အနုပညာသတင္း

ဓမၼဘက္ေတာ္သားေတြကုိ နတ္ေကာင္းနတ္ျမတ္ေတြေစာင့္ေရွာက္ပါေစလုိ႔ ဆုိလာတဲ့ ဒါရုိက္တာ ခရစၥတီးနားခီရဲ႔ဆုေတာင္းစကား

ဓမၼဘက္ေတာ္သားေတြကုိ နတ္ေကာင္းနတ္ျမတ္ေတြေစာင့္ေရွာက္ပါေစလုိ႔ ဆုိလာတဲ့ ဒါရုိက္တာ ခရစၥတီးနားခီရဲ႔ဆုေတာင္းစကား

ျမန္မာ့႐ုပ္႐ွင္ေလာကမွာ သက္တမ္းႏုၿပီးေတာ့ ပရိသတ္ေတြရဲ႕ရင္ထဲကို ထိေရာက္စြာဆြဲေဆာင္ႏိုင္ခဲ့တာကေတာ့ ခီေမာင္ႏွံတို႔ပဲ ျဖစ္ပါတယ္…. ခရစ္စတီးနားခီကေတာ့ ခင္ပြန္းျဖစ္သူကို မင္းသားတင္႐ိုက္ၿပီး ကိုယ္တိုင္က ဒါ႐ိုက္တာလုပ္ၿပီး ထက္ျမက္တဲ့ အိမ္႐ွင္မေကာင္းပဲ ျဖစ္ပါတယ္. ခရစ္စတီးနားခီနဲ႔ ဇာဏ္ခီတို႔ဇနီးေမာင္ႏွံကေတာ့ ႐ုပ္႐ွင္ကား အနည္းငယ္နဲ႔တင္ မတူကြဲျပားစြာ ထိုးေဖာက္ႏိုင္တာေၾကာင့္

သူတို႔ရဲ႕ ႐ုပ္႐ွင္ကားေတြကို ေစာင့္ေမွ်ာ္ေနၾကတာ ျဖစ္ပါတယ္။လက္႐ွိမွာေတာ့ သူတို႔ မိသားစုဟာ အာ႐ွႏိုင္ငံတခုမွာ ေရာက္႐ွိေနပါတယ္။ သ႐ုပ္ေဆာင္ဇဏ္ခီကေတာ့ ထိန္းသိမ္းခံရခ်ိန္ ကာလတုန္းက ေဆးကုသခြင့္မရတဲ့သူ႕ရဲ႕ နဂိုေရာဂါအခံျဖစ္တဲ့ အ႐ိုးအေၾကာေရာဂါကပိုမိုဆိုး႐ြားခဲ့တာေၾကာင့္ လက္႐ွိမွာ အခုေရာက္႐ွိေနတဲ့ႏိုင္ငံမွာ ေဆးကုသမႈခံယူေနရတယ္လို႔ ဆိုပါတယ္။ စက္တင္ဘာ ၇ ရက္ေန႔မွာ

စတင္ၾကားခဲ့ရတဲ့ ျပည္သူေတြအတြက္ အေရးႀကီးတဲ့ D Day ေရာက္လာေတာ့မယ္လို႔ သတင္းေတြထြက္လာၿပီးေနာက္ပိုင္းမွာေတာ့ ျပည္သူေတြနဲ႔အတူ အႏုပညာ႐ွင္ေတြလည္း ရင္ခုန္စိတ္လႈပ္႐ွားခဲ့ရတာ ျဖစ္ပါတယ္ေနာ္။ ဒီေန႔ေလးမွာေတာ့ ခရစ္စတီးနားခီက ” ညတိုင္းဆိုျဖစ္တဲ့ အမိေျမအတြက္ သစၥာတရားနဲ႔ဆုေတာင္း .. ဓမၼနဲ႔အဓမၼတိုက္ပြဲမွာ နတ္ေကာင္းနတ္ျမတ္မ်ားက ဓမၼဘက္ေတာ္သားမ်ားကို ေစာင့္ေ႐ွာက္ပါေစ ။ ျမန္မာျပည္ႀကီးေသြးေခ်ာင္းမစီးေစဘဲ

