ျပည္တြင္းသတင္း

NUG မှ D day စပြီဖြစ်‌ကြောင်း ကြေငြာ

အမ်ိဳးသားညီညြတ္ေရးအစိုးရ

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္

https://nugmyanmar.org

အမိန႔္ေၾကညာခ်က္အမွတ္ (၁/၂၀၂၁)

၇ စက္တင္ဘာလ ၂၀၂၁

“အေရးေပၚအေျခအေန ေၾကညာျခင္း”

၁။ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္တြင္ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ စတင္၍ စစ္ေကာင္စီသည္ နိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို လက္နက္အားကိုးျဖင့္ အဓမၼလုယူသိမ္းပိုက္ထား႐ုံမက ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို ထိပါး အၾကမ္းဖက္ အႏၲရာယ္ျပဳလ်က္ရွိျခင္း၊ ျပည္သူမ်ားကလည္း နည္းလမ္းစုံျဖင့္ စစ္အာဏာရွင္အုပ္စိုးမႈအား ခုခံတြန္းလွန္လ်က္ရွိျခင္း၊ ယခုအခါ တရားမဝင္ စစ္အုပ္ခ်ဳပ္ေရး ယႏၲရား တစ္ခုလုံးကို အၿပီးတိုင္ ဖ်က္သိမ္းပစ္ရန္ လိုအပ္လာျခင္း ဟူေသာ ျဖစ္ေပၚေျပာင္းလဲလ်က္ရွိသည့္ အေျခအေန အရပ္ရပ္ေၾကာင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရသည္ ယေန႔ ၂၀၂၁ခုႏွစ္ စက္တင္ဘာလ ၇ ရက္မွ စတင္၍ နိုင္ငံေတာ္အား အေရးေပၚ အေျခအေနအျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာလိုက္သည္။

၂။ အေရးေပၚအေျခအေန သက္ေရာက္သည့္နယ္ေျမသည္ ျပည္ေထာင္စုနိုင္ငံေတာ္တစ္ဝန္းလုံး ျဖစ္ၿပီး၊ အခ်ိန္ကာလအားျဖင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအာဏာ ျပန္လည္ ထူေထာင္နိုင္သည့္ အခ်ိန္အထိ သတ္မွတ္သည္။

ဒူဝါလရွီးလ

ယာယီသမၼတ

အမ်ိဳးသားညီညြတ္ေရးအစိုးရ

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္။

National Unity Government of Myanmar

https://www.facebook.com/NUGmyanmar

unicode

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

https://nugmyanmar.org

အမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)

၇ စက်တင်ဘာလ ၂၀၂၁

“အရေးပေါ်အခြေအနေ ကြေညာခြင်း”

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

၂။ အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်သည်။

ဒူဝါလရှီးလ

ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

National Unity Government of Myanmar

https://www.facebook.com/NUGmyanmar