အင်းစိန်မြို့နယ်မှ အသက်၁၀၀ အရွယ်ရှိ မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ကိုဗစ်လူနာ အဖွားဒေါ်သိန်းခင်ဆေးရုံကဆင်းခွင့်ရရှိပြီဖြစ်ကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
ယင်းလူနာမှာ အင်းစိန်မြို့နယ် ၊ ဖော့ကန်ရပ်ကွက် ၊ ရဲဘော် ၁ လမ်း တွင်နေထိုင်သူဖြစ်ပြီး မြေးဖြစ်သူ Positive လူနာ၏ Contact Personအဖြစ်Covid-19 ရောဂါကူးစက်ခံရခြင်းဖြစ်သည်။အင်းစိန်GTI Quarantine Center 1သို့ Quarantine ဝင်ရန်ရောက်ရှိလာခဲ့ကာ စက်တင်ဘာလ ၂၃ ရက်တွင် Covid- 19 ရောဂါ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ပိုးတွေ့ပြီး အင်းစိန်ကနေ ရိုးမရိပ်သာ ကုသရေးစင်တာကို လွှဲ ပြောင်းကုသမှု ခံယူစေခဲ့တာပါ။ Negative ပြန်ဖြစ်ပြီး ကျန်းကျန်း မာမာနဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ အင်းစိန်ဖော့ကန် ရဲဘော် ၁လမ်း နေအိမ်ကိုပြန်လည်ရောက်ရှိ လာနိုင်ခဲ့ပြီ”ဟု ယင်းက ဆိုသည်။
အဖွား ဒေါ်သိန်းခင်သည် အသက် ၁၀၀ ဖြစ်၍ မြန်မာနိုင်ငံ၏ အ သက်အကြီးဆုံး Positive လူနာအဖြစ် မှတ်တမ်း ဝင်ခဲ့သည့်အ ပြင် ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး အောင်မြင်စွာ ပြန် လည်ဆင်းလာနိုင်သည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြ စ်ကြောင်းလည်း ၎င်းကဆိုသည်။Photo- Wai Phyo Han
(unicode)
အသက်၁၀၀အရွယ်ရှိ အသက်အကြီးဆုံးကိုဗစ်လူနာ ဆေးရုံက ဆင်းပြီ