ကျန်းမာရေး

သင့်ကျန်းမာရေးကောင်းမွန်လာစေမယ့် ရိုးရှင်းလွယ်ကူတဲ့ အပြုအမူ (၆)ချက်

ရေခဲကို အနာတရဖြစ်တဲ့အခါမှာ အလွန်အမင်းယောင်ရမ်းမှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့နေရာတွေမှာ အသုံးပြုသလိုမျိုး အလှအပရေးရာကိစ္စတွေမှာလည်း အသုံးပြုလို့ရနိုင်ပါသေးတယ်။

Chamomile ပန်းပွင့်လေးတွေ၊ ပန်းဆီလေးတွေ ထည့်သွင်းထားတဲ့ ရေခဲတုံးလေးတွေနဲ့ မျက်နှာသစ်ခြင်းက  အရွယ်မတိုင်ခင်ဖြစ်လာမယ့် အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ရေခဲတုံးလေးတွေကို မျက်နှာမှာ ကပ်ပေးခြင်းက မျက်ကွင်းညိုခြင်း၊ ဝက်ခြံတွေ သက်သာပျောက်ကင်းစေတဲ့အထိဖြစ်နိုင်တာမို့ စမ်းသပ်အသုံးပြုသင့်တဲ့ နည်းလမ်းတစ်ခုလို့ဆိုရမှာပါ။

၂- အစားစားပြီးတိုင်း ပန်းသီးတစ်လုံးစားပါ


ပန်းသီးတွေက သဘာဝကပေးတဲ့ သမားတော်တစ်ယောက်ဖြစ်ပြီး  ကျန်းမာရေးအတွက် မှီဝဲစားသုံးသင့်တဲ့ အသီးအနှံတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးတွေကို အခြားနေရာမှာ အသုံးချလို့ရမယ့် တစ်နေရာတော့ ရှိပါသေးတယ်။ အစားစားပြီးတိုင်း သွားတိုက်ဖို့ အတွက် ပညာရှင်တွေက တိုက်တွန်းကြပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒီအပြုအမူက လုံးဝကို မလွယ်ကူလှပါဘူး။ ဒီလို အချိန်မှာ ပန်းသီးတစ်လုံးကို စားလိုက်ခြင်းက သင့်ရဲ့ သွားကြားထဲမှာ ညှပ်နေမယ့် အစားအစာတွေကို ရှင်းထုတ်စေမှာပဲ ဖြစ်ပါတယ်။

အစားအစာတွေကို ရှင်းထုတ်နိုင်ရုံ သာမကဘဲ သွားဖုံးသွေးလည်ပတ်မှုကို အားကောင်းစေတတ်တဲ့အပြင် မိမိ ခံတွင်းကျန်းမာရေးအတွက်လည်း ပန်းသီးတစ်လုံးက လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

သင့်ရဲ့ တစ်နေ့တာကို ရှောက်သီးထည့်ထားတဲ့ ရေလေးနဲ့ အစချီပါ

နေ့တိုင်းလိုလို မနက်စာစားချိန်မှာ ရေနွေးလေးထဲကို ရှောက်သီးထည့်ပြီးတော့ သောက်ပေးတဲ့အကျင့်ကို လုပ်ပေးလိုက်ပါ။ အဲ့ဒါက သင့်ခန္ဓာကိုယ်အတွင်းက ဇီဝဖြစ်စဉ်ကို မြန်ဆန်လာစေမှာပဲ ဖြစ်ပြီး သင့်ရဲ့ အသားအရည်ကလည်း အချိန်ကြာလာရင် တိုးတက်ပြောင်းလဲလာမှာပဲ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းက အားနည်းနည်းထုတ်လိုက်ရုံနဲ့ အများကြီး ကောင်းကျိုးပေးမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

