နိုင္ငံတကာသတင္း

ခြေဦးတည့်ရာ သွားနေတဲ့(၃)နှစ်သားလေးကို လိုက်ပြီး ကာကွယ်ပေးခဲ့တဲ့ ခွေးလေးတွေ

ဖလော်ရီဒါပြည်နယ်က မိသားစုတစုခမျာ တသက်လုံး မေ့ဖျောက်ပစ်လို့ မရနိုင်တော့မယ့် ကံကြမ္မာဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့လိုက်ရပါတယ်။ အဲဒါကတော့ သူတို့မိသားစုရဲ့ သားလေးမာရှယ် ရုတ်တရတ် ပျောက်ဆုံးသွားခဲ့တာပါ။

 

သားလေးမာရှယ် က အသက်သုံးနှစ်သာ ရှိပါသေးတယ်။ ဒါ့အပြင် အော်တစ်ဇင်ရောဂါကိုလည်း ခံစားနေရရှာတာကြောင့် စကားမပြောတတ်သေးပါဘူး။ သူ့ကို နောက်ဆုံး မြင်တွေ့လိုက်ရတာကလည်း အတွင်းခံဘောင်းဘီလေးနဲ့သာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့မိသားစုတခုလုံး ဘယ်လောက်ထိ စိုးရိမ်သောကရောက်ရမလဲ ဆိုတာ ကိုယ်ချင်းစာပေးနိုင်ပါပြီ။ မတွေးရဲလောက်စရာ မတော်တဆအားလုံးကို ကြိုတင်တွက်ဆပြီး ပူဆွေးဝမ်းနည်းစွာနဲ့ သူတို့ကိုယ်သူတို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားကြရပါတယ်။

ခွေးလေးနှစ်ကောင်ကြောင့် သေကံမရောက်ခဲ့တဲ့ သုံးနှစ် သားလေးမာရှယ်
Image credits: Walton County Sheriff, Michael A. Adkinson, Jr.
သူတို့အတွက် မျှော်လင့်ချက်ဆိုလို့ သားလေးမာရှယ်နဲ့အတူ အိမ်က အချစ်တော်ခွေးလေး နှစ်ကောင် အတူပါသွားခဲ့တာပဲ ရှိနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီခွေးလေးတွေအပေါ် အရမ်းကြီး မျှော်လင့်ထားတယ်ဆိုတာ ရူးမိုက်လို့ပဲ ဖြစ်ပါလိမ့်မယ်။

သားလေးမာရှယ်ကို သူတို့ဘာသာသူတို့ ရှာဖွေလို့ မရတော့တဲ့အဆုံး သူ ပျောက်ဆုံးသွားပြီး တနာရီကြာတဲ့အခါ ရဲစခန်းကို အကြောင်းကြားခဲ့ကြပါတယ်။ ဒေသခံရဲတွေက ဒီကိစ္စအတွက် အရေးပေါ် အစီအမံတွေ ချက်ချင်း ဆောင်ရွက်ခဲ့ပြီး အနံ့ခံခွေးတွေကိုလည်း ချက်ချင်း လွှတ်ပေးခဲ့ပါတယ်။

သားလေးမာရှယ်ရဲ့ ပုံကို ဒေသတခုလုံးဆီ ဖြန့်ဝေပေးခဲ့သလို အိမ်နီးချင်းတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လာရောက်ပါဝင်ပြီး တတ်တတ်ကြွကြွ ကူညီရှာဖွေ ပေးခဲ့ကြပါတယ်။ ကျန်ရစ်သူ မိသားစုအတွက် မိနစ်တိုင်းက တကယ့်ကို လောကငရဲသဖွယ်ပါပဲ။

ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ အိမ်နီးချင်းတဦးက သားလေးမာရှယ်ကို စတင် တွေ့ရှိခဲ့ပါတယ်။ အိမ်က ပျောက်သွားစဉ်ကအတိုင်း အတွင်းခံဘောင်းဘီနဲ့သာ ဖြစ်ပြီး သူ့ရဲ့နံဘေးမှာတော့ ခွေးလေးနှစ်ကောင်က တွဲလျက်ပါပဲ။ သူတို့လေးတွေက သားလေးမာရှယ်ကို မျက်စိအောက်ကနေ လုံးဝ အပျောက်မခံခဲ့ကြပါဘူး။

ခွေးလေးနှစ်ကောင်ကြောင့် သေကံမရောက်ခဲ့တဲ့ သုံးနှစ် သားလေးမာရှယ်
Image credits: Walton County Sheriff, Michael A. Adkinson, Jr.
သေရွာပြန်ခွေးလေးတစ်ကောင်ရဲ့ မေတ္တာရှာပုံတော်ခရီး
တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ခွေးကလေး
ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအဖွဲ့တွေက သားလေးမာရှယ် ကို အိမ်ကို ပြန်မပို့ခင် တခုခု မှားယွင်းမှု ရှိ၊ မရှိ စစ်ဆေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် တကိုယ်လုံး ညစ်ပေနေတာကလွဲရင် သားလေးမာရှယ်က လုံးဝ အရင်အတိုင်းပါပဲ။ သူ့ရဲ့ သက်တော်စောင့်နှစ်ဦးနဲ့အတူ လမ်းသလားရတာကိုတောင် တသက်မမေ့နိုင်မယ့်ပုံ ပျော်ရွှင်ကြည်နူးလို့ နေပါတယ်။

“ကျနော်တို့အနေနဲ့ သားလေးမာရှယ် ကို အကောင်းပကတိအတိုင်း ပြန်တွေ့လိုက်ရတာက ထူးဆန်းအံ့ဩဖွယ်ရာ တခုလို့တောင် မပြောချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အချစ်တော် ခွေးလေးတွေက သူတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လို့သာ အခုလို ဖြစ်လာတာမို့ပါ။ ဘယ်သူပဲ ဖြစ်ပါစေ ခွေးလေးတွေရဲ့ အကာအကွယ်နဲ့ဆိုရင် ဒီအတိုင်းပဲ ကြုံတွေ့ရမှာပါပဲ” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ကူညီပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်စကား ပြောကြားတဲ့အခါမှာ ရှင်းပြပေးခဲ့ပါတယ်။

ခွေးလေးနှစ်ကောင်ကြောင့် သေကံမရောက်ခဲ့တဲ့ သုံးနှစ် သားလေးမာရှယ်
Image credits: WJHG
သားလေးမာရှယ်ရဲ့ ခွေးလေးတွေနည်းတူ တခြားခွေးလေးတွေ အားလုံးကလည်း တကယ့် အံ့ဩစရာ သတ္တဝါလေးတွေချည်းပါပဲ။ သစ္စာရှိမှု၊ ကိုယ့်အပေါ် သံယောဇဉ် ကြီးမှု စတာတွေမှာ လူတွေအချင်းချင်းတောင် လိုက်မမီနိုင်ပါဘူး။ ဒါကြောင့်ပဲ လောကကြီးမှာ သူတို့ကိုယ်သူတို့ထက် ကိုယ့်ကို ပိုချစ်တာ ခွေးလေးတွေသာ ဖြစ်တယ်လို့ ဆိုနေကြပါတော့တယ်။

crd