အေထြေထြဗဟုသုတ

“မိန်းမတို့အလှ အိပ်ယာထ”ဆိုတာက တကယ်တော့ လေးနက်တဲ့ရှေးဆိုးရိုးတစ်ခုပါ…

မိန်းမတို့အလှ အိပ်ယာထတဲ့။ ဒီဆိုရိုးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူတွေ ရှိနေကြပါလိမ့်မယ်။

ရှေးလူကြီးတွေရဲ့ အဆိုအရ မိန်းကလေး ရယ်လို့ ဖြစ်လာ ခဲ့ပြီ ဆိုရင် အရွယ်ရောက် လာလို့ အိပ်ယာနိုးတဲ့အခါမှာ ကိုယ်လက်သန့်စင်မှုနဲ့ အစပြုရပါတယ်။

ထို့နောက် မိမိအိမ်မှာ ရှိတဲ့ ဘုရားအား ပန်း ရေချမ်း ၊ ဆီမီးပူဇော်ခြင်း ၊ဘုရားဝတ်ပြုခြင်း ၊ ရှိခိုး ထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့ အလုံးစုံပူဇော်မှုတွေဖြင့် နေ့သစ်မှာ မင်္ဂလာယူရပါတယ်။

မိမိအိမ်ကို တံမြက်စည်း လှဲခြင်း ၊သန့်ရှင်းမှု အစုစုတို့ဖြင့် အိမ်၏ ဂုဏ်ကျက်သရေ ပြည့်စုံအောင် ပြုလုပ်ရပါတယ်။

ပုဗ္ဗာစရိယ မိနှင့်ဖကလည်း မိမိ သမီးလေးများကို လက်ပွန်းတတီး သွန်သင် ဆုံးမ ရပါတယ် ။

ဒါမှလည်း မိမိတို့ သမီး မိန်းကလေးဟာ အမှန်တကယ် လှပတဲ့ မိန်းကလေးစစ်စစ် ဖြစ်နိုင်ပါတယ်။

ဒါကို တစ်ချို့ကတကယ် လှတဲ့ မိန်ကလေးတွေက ၊အိပ်ယာ ထရင်တောင် ၊ ကပိုကယို အလှလေးနဲ့ လှနေတာလို့ ထင်တတ်ကြ ပါတယ် ။

တကယ်တော့မဟုတ်ပါဘူး။ ဟိုးအရင်က ရှေးလူကြီးတွေဟာ ကိုယ့်သားသမီးနဲ့ လက်ထပ်မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည် နှစ်ရက်တန်သည် သွားအိပ်တတ်ကြသတဲ့။

အမှန်က လေ့လာရေး ခရီးပေါ့နော်။

အထက်ကပြောခဲ့သလို အဲဒီမိန်းကလေးက လုပ်တတ်ခဲ့ရင် ဒါဟာ သူတို့ သတ်မှတ်ထားတဲ့ မိန်းကလေးအလှ အိပ်ယာထ မြင်တွေ့ရမှသာသူတို့ရဲ့ အဖိုးတန်ချွေးမအဖြစ် သတ်မှတ်ကြပါတယ်။

ဒီလောက်ဆိုရင်မိန်းကလေးအလှ အိပ်ယာထ ဆိုတဲ့ စကားကို အားလုံး သဘောပေါက်ကြ လိမ့်မယ် ထင်ပါတယ် ။

Credit original

Unicode Version ဖြင့်ဖတ်ရန်

Credit