းရာ ဌာနဖြစ်၍

ပစ္စင်ခေါ်ကြောင်း ဆိုသည်။

ဤသို့လျှင် စတုရန်း ၄ မျက်နှာ တာပေါင်း ၂၄ဝဝ ရှိသော မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး ၁၂ ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် ၃၂ ခု

ရှိသည့် အားလျော်စွာ ၄၈ ဌာနတို့၌

ပြာသာဒ် ဆောင်ပေါင်း ၄၈ ဆောင် ရှိသည်ကို စလေဆရာ ဦးပုညကရတနာနဒီ မော်ကွန်းတွင် ဓာတုမဏ္ဍ၊ ပတ်လည်ချသား၊ ကွနးမ

ပြာသာဒ်၊ ဒွါဒရသ်လည်း၊ မျဉ်းခတ်တသွန်၊ စတုကဏ်၌

ဗိမာန်လေးသွယ်၊ ဘဝဂ်ကယ်မျှ၊ တနယ်တနယ်၊ တလာပယ်မူ၊ ရွှေကြယ်ငွေကြယ်၊ မျက်စုံခြယ်လျက်၊ တိမ်စွယ်ထဲချောင်၊ ရဲရဲပြောင်သည်၊

ရှစ်ဆောင်ရှစ်ဆောင်၊ ရစ်မြှောင်ဝန်းလည်၊ရွှန်းရွှန်းကြည်မျှ၊ ရောင်ခြည်တွဲ့တွဲ့၊ ယိုအံ့ကဲ့သို့၊ လေးဆယ့်ရှစ်တန်၊ ဝေဇယန်လည်း၊ ဘုန်းဝှန်

သတိုး၊ ရှင့်တန်ခိုးကြောင့်၊ လိုစိုးမျက်မှောက်၊ မြေမှပေါက် ၏ ဟု စပ်ဆိုခဲ့လေသည်။

ဤအုတ်မြို့ရိုး ပတ်လည်တစ်လျှောက်တွင်ကား မြို့ဥပစာတာ ၂ဝ ခန့် မြေလွတ်ထားပြီးလျှင်၊ တာ ၂ဝ ကျယ်သော ရေကျုံး တော်ကြီးဖြင့်

မြို့ ၄ မျက်နှာကို ထုတ်ချင်းခတ်ပတ်ထားသည်။

အင်းဝ၊ အမရပူရ မြို့ဟောင်းများနှင့် နှိုင်းယှဉ်လျှင်မန္တလေးမြို့တော်သည် ကျုံးလေးမျက်နှာဖြင့် ထုတ်ချင်းခတ် ပတ်မိသောမြို့တော်ဖြစ်

လေသည်။ကျုံးတော်တွင်းသို့ ရတနာနဒီ မြောင်းတော်မှ ရေများသယ်ယူ ဖြည့် တင်းထားကာ၊ ရေသစ်ရေဟောင်း မပြတ်လဲလှယ်

ပေး၍အမြဲတမ်း ကြည်လင်သန့်ရှင်းသည်။

မင်းဧကရာဇ်တို့ မြို့သိမ်း မင်္ဂလာ အခမ်းအနား ပြုလုပ်သော အခါ၌ ကျုံးတော်တွင်းမှာ ရေ သဘင် ပွဲတော်ကို တခမ်းတနား ပြုလုပ်သည်။

ကျုံးကူးတံတား များမှ အလယ်နင်းကြမ်းပျဉ်ကို ဖြုတ်ယူထားနိုင်၍၊ မြို့တော်ကို ရွှေလှေ ရွှေလောင်း ဖောင်တော်တို့ဖြင့် လှည့်ပတ်နိုင်သည်။

နေ့စဉ် ညဉ့်တစ်ချက်တီးတစ်ခါ၊ ၂ ချက်တီးတစ်ခါ၊ ၃ ချက်တီး တစ်ခါ တံခါးစောင့်များက နရီးဆရာတီး၍ ရေကင်းလှည့် ကြရသည်။ကျုံးကူး

တံတားမှာ အလယ်ဓာတ် တံခါးကြီးများတွင် သာ ထားရိုး ဖြစ်သော်လည်း၊ အနောက်မျက်နှာက မိတ်တံခါး ဖြစ်သော

အာဠဝီ(ကြေးမုံ) တံတားတွင်လည်း တစ်ခုပို၍ ပြုလုပ်ထားသ ဖြင့် တံတား ၅ စင်းရှိသည်။၂ ဖက်ကမ်းထိပ်၌ ခပ်မော့မော့နှင့် လက်ရုံးတပ်

ဆင်ထားသော အုတ်ခုံကြီးများ ပြုလုပ်ထားပြီးလျှင် ကျုံးလယ်တွင်တံတားနင်းကြမ်းအရှင်ဖြင့် ကူးဆက်ထားလေသည်။crd မြန်မာဝီကီပီး

