ဒီနေ့ညကတော့ပရဟိတလုပ်ဆောင်ခဲ့သမျှထဲမှာထိတ်လန့်စရာအကောင်းဆုံးအနေအထားတခုဘယ်တော့မှမမေ့နိူင်တော့ပါ။ သေခါနီးလေး သုံးလောင်းပြိုင်လား၊လေးလောင်းပြိုင်လားမသိတော့ဘူး။ စာရေးနေရင်းကို ကြောက်ဒူးတွေပါတုန်နေတုန်း။
ဖြစ်ပုံက ရန်ကုန်ပိုးတွေ့လူနာနဲ့ထိတွေ့ဆက်စပ်ခဲ့တဲ့ စိတ္တဇဆန်ဆန်လူနာအား ကလေးမြို့ ဆေးရုံကြီးသို့ဆေးစစ်ပို့ဆောင်ဖို့ရာအခက်အခဲအမျိုးမျိုးနဲ့ရောက်သွားခဲ့တယ်။ ရန်ပြုတာများလို့ရဲအစောင့်အရှောက်လိုက်ပါကူညီပေးကြပါတယ်။
ကြိုးကိုလက်ခြေအကုန်တုပ်ထားကာစိတ်ငြိမ်ဆေးထိုးပေးပြီး ကျွန်တော်တို့သုံးယောက်ရယ် ဆရာမနှစ်ယောက်ရယ်PPEချွတ်နေတုန်း စောင့်ကြည့်နေတဲ့ဆရာမကလှမ်းအော်ပြောတာ လူနာထနေပြီတဲ့ ကျွန်တော်နဲ့ဆရာမနှစ်ယောက်ပဲကျန်တော့တာ PPEကမချွတ်ရသေး၊ သွားကြည့်ကြမယ်ဆိုပြီးမှန်ကနေကြည့်တော့မမြင်ရဘူး။
တံခါးလည်းဖွင့်မယ်လုပ်တော့ အထဲကနေစောင့်ကန်ပြီးဖွင့်လိုက်တာသုံးယောက်သားထွေးကနဲလဲသွားတယ်။ အဲ့ချိန်မှာလက်ထဲမှာက တဖက်ကဝါယာကြိုး တဖက်ကကပ်ကြေးကြီးနဲ့ ထွက်လာရော ဆရာမတွေကိုပြေးပြေးလို့အော်ပြီး PPEချွတ်တဲ့အခန်းထဲဝင်ပြေးကြတယ်။
တံခါးဂျက်ထိုးပြီးဆရာမရေ အောက်ကလူတွေအကူအညီတောင်းဆိုပြီး တံခါးကိုတင်းခံထားတာ ဆောင့်လည်းကန်ရော နောက်တံခါးတချပ်ဂျက်ပျက်စီးသွားပြန်ရော အဲ့ချိန်မှာကာယကံမေတ္တာ ဥက္ကဋ္ဌနဲ့ကျော်ထိုက်ဦးရောက်လာပြီးခြောက်လိုက်တာ မဟုတ်ရင်သေမှာ ခုခံစရာဘာမှကိုမရှိတာလိုက်ရှာလည်းမတွေ့ဘူး။ ဖိနပ်ရယ်PPEဝတ်စုံရယ်ပဲရှိတာ လူကိုအားငယ်ချက်ဗျာ။
နောက်တော့ ဖုန်းဆက်ထားလို့ဆေးရုံကြီးအချုပ်ခန်းစောင့် ရဲတပ်သားသုံးဦးလာတော့အားရှိလာတယ်။ ရှေ့တံခါးကိုမဲနေချိန် အနောက်ဖက်မှာဘယ်အချိန်ရောက်လာလဲကိုမသိတော့ဘူး။
ရဲတွေလဲကြောက်ကြောက်နဲ့ကပ်ကြေးချဖို့ဖျောင်းဖျတာ မြန်ချက်ဗျာ ကပ်ကြေးနဲ့နှစ်ချက်ဆက်ထိုးပလိုက်တာ ရဲတဦးနံရိုးကြားထိုးမိသွားတယ်။ အဲ့ချိန်မှာလူတွေလည်းခြောက်ယောက်လောက်ရှိတော့ဝိုင်းပြီးတွေ့ကရာတွေနဲ့ကောက်ရိုက်ကြတာ ပြန်ခုခံတာကြမ်းတယ်ဗျာ။
ကလေးဗော်လန်တီယာဥက္ကဋ္ဌကိုမင်းနိူင်စိုးကော နားရွက်တဖက်စုတ်သွားတယ်။ နောက်တော့ဒဏ်ရာရရဲကို OPDပြေးပြီးပြ၊ အခြေအနေမစိုးရိမ်ရလို့တော်သေးဗျာ။ နံရိုးကြားထဲထိသွားတာ၊ ဒီလူသာပိုးရှိရင်တော့ ကျွန်တော်တို့အုပ်စုကတော့သွားပါပြီဗျာ။
အနည်းဆုံးနှစ်ဆယ်ဦးလောက်ကတော့Qဝင်ရတော့မယ် ပိုးမတွေ့ပါစေနဲ့ဗျာ။ဘယ်လောက်ဇယားလုပ်သလည်းမပြောနဲ့ပြည်သူ့ရဲတွေရော ပရဟိတအသင်းတွေရော Kale Volunteer တွေရော ည ၂ နာရီကျော်အထိ မနားကြရဘူး။
အိမ်ရောက်တော့ သားကအနားလာနေလို့ အဖေ့နားလာမကပ်နဲ့လို့ပြောရသေးတယ်။ ပြန်ရောက်တာနဲ့ရေချိုးပြီး ညတော့ တစ်ယောက်ထဲသီးသန့်အိပ်နေတော့မယ်။
ကလေးမြို့လေး အေးချမ်းစေချင်ပြီဗျာ
ဥက္ကာမင်းထွဋ်