အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို COVID-19တိုက်ဖျက်ရာမှာ အသုံးပြုဖို့အတွက် Remdesivirထိုးဆေးအလုံး(၃၀၀၀)ကျော်ကို ဒီကနေ့မှာ ပေးအပ်လှူဒါန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ ရုံးက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane အိန္ဒိယနိုင်ငံနိုင်ငံခြားရေးအတွင်းဝန်Shri Harsh V Shringla မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumarတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။
အခုလှူဒါန်းလိုက်တဲ့ထိုးဆေးဟာ လက်ရှိအိန္ဒိယနိုင်ငံမှာလည်း အသုံးပြုနေပြီး COVID-19ရောဂါပြင်းထန်တဲ့လူနာတွေနဲ့ ရောဂါအသင့်အတင့် ပြင်းထန်းသူတွေကို ကုသရာမှာ အသုံးပြုတဲ့ ထိုးဆေးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း နှစ်နိုင်ငံအရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။credit:One News Myanmar
unicode . . .
အိန္ဒိယက မြန်မာကို Remdesivir ထိုးဆေးအလုံး (၃၀၀၀) ကျော်လှူ
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို COVID-19တိုက်ဖျက်ရာမှာ အသုံးပြုဖို့အတွက် Remdesivirထိုးဆေးအလုံး(၃၀၀၀) ကျော်ကို ဒီကနေ့မှာ ပေးအပ်လှူဒါန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ ရုံးက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane အိန္ဒိယနိုင်ငံနိုင်ငံခြားရေးအတွင်းဝန်Shri Harsh V Shringla မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမ တ်ကြီး Shri Saurabh Kumarတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး လွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပါတယ်။
အခုလှူဒါန်းလိုက်တဲ့ထိုးဆေးဟာ လက်ရှိ အိန္ဒိယနိုင်ငံ မှာလည်း အသုံးပြုနေပြီး COVID-19 ရောဂါပြင်းထန်တဲ့ လူနာတွေနဲ့ ရောဂါ အသင့်အတင့် ပြင်းထန်းသူတွေကို ကုသရာမှာ အသုံးပြုတဲ့ ထိုးဆေးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း နှစ်နိုင်ငံအရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။credit: One News Myanmar