ဒီးယားမှ ကူးယူဖော်ပြသည်။

Zawgyi
နန္းေတာ္၏ နာမည္ကို ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ ဟု တရားဝင္ ထုတ္ျပန္ေသာ အမိန႔္ေတာ္မ်ားတြင္ ေတြ႕ရသ

ည္။

ေ႐ႊနန္းေတာ္ႀကီး ဟု လည္းေခၚသည္။မႏၱေလးနန္းေတာ္သည္မႏၱေလးၿမိဳ႕တြင္တည္ရွိၿပီးကုန္းေဘာင္မင္းဆက္ ၏ ေ

နာက္ဆုံးနန္းေတာ္ ျဖစ္သည္။

မင္းတုန္းမင္းႀကီးသည္ မႏၱေလးၿမိဳ႕သစ္ကိုတည္ေသာအခါ တပါတည္းနန္းေတာ္ကိုပါ ၁၈၅၇ ႏွင့္ ၁၈၅၉ ခုႏွစ္ အတြင္း

တည္ ေဆာက္ခဲ့သည္။

မႏၱေလးနန္းေတာ္၏ ပုံစံသည္ယခင္နန္းေတာ္ေဟာင္းမ်ား အတိုင္းျဖစ္ၿပီးၿမိဳ႕ရိုး ႏွင့္ က်ဳံးတို႔ကဝန္းရံထားသည္။န

န္းေတာ္သည္ ဝင္းအလယ္ ဗဟိုတြင္တည္ရွိၿပီး အေရွ႕ဖက္ကိုမ်က္ႏွာမူထားသည္။

နန္းေဆာင္အားလုံးမွာတစ္ထပ္သာျဖစ္ၾကသည္။ နန္းေဆာင္ေပၚရွိ ျပသာဒ္အဆင့္ အေရအတြက္သည္ အေဆာင္ပိုင္ရွင္၏ အေရးပါမႈကို

 

ပသည္။မႏၱေလး နန္းေတာ္ တြင္ မင္းတုန္းမင္း ႏွင့္ သီေပါမင္း တို႔သာ စိုးစံေတာ္မူခဲ့သည္။

 

တတိယ အဂၤလိပ္ျမန္မာ စစ္ပြဲၿပီးဆုံးေသာအခါ၊ ၿဗိတိသွ်စစ္တပ္ က နန္းေတာ္တြင္းဝင္ေရာက္ၿပီး ဘုရင့္မိသားစုကို ဖမ္းေခၚေ

ဆာင္သြားၿပီး နန္းေတာ္ကိုလည္း သိမ္းပိုက္ထားခဲ့သည္။

ထို႔ေနာက္ ၿဗိတိသွ်တို႔က နန္းေတာ္ကို ဒပ္ဖရင္ ခံတပ္ အျဖစ္ေျပာင္းလဲခဲ့သည္။ၿဗိတိသွ်တို႔ အုပ္စိုးစဥ္ ကာလတေလွ်ာက္လုံး န

န္းေတာ္သည္ အမ်ိဳးသားေရး အမွတ္အသား အျဖစ္တည္ရွိခဲ့သည္။

နန္းေဆာင္ ေတာ္ေတာ္မ်ားမ်ား မွာ ဒုတိယ ကမၻာစစ္ အတြင္း မဟာမိတ္တို႔၏ ဗုံးႀကဲမႈဒဏ္ေၾကာင့္ မီးေလာင္ပ်က္စီးခဲ့ရၿ

ပီး နန္းေဆာင္ အနည္းငယ္ႏွင့္ နန္းျမင့္ေမွ်ာ္စင္သာ က်န္ခဲ့သည္။

ထို႔ေနာက္ ၁၉၉၀ လြန္ႏွစ္မ်ားတြင္ ျပန္လည္တည္ေဆာက္ခဲ့သည္။ယေန႕အခါ မႏၱေလး နန္းေတာ္သည္ နိုင္ငံျခားသားမ်ား လည္ပတ္ရာ

အဓိကေနရာအျဖစ္ တည္ရွိေနသည္။

မင္းတုန္းမင္းႀကီးက ၁၈၅၇ ေဖေဖာ္ဝါရီ တြင္ ၿမိဳ႕သစ္တည္ေသာအခါ နန္းေတာ္ကိုပါ တပါတည္း တည္ေဆာက္ခဲ့ျခင္းျ

ဖစ္သည္။ၿမိဳ႕သစ္တြင္ အကြက္ေပါင္း ၁၄၄ ကြက္ပါဝင္သည္။ နန္းေတာ္ဝင္းတြင္ ၁၆ ကြက္ပါဝင္သည္။

၄၁၃ ဟက္တာ ရွိေသာ နန္းေတာ္ဝင္းကို ေလးဖက္ေလး တန္တြင္ ၂ ကီလိုမီတာ အရွည္ရွိေသာ ၿမိဳ႕ရိုး ႏွင့္ ေရ က်ဳံး