၄ – ရေသောက်ဖို့မပျင်းပါနဲ့


လူတော်တော်များများက တစ်နေ့တာမှာ ရေအလုံအလောက်သောက်ထားဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်မှာ ရေဓာတ်မရှိခြင်းက ကျန်းမာရေးအတွက် အထူးဂရုစိုက်သင့်တဲ့ အနေအထားတစ်ခုပဲဖြစ်ပါတယ် လုံလောက်တဲ့ ရေဓာတ်ကို ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးကို ပိုစောင့်ရှောက်ချင်တယ်ဆိုရင်တော့ ရေကိုအရင်ကထက် ပိုမိုသောက်သုံးသင့်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီနဲ့ အခြား ကာဘွန်နိုတ်အရည်တွေကတော့ ရေလောက် ခန္ဓာကိုယ်ကို အကျိုးမဖြစ်စေတာကိုလည်း သတိချပ်ထားသင့်ပါတယ်။

ရေသောက်ဖို့မေ့နေတတ်တယ်ဆိုရင်တော့ မိမိ အလုပ်စားပွဲမှာ ရေထည့်ထားတဲ့ ဖန်ခွက် သို့ ရေဘူးလေးတစ်ဘူး ချထားပြီး မိမိကိုယ်ကို သတိပေးလို့ရပါသေးတယ်။

၅- အခွံမာသီးများ စားသုံးပါ

အခွံမာသီးတွေကလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အသီးတွေဖြစ်ပေမယ့် များများစားသုံးရင် ဘေးဖြစ်စေတတ်တာကိုလည်း သတိမူသင့်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၅၀ ဂရမ်အထိ နေ့စဉ်စားသုံးရင်တော့ စိတ်ချလက်ချနဲ့ စားသုံးနိုင်မှာဖြစ်ပြီး ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေမှာပါ။ အခွံမာသီးတွေထဲမှာ ဖက်တီးအက်ဆစ်နဲ့ အီမီဂါ-၃ ဓာတ်တွေ ပါဝင်ပြီး အဲဒီဓာတ်တွေက နှလုံးသွေးကြောအားကောင်းမှုကို ဖြစ်စေတတ်ပါတယ်။ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေအတွက်လည်း လိုအပ်တဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးတတ်ပါသေးတယ်။

ဒါ့အပြင် အခွံမာသီးတွေမှာ ခန္ဓာကိုယ်အတွက် ခုခံအားစနစ်ကို တိုးစေတဲ့ ဆယ်လီနီယမ်ဓာတ်တွေ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားစေသည့်ဓာတ်များမှ အကာအကွေယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

၆- နေ့စဉ်စာဖတ်ခြင်း

စာဖတ်ခြင်းက အသိပညာများစွာကို ပေးစွမ်းနိုင်ရုံသာမကဘဲ ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေတဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ မှတ်ဉာဏ်တွေ ပိုမိုကောင်းမွန်လာစေချင်တယ်ဆိုရင်တော့ ဦးနှောက်ကို အလုပ်ပေးထားဖို့ လိုအပ်မှာဖြစ်ပြီး အဲဒီလို အလုပ်ပေးထားဖို့ကလည်း စာဖတ်ခြင်းကသာ ပေးစွမ်းနိုင်တာပါ။ စိတ်ကူးဉာဏ်ရင့်သန်ခြင်းနဲ့ ယုတ္တိကျကျစဉ်းစားတွေးခေါ်နိုင်ဖို့အတွက်လည်း စာဖတ်ဖို့ လိုအပ်လှပါတယ်။

အသက်အရွယ်ကြီးရင့်လာချိန်မှာ  မှတ်ဉာဏ်၊ အသိဉာဏ်လျော့ပါးလာတာတွေ၊ အယ်လ်ဇိုင်းမားရောဂါဖြစ်မှုတွေ အားလုံးကိုလည်း နေ့စဉ်စာဖတ်ခြင်းက လျော့ချနိုင်စွမ်းရှိတယ်ဆိုတဲ့ သက်သေသာဓကတွေလည်း ရှိပါသေးတယ်။ နေ့စဉ် ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ အနည်းဆုံး စာဖတ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားကြပါတယ်။

ref- brightside