အေထြေထြဗဟုသုတ

ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်များ….

ရိုးသားမှုဆိုတာ ဂုဏ်တစ်ခုပါပဲ။ ဒီလို ရိုးသားမှုမျိုးက လူတိုင်းမှာ မရှိနိုင်လို့ ရိုးသားသူတွေက လေးစားစရာ ကောင်းလှပါတယ်။ ဒါပေမယ့်လည်း အဆိုးနဲ့အကောင်း ဒွန်တွဲနေသလို ရိုးသားတာကပဲ အားနည်းချက် ဖြစ်သွားတတ်ပါတယ်။ ရိုးသားမှုကြောင့် ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်…

(1) အလိမ်ခံရမယ်

ရိုးသားတဲ့သူတွေရဲ့ အကျင့်တစ်ခုက စိတ်ခံအတိုင်း တွေးကြတာပါ။ ကိုယ့်လို ရိုးသားမယ် ထင်ပြီး ဟန်ဆောင်တာတောင် မရိပ်မိတတ်ကြပါဘူးအဖြောင့်အတိုင်း အမှန်အတိုင်း တွေးတတ်တာက လိမ်ချင်သူတွေအတွက်တော့ သဘောကျစရာ အချက် ဖြစ်နေတတ်ပါတယ်။

(2) ပစ်မှတ်ထားခံရမယ်

မကောင်းတဲ့သူတွေက ဘယ်တော့မှ သူတို့လိုလူတွေနဲ့ လည်တဲ့သူတွေကို ပစ်မှတ် မထားကြပါဘူး။ ရိုးသားတဲ့သူ၊ မသိနားမလည်တဲ့သူနဲ့ နုံအသူတွေကိုသာ အဓိက ပစ်မှတ်ထားပြီးလိမ်လည်ဖို့ ရာဇဝတ် ကျူးလွန်ဖို့ ပြုလုပ်တတ်ကြတာပါ။ သင့်ရဲ့ ရိုးသားမှုက ရာဇဝတ်မှုတွေကို လက်ယပ်ခေါ်နေသလိုလည်း ဖြစ်နေနိုင်ပါတယ်။

(3) လွယ်တယ် ထင်ခံရတယ်

ရိုးသားတဲ့သူအများစုကတော့ သိကြတတ်ကြရင်တောင်မှ ကိုယ့်အပေါ် မရိုးသားတာ လုပ်တာကို သူ့ကံနဲ့သူ သွားပါစေလို့ တွေးလိုက်ကြတာ များပါတယ်။ဒီလိုမျိုး မသိချင်ယောင်ဆောင်ပေးတတတာမျိုးက ကိုယ့်အတွေးနဲ့ဆို ဟုတ်သယောင် ရှိပေမယ့် မကောင်းတဲ့ သူတွေနဲ့ သင့်ကို အသုံးချတဲ့ သူတွေကတော့ သင်က လွယ်လိုက် တာလို့ ထင်သွား တတ်ကြပါတယ်။

(4) နုံတဲ့သူတစ်ယောက်လို ဆက်ဆံခံရနိုင်တယ်

သင့်ရဲ့ရိုးသားမှုက အားသာချက်လို့ ထင်နိုင်ပေမယ့် တစ်ချို့သူတွေအတွက်တော့ သင့်ရဲ့ရိုးသားမှုက သူတို့အတွက် အခွင့်ကောင်း ဖြစ်ပါတယ်သင့်ရဲ့ ရိုးသားတဲ့ အချက်ကို အသုံးချပြီး သင့်ကို လူလည်ကျသွားတာတွေ ရှိတတ်ပါတယ်။ သူတို့အမြင်မှာတော့ သင်က နုံတဲ့သူတစ်ယောက် ဖြစ်နေမှာပါ။

(5) အခွင့်အရေး ဆုံးရှုံးရမယ်

ရိုးသားတဲ့သူတွေက မရိုးမသား ဖြစ်သွားမှာ သိပ်ကိုဝန်လေးတာကြောင့် အခွင့်အရေးတွေ ကိုယ့်ဆီလာရင်တောင် သံသယတွေ ပွားနေတတ်ပါတယ်ဒါကြောင့် လက်လွှတ်ရတဲ့ အခွင့်အရေးတွေလည်း ရှိပြီး သူများကို ဦးစားပေးလိုက်တာမျိုးလည်း ရှိလို့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရတတ်ပါတယ်။

crd

Unicode