(အက်ယ္ ၆၄ မီတာ၊ အနက္ ၄.၅မီတာ) တို႔က ကာရံထားသည္။

ၿမိဳ႕ရိုး တစ္ေလွ်ာက္ ၁၆၉ မီတာတိုင္းတြင္ ရဲမက္မ်ား ကင္းေစာင့္နိုင္ရန္ သူရဲခို မ်ား ထည့္သြင္းတည္ေဆာက္ထားသည္။ၿမိဳ႕ရိုးတစ္ဖက္စီ

တြင္ တံခါးသုံးေပါက္စီရွိကာ စုစုေပါင္း တံခါး၁၂ေပါက္ရွိသည္။ ထိုတံခါးမ်ားတြင္ နာမည္ ကိုယ္စီရွိသည္။

ပတ္လည္တြင္ က်ဳံးကို ကူးရန္ တံတား ၅ စင္း ရွိသည္။

၁၈၅၇ ဇြန္ လတြင္ စတင္တည္ေဆာက္ခဲ့သည္။၁၈၅၂ တြင္ ျဖစ္ပြားခဲ့ေသာ ဒုတိယ အဂၤလိပ္ျမန္မာ စစ္ပြဲအၿပီးတြင္ နိုင္ငံေအာက္ပိုင္း

ကို သိမ္းပိုက္ခံထားရေသာ

ျမန္မာမင္းမ်ားသည္ ႀကီးမားထည္ဝါေသာ နန္းေတာ္ႀကီးကို ေဆာက္လုပ္ရန္ အေျခအေနမေပးေတာ့ေပ။အမရပူရ နန္းေ

တာ္ေဟာင္းကို ဖ်က္သိမ္း၍ မႏၱေလးေတာင္ေျခ ရွိ နန္းေတာ္သစ္ သို႔ ဆင္မ်ားျဖင့္ ေျပာင္းေ႐ြ႕ခဲ့သည္။

၂၃ ေမ ၁၈၅၉ တြင္ နန္းေတာ္သစ္ ေဆာက္လုပ္ျခင္း အလုံးစုံ ၿပီးစီးခဲ့သည္။

ၿဗိတိသွ်တို႔ က ၁၈၈၇ ခုႏွစ္တြင္ က်ဴးေက်ာ္ သိမ္းပိုက္ခဲ့ၿပီးေနာက္ နန္းတြင္း လက္ရာ ပစၥည္းမ်ားကို ဖ်က္ဆီး၍ အခ်ိဳ႕ကို ယူေဆာ

င္သြားခဲ့သည္။၎တို႔ထဲမွ အခ်ိဳ႕ကို လန္ဒန္ရွိ ဝိတိုရိယ ႏွင့္ အဲလ္ဘတ္ ျပတိုက္ တြင္ ယခုအခါ ျပသထားသည္။

ဖ်က္ဆီးခံရမႈမ်ားတြင္ နန္းတြင္းပိဋကတ္တိုက္လည္း ပါဝင္သည္။ၿဗိတိသွ်ိတို႔က နန္းေတာ္ကို ဒပ္ဖရင္ ခံတပ္ အျဖစ္ အသြင္ေျပာင္းၿပီး

အသုံးျပဳခဲ့သည္။ဒုတိယ ကမၻာစစ္အတြင္း ဂ်ပန္တို႔က ေထာက္ပံ့ေရး စခန္းအျဖစ္ အသုံးျပဳခဲ့ျပန္သည္။

ထို႔ေနာက္ မဟာမိတ္တို႔ က ဗုံးႀကဲခဲ့ေသာေၾကာင့္ မီးေလာင္ကြၽမ္းခဲ့ရသည္။၁၉၉၀ ျပည့္ႏွစ္လြန္မ်ားတြင္ ျပန္လည္တည္ေဆာ

က္ေသာ အခါ ပုံစံတူကို ေဆာက္လုပ္ခဲ့ၿပီး အသုံးျပဳေသာ ပစၥည္းမ်ား မတူေတာ့ေပ၊ ဥပမာ အမိုးကို သြပ္မိုးသုံးထားျခင္း။

နန္းေဆာင္ တစ္ခုကို သီေပါမင္း လက္ထက္က ဖ်က္သိမ္းကာ ေ႐ႊနန္းေတာ္ ဘုန္းႀကီးေက်ာင္း အျဖစ္ ျပန္လည္ တည္ေဆာက္

ခဲ့သည္။၎ သည္ပင္ မူလသစ္သားနန္းေတာ္၏ တခုတည္းေသာ လက္က်န္ အေဆာက္အဦး ျဖစ္သည္။

မႏၱေလးေ႐ႊၿမိဳ႕ေတာ္ႀကီးကို သာသနာႏွစ္ ၂၄ဝဝ ျပည့္မွီေအာင္ ၁၂၁၈ ခုႏွစ္က စတင္ တည္ေဆာက္ခဲ့သည္ ဆိုေသာ္လည္း၊

