အနုပညာသတင်း




 


 



crd
သိန်းရာနဲ့ချီပြီးတန်ကြေးကြီးမားတဲ့ဝတ်စုံတွေ ဝတ်ဆင်ကာ ပျော်ရွှင်ခဲ့ဖူးတဲ့ နေခြည်ဦး..

နေခြည်ဦးကတော့ သွက်လက်တက်ကြွပြီး ထက်မြက်တဲ့အမျိုးသမီးလေးတစ်ဦးအဖြစ် ပရိသတ်တွေအားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရတာ ဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger အဖြစ် လူမှုကွန်ယက်စာမျက်နှာထက်မှာ အရင်ဆုံးအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နေခြည်ဦးက ကြော်ငြာလေးတွေရိုက်ကူးရင်း သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးလာခဲ့တာ ဖြစ်ပါတယ်။

နေခြည်ဦးက ကျန်းမာရေးနဲ့ အလှအပကို ဂရုတစိုက်နေထိုင်တတ်သလို ဖက်ရှင်ပိုင်းမှာလည်း တကယ့်ကိုအမြင်ရှိပြီး အမြဲတမ်းသူများနဲ့မတူ ဆန်းသစ်လှပနေတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုလှလာတဲ့ နေခြည်ဦးက မိန်းကလေးတိုင်းအားကျနေရတဲ့ သူဆိုလည်း မမှားပါဘူးနော်။

သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ tik tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဆိုသလို ဖော်ပြလေ့ရှိသူလေးလည်းဖြစ်ပါတယ်။အခုလည်း Paris Fashion week သွားစဉ်က သူမသုံးစွဲဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေရဲ့သိန်းရာကျော်တန်တဲ့ ဈေးနှုန်းလေးတွေကို စုစည်းတင်ပြထားတာပဲဖြစ်ပါတယ် ..ချီချီ ရဲ့ ကြွယ်ဝချမ်းသာမှု လေးကြည့်ပြီး တကယ်ကို ကိုယ်တွေပါအပျော်တွေကူးစက်မိတာကြောင့် ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

crd