နတ္ေကာင္းနတ္ျမတ္မ်ားရဲ႕ ေစာင့္ေ႐ွာက္မႈနဲ႔ ဓမၼဘက္မွာ ရပ္တည္မဲ့ သူေတြေပါမ်ားလာပါေစ ၊ ဒီေျမေပၚမွာ ပြင့္သည့္ပန္း ပန္ဆင္ခြင့္မ႐ွိေတာ့ရင္ေတာင္ ဒီေျမမွာ မိစၧာေတြကင္းၿပီး လွပတဲ့အဖူးအပြင့္ကို ဒီေျမေပၚတြင္႐ွိေသာခ်စ္စရာေကာင္းတဲ့ ျမန္မာျပည္သူ ျပည္သားမ်ား အျမန္ဆုံးေအးခ်မ္းစြာ ခံစားခြင့္ရ႐ွိၾကပါေစ ” ဆိုၿပီး သူမရဲ႕ Instagram မွာေရးသားလာခဲ့ပါတယ္။

Source: christina -kyi
crd
ဓမ္မဘက်တော်သားတွေကို နတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်ပါစေလို့ ဆိုလာတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ဆုတောင်းစကား

မြန်မာ့ရုပ်ရှင်လောကမှာ သက်တမ်းနုပြီးတော့ ပရိသတ်တွေရဲ့ရင်ထဲကို ထိရောက်စွာဆွဲဆောင်နိုင်ခဲ့တာကတော့ ခီမောင်နှံတို့ပဲ ဖြစ်ပါတယ်…. ခရစ်စတီးနားခီကတော့ ခင်ပွန်းဖြစ်သူကို မင်းသားတင်ရိုက်ပြီး ကိုယ်တိုင်က ဒါရိုက်တာလုပ်ပြီး ထက်မြက်တဲ့ အိမ်ရှင်မကောင်းပဲ ဖြစ်ပါတယ်. ခရစ်စတီးနားခီနဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံကတော့ ရုပ်ရှင်ကား အနည်းငယ်နဲ့တင် မတူကွဲပြားစွာ ထိုးဖောက်နိုင်တာကြောင့်

သူတို့ရဲ့ ရုပ်ရှင်ကားတွေကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ သူတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာ ရောက်ရှိနေပါတယ်။ သရုပ်ဆောင်ဇဏ်ခီကတော့ ထိန်းသိမ်းခံရချိန် ကာလတုန်းက ဆေးကုသခွင့်မရတဲ့သူ့ရဲ့ နဂိုရောဂါအခံဖြစ်တဲ့ အရိုးအကြောရောဂါကပိုမိုဆိုးရွားခဲ့တာကြောင့် လက်ရှိမှာ အခုရောက်ရှိနေတဲ့နိုင်ငံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာ

စတင်ကြားခဲ့ရတဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ D Day ရောက်လာတော့မယ်လို့ သတင်းတွေထွက်လာပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာ ဖြစ်ပါတယ်နော်။ ဒီနေ့လေးမှာတော့ ခရစ်စတီးနားခီက ” ညတိုင်းဆိုဖြစ်တဲ့ အမိမြေအတွက် သစ္စာတရားနဲ့ဆုတောင်း .. ဓမ္မနဲ့အဓမ္မတိုက်ပွဲမှာ နတ်ကောင်းနတ်မြတ်များက ဓမ္မဘက်တော်သားများကို စောင့်ရှောက်ပါစေ ။ မြန်မာပြည်ကြီးသွေးချောင်းမစီးစေဘဲ

နတ်ကောင်းနတ်မြတ်များရဲ့ စောင့်ရှောက်မှုနဲ့ ဓမ္မဘက်မှာ ရပ်တည်မဲ့ သူတွေပေါများလာပါစေ ၊ ဒီမြေပေါ်မှာ ပွင့်သည့်ပန်း ပန်ဆင်ခွင့်မရှိတော့ရင်တောင် ဒီမြေမှာ မိစ္ဆာတွေကင်းပြီး လှပတဲ့အဖူးအပွင့်ကို ဒီမြေပေါ်တွင်ရှိသောချစ်စရာကောင်းတဲ့ မြန်မာပြည်သူ ပြည်သားများ အမြန်ဆုံးအေးချမ်းစွာ ခံစားခွင့်ရရှိကြပါစေ ” ဆိုပြီး သူမရဲ့ Instagram မှာရေးသားလာခဲ့ပါတယ်။

Source: christina -kyi
crd