ၿမိဳ႕ရိုးႏွင့္တစ္ကြ ခုနစ္ဌာန တို႔ကိုမူကား ၁၂၂၁ ခုႏွစ္ ကဆုန္လမွ အုတ္ျမစ္ခ်၍ တည္လုပ္ရသည္။

အုတ္ၿမိဳ႕ရိုးသည္ အုတ္ျမစ္သံေတာင္ ၁ ေတာင္၊ အုတ္ရိုးထု ၁ တာ၊ အရပ္ သံ ၁၅ ေတာင္၊ သူရဲခို အျမင့္ သံ ၃ ေတာင္၊

ႏွစ္စု အုတ္ၿမိဳ႕ရိုး အျမင့္ ၁၈ ေတာင္၊ အခ်င္းတစ္မ်က္ႏွာ တာ ၆ဝဝ၊ ၄ မ်က္ႏွာ တာ ၂၄ဝဝ ရွိ သည္။

ဤသို႔ သာသနာေတာ္ ၂၄ဝဝ အထိမ္းအမွတ္အျဖစ္ ၿမိဳ႕ေတာ္ကို ေလးေထာင့္ စတုရန္းတည္၍ ၿမိဳ႕ရိုးအနား တစ္ဖက္လွ်င္ တာ ၆ဝဝ

စီ အညီအမွ် ခြဲေဝထားသည္။

ၿမိဳ႕ရိုးေလးခု သည္ စတုဂံ ပုံစံရွိကာ ၿမိဳ႕ရိုးတစ္ေလွ်ာက္တြင္ တစ္ခုႏွင့္ တစ္ခု မီတာ ၁၇၀ ခန႔္စီ ကြာေဝးေသာ ျပသာဒ္ ၄၈ ခု ရွိသ

ည္။ၿမိဳ႕ရိုးအျပင္တြင္ အက်ယ္ ၆၄မီတာ၊ အနက္ ၄.၅ မီတာ ရွိေသာ ေရက်ဳံး က ဝန္းရံထားသည္။

ၿမိဳ႕ရိုးကို ေရွးျမန္မာ အုတ္မ်ားျဖင့္ ေဆာက္လုပ္ထားၿပီး အေျခတြင္ ၃မီတာ ႏွင့္ ထိပ္တြင္ ၁.၄၇မီတာ အက်ယ္ရွိသည္။အျမင့္မွာ သူရဲခို

မပါ ၆.၈၆ မီတာ ႏွင့္ သူရဲခို အပါ ၈.၂၃ မီတာ ရွိသည္။

ကာဆြဲေပါက္မွာ ဝ.၈၄ မီတာ အက်ယ္ရွိသည္။ ရဲမက္မ်ား အေရးေပၚ တက္နိုင္ရန္ ႏွင့္ ၿမိဳ႕ရိုးကို အေထာက္အပံ့ျဖစ္ေစရန္ အတြင္းဘ

က္တြင္ ေျမသားမွာ ခပ္ေျပေျပ ေစာင္းထားသည္။

ထိပ္တြင္ သူရဲေျပးေခၚ လူေလွ်ာက္ရန္ ၁.၈၃ မီတာ အက်ယ္ လမ္းရွိသည္။ ၎ကို အုတ္စီထားၿပီး ၿမိဳ႕ရိုးထိပ္ တေလွ်ာက္ ရွိသည္။ၿမိဳ႕ရိုး

တစ္ဘက္စီတြင္ တစင္းႏွင့္ တစင္းေသာ္၎၊ ၿမိဳ႕ရိုးေထာင့္ႏွင့္ ေသာ္၎၊ အကြာအေဝးတူ တံခါးသုံးရပ္စီ ရွိသည္။

တံခါးမ်ားမွာ ၄.၈မီတာ အက်ယ္ ရွိၿပီး ထိပ္တြင္ တံခါးျပာသာဒ္မ်ား ရွိသည္။ထိုတံခါး ၁၂ ရပ္တို႔၏တံခါး႐ြက္မ်ားတြင္ ထိုတံခါးတည္ရာ ရာသီခြင္အ

လိုက္ ရာသီေစာင့္ အ႐ုပ္မ်ား၊ နကၡတ္မ်ား၊ တာရာပုံ မ်ားကို ေ႐ႊမင္ႏွင့္ ထင္ရွားတင့္တယ္ရႈခ်င္ဖြယ္ရွိေအာင္ ေရးျခယ္ထား၏။

တံခါး ၁၂ ရပ္ အမည္ေတာ္တို႔ကိုလည္း တံခါးေပါက္ တစ္ခုစီ၏ အဝင္အထြက္ လက္်ာက်ေသာ မီးကာအုတ္တံတိုင္းႀကီးမ်ား အနီး၌ အု

တ္ပလႅင္ ၃ ဆင့္ခံ၍ ေမာ္ကြန္းတိုင္ျဖင့္ စိုက္ထူ ေဖာ္ျပထားသည္။

ၿမိဳ႕တံခါးမ်ား အဝင္တြင္ တံခါးေစာင့္မ်ား ေနထိုင္ရန္ ဝဲယာ တိုက္ တန္းမ်ားထားရွိၿပီးလွ်င္ တံခါးေစာင့္တို႔ ေသနတ္ကိုင္စြဲ၍

ေန႕ညဉ့္ ေစာင့္ေနကာ၊ တံခါး အဝင္အထြက္တြင္ ဓားလွံ ေသနတ္ စေသာ လက္နက္မ်ားပါမပါ၊ ယစ္မ်ိဳးႏွင့္ အမဲသားမ်ား သြင္းမ သြ

င္းၾကည့္ရႈစစ္ေဆးရ၏။

ေနဝင္ညဉ့္ ၄ ခ်က္ (ညေန ၆ နာရီ) တီးသည့္အခါ အလယ္ ဓာတ္တံခါးႀကီး ၄ ခု ကို ပိတ္လိုက္ရာ၊ ဝင္ထြက္သြားလာသူတို႔ တစ္ေယာက္ဝင္ မလြယ္

တံခါးမွ ထြက္ဝင္ရသည္။

ညဉ့္ ၁ ခ်က္တီး (ညဉ့္ ၉ နာရီ)တြင္ ထိုမလြယ္တံခါးမ်ားပါ ပိတ္လိုက္၍ နံနက္ ၄ ခ်က္တီး(နံနက္ ၆ နာရီ) က်မွ ၿမိဳ႕တံခါးအားလုံး ျပန္ဖြင့္လိုက္

သည္။

ၿမိဳ႕တံခါးပိတ္ထားခ်ိန္တြင္ အခြင့္အမိန႔္မရဘဲ မည္သူမွ် ဝင္ခြင့္ထြက္ခြင့္ မရေပ။အလယ္ဗဟို တံခါးမႀကီးမ်ား တြင္ ဓာတ္စည္ေတာ္မ်ား ဆြဲထားရာ၊

ပဟိုရ္ခ်က္ႏွင့္အညီ ေနထြက္ ေနဝင္၊ တစ္နည္းအားျဖင့္တံခါးဖြင့္ခ်ိန္ ပိတ္ခ်ိန္တို႔ကို ျပည္သူတို႔ အား အသိေပးသည့္ အေနျဖင့္ တီးရ

သည္။

မင္းမ်ိဳးမ်ားသာ အသုံးျပဳေသာ ဓာတ္တံခါး ေခၚ အလယ္ဗဟိုတံခါးမ်ား တြင္ ျပာသာဒ္မ်ား မွာ ဘုံ ခုႏွစ္ဆင့္ ရွိၿပီး က်န္ျပာသာဒ္မ်ားမွာ ဘုံ

ငါးဆင့္သာ ရွိသည္။

တံခါး ၁၂ ရပ္တြင္ အဓိက အက်ဆဳံး တံခါးမွာ အေရွ႕ၿမိဳ႕ရိုးရွိ ဗဟိုတံခါး ျဖစ္ၿပီး မဟာပြဲတက္ေဆာင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ တြင္ရွိသ

ည္။ခံတပ္ စီမံကိန္းကို ၿမိဳ႕ရိုးမ်က္ႏွာစာ ကေန ၇ မီတာ (၂၃ ေပ) ႏွင့္ တံခါး၏ တစ္ဖက္ တစ္ခ်က္ ၁၀.၃၆ မီတာ (၃၄ေပ အ

ကြာ)မွာျပဳလုပ္ခဲ့ပါတယ္။

ထ ရိုးစင္းတဲ့ ပုံသြင္းမႈနဲ႕ အဂၤေတ ပန္းပုမ်ားေၾကာင့္ နန္းေတာ္ရဲ႕ အျပင္ဘက္မွာ တမူထူးျခားေနပါတယ္။သို႔ေပမယ့္

တံခါးရဲ႕ အတြင္းဘက္မ်က္ႏွာျပင္မွာေတာ့ အခ်ိန္ၾကာျမင့္လာမႈမ်ားေၾကာင့္ ပုံမ်ား ေပ်ာက္ကြယ္ကုန္ၿပီ ျဖစ္ပါတယ္။

တံခါးမ်ားကို သစ္သားအထူမ်ားျဖင့္ ျပဳလုပ္ထားၿပီး တံခါး ႏွစ္႐ြက္ျဖစ္ပါတယ္။ အဲ့ဒီ တံခါးမ်ားကို အဂၤလိပ္မ်ား သိမ္းပိုက္မႈအၿပီးမွ ျဖဳတ္ခဲ့

ၾကပါတယ္။

ေရွးျမန္မာၿမိဳ႕ေတာ္ေဟာင္း မ်ား၏ ၿမိဳ႕ရိုးေဟာင္း၊ ၊ ၿမိဳ႕ရိုးပ်က္မ်ားကို ယခုတိုင္ေတြ႕ျမင္နိုင္ေပ ေသးသည္။လြန္ခဲ့သည့္

အႏွစ္ ၁ဝဝ ေက်ာ္က မင္းတုန္းမင္း တရားတည္ေဆာက္ခဲ့သည့္ မႏၱေလးၿမိဳ႕ရိုးႀကီးသည္ ဒုတိယ ကမၻာစစ္အတြင္းက

အေျမာက္ဒဏ္မ်ားကို မရႈမလွ ခံခဲ့ရသျဖင့္ အခ်ိဳ႕အ ပိုင္းမ်ားပ်က္စီးခဲ့ေသာ္လည္း ထင္ထင္ရွားရွားပင္ တည္ရွိေနေသး သျဖင့္ျမန္မာတို႔၏ ၿ

မိဳ႕ရိုးအသြင္အျပင္ကို နမူနာေဆာင္လ်က္ရွိေပ ေသးသည္။

ျမန္မာတို႔၏ ၿမိဳ႕ရိုးတြင္ ရွိရေသာ အစိတ္အပိုင္းတို႔ကား တံခါး၊ တံခါးျပ၊ တန္ေဆာင္း၊ ျပာသာဒ္၊ ျပအိုး၊ ပစၥင္၊ ရဲေလာင္း၊ ရင္

တား၊ သူရဲခို၊ မီးတားစသည္တို႔အျပင္ ရန္သူတို႔အလြယ္တကူ ဝင္ေရာက္ျခင္းငွာ မစြမ္းနိုင္ေအာင္ ၿမိဳ႕ရိုးကို ပတ္ရံထားေသာ က်ဳံး တို႔ျ

ဖစ္၏။

ၿမိဳ႕ေတာ္ ေလး မ်က္ႏွာ ဓာတ္တံခါး၄ ရပ္မွာ ျပာသာဒ္ ဘုံ ၇ ဆင့္၊ မိတ္တံခါး ၈ ရပ္မွာ ျပာသာဒ္ ဘုံ ၅ ဆင့္၊ေထာင့္ျပႀကီး ၄ ခု

ႏွင့္ ျပငယ္ ၃၂ မ်ားမွာ ျပာသာဒ္ဘုံ ၅ ဆင့္စီ လုပ္ေဆာင္၍၊ သေစၥးသားရိုး ဟသၤျပဒါး ေ႐ႊခ် မြမ္းမံသည္။

 

ထိုတံခါးေတာ္ ၁၂ ရပ္မွာ လြန္ကဲ၊ ဦးထိပ္၊ ေသာင္းၫႊတ္၊ ကြၽန္းလုံးယူ၊ ေက်ာ္မိုး၊ ရန္နည္၊ ေၾကးမုံ၊ စည္ရွည္၊ ထင္ရွား၊ စည္သာ၊ ေလး

သိန္း၊ မန္းဦး ဟူ၍ ျဖစ္သည္။

ၿမိဳ႕တံခါး ၁၂ ရပ္တို႔၌ တံခါးေပါက္ေနရာမ်ားတြင္ တံခါးတိုင္၏ မွီရာ အုတ္ၿမိဳ႕ရိုး တစ္ဖက္တစ္ခ်က္၌ အဂၤေတတို႔ျဖင့္ အေျပအျပစ္ ကို

င္ၿပီးလွ်င္ ထုံးျဖဴ ေဖြးေဖြးသုတ္၍ တံခါးအထက္မွ ဘုံ ၅ ဆင့္ ဘုံ ၇ ဆင့္ အသီးအသီးရွိၾကေသာ ယြန္းဆက္ေျပ တန္ေဆာ

င္း ျပာသာဒ္ေတာ္ႀကီးမ်ားကို ေ႐ႊဟသၤျပဒါး တို႔ျဖင့္ မြမ္းမံ ျခယ္လွယ္ထားသည္။

တံခါးေပါက္တစ္ခုတစ္ခု၌ ၿမိဳ႕တံခါး တစ္ဖက္တစ္ခ်က္ ကူးလိုေသာအခါ ေလွ်ာက္သြားရန္ ျပဳလုပ္ထားေသာ ရင္ေလွ်ာက္ေခၚနင္းၾကမ္း ပ်

ဥ္ျပားမ်ား၊တံခါး႐ြက္ျပင္ဖက္ကရန္သူတို႔႐ုတ္တရက္ မဝင္သာေအာင္ တစ္ဖက္တစ္ခ်က္ လွ်ိုထိုး ေသာ ရင္တား ေခၚရက္ေဖာက္ သစ္တုံးအဆင့္မ်ားႏွင့္

ထိုရင္တားတိုင္ႀကီး တစ္ဖက္တစ္ခ်က္ကို ညွပ္ထားရန္၊

သို႔မဟုတ္စြပ္ထားရန္ျပဳလုပ္ထားေသာ တုရိုဏ္တိုင္ေခၚ တံခါးတိုင္မ်ား၊ ထို႔ျပင္ၿမိဳ႕ေပါက္အထြက္ၿမိဳ႕တံခါးႏွင့္ တည့္တည့္မွ အလ်ား ၃ တာ၊

အနံ ထု ၁ တာ ခန႔္ရွိေသာမီးတား၊သို႔မဟုတ္မီးကာေခၚ ခိုင္ခံ့လွသည့္အုတ္နံရံႀကီးမ်ားႏွင့္ယင္းအနီးမွအုတ္ပလႅင္ ၃ ဆင့္ခံ၍ ၿမိဳ႕ေတာ္အမ

ည္ေမာ္ကြန္းတင္ထားေသာ ေမာ္ကြန္းတိုင္ႀကီးမ်ား အသီးအသီးရွိသည္။

အလယ္ဗဟို တံခါးမႀကီးမ်ားတြင္ တံခါးအတြက္ လက္ဝဲဖက္ကၿမိဳ႕ေစာင့္နတ္ကူတစ္ခုက်စီျပဳလုပ္ထား၍၊ အလားတူ ၿမိဳ႕ေထာင့္ ၄ ေထာ

င့္တြင္လည္း နတ္ကူမ်ား ရွိ၏။

တံခါးေပါက္မရွိေသာျပထက္မ်ား၌ ၅ တိုင္ စင္ႏွင့္ ဘုံ ၅ ဆင့္ ရွိေသာ ျပာသာဒ္ေဆာင္မ်ား ေပါက္ထားရာ၊ ၿမိဳ႕ ၄ မ်က္ႏွာ ၌ ထို

ကဲ့သို႔ေသာျပငယ္ ၃၂ ရွိၿပီး ျပာသာဒ္လည္း ၃၂ ဆူ ရွိ၏။

ေထာင့္ျပႀကီး ၄ လုံးတို႔၌ကား မလြယ္တံခါးမ်ားမွ ယြန္းဆက္ေျပ တန္ေဆာင္း ျပာသာဒ္မ်ိဳး အတိုင္း ဘုံ ၅ ဆင့္ႏွင့္ ျပဳ

လုပ္ထားသည္။တံခါးျပအိုးတို႔၏ မွီရာတည္ရာ ေအာက္အေျခခံမွာ ထု ၁ တာ၊ အျမင့္ ရဲခိုပါ ၁၈ ေတာင္ရွိေသာ အုတ္ၿမိဳ႕ရိုးႀကီးပင္ ျဖ

စ္သည္။

 

အုတ္ရိုးသက္ သက္ကို ေျမနီသ႐ြတ္ျဖင့္ အၾကမ္းစီစီၿပီးမွ အတြင္းဖက္ တြင္ ဆင္ေျခေလွ်ာ ေျမဖို႔လုပ္ေဆာင္ထားျခင္းျ

ဖစ္သည္။

အုတ္ၿမိဳ႕ရိုး အထက္တြင္ သူရဲခို ေခၚ အုတ္စိန္ေတာင္မ်ား ေပါက္ ထားၿပီးလွ်င္ ယင္း၏ အတြင္းဖက္ၿမိဳ႕ရိုးထိပ္တေလ်ာက္တြင္ သူရဲေျ

ပးေခၚ ျစကႍလမ္းတစ္ခု ၿမိဳ႕ရိုးကို ပတ္၍ ျပဳလုပ္ ထားသည္။တျပႏွင့္ တျပ အၾကား၌ သူရဲခိုေပါင္း ၇ဝ ေက်ာ္ရွိ၏။ ျပထက္

ရွိ ျပေဆာင္ကို ပစၥင္ဟု ေခၚသည္။

စစ္မက္ အေရးအရာ ရွိေသာအခါ အေျမာက္မၾတပူ၊ စိန္၊ သစ္တုံး၊ ပြဲလ်က္ေရ၊ ခဲေရ၊ သံေရတို႔ျဖင့္ ပစ္ေဖာက္ သြန္းေလာင္းရာ

ဌာနျဖစ္၍ ပစၥင္ေခၚေၾကာင္း ဆိုသည္။

ဤသို႔လွ်င္ စတုရန္း ၄ မ်က္ႏွာ တာေပါင္း ၂၄ဝဝ ရွိေသာ ၿမိဳ႕ရိုးတစ္ေလွ်ာက္တြင္ တံခါးႀကီး ၁၂ ေပါက္၊ ေထာင့္ျပႀကီး

၄ လုံးႏွင့္ ျပငယ္ ၃၂ ခုရွိသည့္ အားေလ်ာ္စြာ ၄၈ ဌာနတို႔၌

ျပာသာဒ္ ေဆာင္ေပါင္း ၄၈ ေဆာင္ ရွိသည္ကို စေလဆရာ ဦးပုညကရတနာနဒီ ေမာ္ကြန္းတြင္ ဓာတုမ႑၊ ပတ္လည္ခ်သား၊ ကြနးမျပာ

သာဒ္၊ ဒြါဒရသ္လည္း၊ မ်ဥ္းခတ္တသြန္၊ စတုကဏ္၌

ဗိမာန္ေလးသြယ္၊ ဘဝဂ္ကယ္မွ်၊ တနယ္တနယ္၊ တလာပယ္မူ၊ ေ႐ႊၾကယ္ေငြၾကယ္၊ မ်က္စုံျခယ္လ်က္၊ တိမ္စြယ္ထဲေခ်ာင္၊ ရဲရဲေျပာင္သည္၊ ရွ

စ္ေဆာင္ရွစ္ေဆာင္၊ ရစ္ျမႇောင္ဝန္းလည္၊႐ႊန္း႐ႊန္းၾကည္မွ်၊ ေရာင္ျခည္တြဲ႕တြဲ႕၊ ယိုအံ့ကဲ့သို႔၊ ေလးဆယ့္ရွစ္တန္၊ ေဝဇယန္လ

ည္း၊ ဘုန္းဝွန္သတိုး၊ ရွင့္တန္ခိုးေၾကာင့္၊ လိုစိုးမ်က္ေမွာက္၊ ေျမမွေပါက္ ၏ ဟု စပ္ဆိုခဲ့ေလသည္။

ဤအုတ္ၿမိဳ႕ရိုး ပတ္လည္တစ္ေလွ်ာက္တြင္ကား ၿမိဳ႕ဥပစာတာ ၂ဝ ခန႔္ ေျမလြတ္ထားၿပီးလွ်င္၊ တာ ၂ဝ က်ယ္ေသာ ေရက်ဳံး ေတာ္ႀကီးျ

ဖင့္ ၿမိဳ႕ ၄ မ်က္ႏွာကို ထုတ္ခ်င္းခတ္ပတ္ထားသည္။

အင္းဝ၊ အမရပူရ ၿမိဳ႕ေဟာင္းမ်ားႏွင့္ ႏွိုင္းယွဥ္လွ်င္မႏၱေလးၿမိဳ႕ေတာ္သည္ က်ဳံးေလးမ်က္ႏွာျဖင့္ ထုတ္ခ်င္းခတ္ ပတ္မိေ

သာၿမိဳ႕ေတာ္ျဖစ္ ေလသည္။က်ဳံးေတာ္တြင္းသို႔ ရတနာနဒီ ေျမာင္းေတာ္မွ ေရမ်ားသယ္ယူ ျဖည့္ တင္းထားကာ၊ ေရ

သစ္ေရေဟာင္း မျပတ္လဲလွယ္ေပး၍အၿမဲတမ္း ၾကည္လင္သန႔္ရွင္းသည္။

မင္းဧကရာဇ္တို႔ ၿမိဳ႕သိမ္း မဂၤလာ အခမ္းအနား ျပဳလုပ္ေသာ အခါ၌ က်ဳံးေတာ္တြင္းမွာ ေရ သဘင္ ပြဲေတာ္ကို တခမ္းတနား

ျပဳလုပ္သည္။က်ဳံးကူးတံတား မ်ားမွ အလယ္နင္းၾကမ္းပ်ဥ္ကို ျဖဳတ္ယူထားနိုင္၍၊ ၿမိဳ႕ေတာ္ကို ေ႐ႊေလွ ေ႐ႊေလာင္း ေဖာင္ေတာ္

တို႔ျဖင့္ လွည့္ပတ္နိုင္သည္။

ေန႕စဥ္ ညဉ့္တစ္ခ်က္တီးတစ္ခါ၊ ၂ ခ်က္တီးတစ္ခါ၊ ၃ ခ်က္တီး တစ္ခါ တံခါးေစာင့္မ်ားက နရီးဆရာတီး၍ ေရကင္းလွည့္ ၾကရသည္။က်ဳံးကူးတံ

တားမွာ အလယ္ဓာတ္ တံခါးႀကီးမ်ားတြင္ သာ ထားရိုး ျဖစ္ေသာ္လည္း၊ အေနာက္မ်က္ႏွာက မိတ္တံခါး ျဖစ္ေသာ

အာဠဝီ(ေၾကးမုံ) တံတားတြင္လည္း တစ္ခုပို၍ ျပဳလုပ္ထားသ ျဖင့္ တံတား ၅ စင္းရွိသည္။၂ ဖက္ကမ္းထိပ္၌ ခပ္ေမာ့ေမာ့ႏွင့္

လက္႐ုံးတပ္ဆင္ထားေသာ အုတ္ခုံႀကီးမ်ား ျပဳလုပ္ထားၿပီးလွ်င္ က်ဳံးလယ္တြင္တံတားနင္းၾကမ္းအရွင္ျဖင့္ ကူးဆက္ထားေလသည္။crd ျမန္မာ

ဝီကီပီးဒီးယားမွ ကူးယူေဖာ္ျပသည္။

crd