အနုပညာသတင္း

လူကြမ်းသရုပ်ဆောင် မင်းမင်းနဲ့ သမီးလေး ဇင်စန္ဒာထွန်းရဲ့ အမိုက်စား ပုံရိပ်များ..

Zawgyiဖြင့် ဖတ်ရန်)

ဟိုးတချိန်ကလူကြမ်းမင်းသားတစ်ဉီးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကို အားလုံးသိကြမှာပါနော်။







ပရိသတ်ကြီးအနေနဲ့ လူကြမ်းမင်းသားကြီတွေကို ချစ်ခင်အားပေးနိုင်ကြတယ်ဆိုရင် အခု လူကြမ်းမင်းသားဉီးမင်းမင်းနဲ့ သူ့ရဲ့ချစ်သမီးလေးဇင်စန္ဒာထွန်းကို ဂုဏ်ပြုအားပေးစကားလေးတွေ ပြောကြားပေးခဲ့ကြပါအုံးနော်။



(Unicodeဖြင့် ဖတ်ရန်)

ဟိုးတချိန်ကလူကြမ်းမင်းသားတစ်ဦးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကို အားလုံးသိကြမှာပါနော်။

မြန်မာဗီဒီယိုလောက ခေတ်ကောင်းစဥ်အခါတုန်းက ဗီဒီယိုဇာတ်လမ်းပေါင်းများစွာမှာ မင်းသားအလက်ပေါင်းများစွာနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ လူကြမ်းကြီးပေါ့။

လူကြမ်းသရုပ်ဆောင်တွေဆိုတာဟာလည်း ဇာတ်ကားထဲမှာသာ ကြမ်းပြရမ်းပြ ဆိုးပေတေပြနေကြတာပါ တကယ့်အပြင်လက်တွေ့ဘဝမှာကြတော့

စိတ်ထားနူးညံ့ သိမ့်မွေ့သူတွေ မကောင်းမှုရှောင် ကောင်းမှုဆောင်တဲ့သူတွေဆိုတာ ပရိသတ်ကြီးအားလုံးလည်း အသိပါပဲနော်။

အရင်မင်မသိခင်တုန်းက လူကြမ်းဆိုမုန်းချင် မုန်းခဲ့ကြမှာဆိုပေမယ့် အခုအခါအွန်လိုင်းမီဒီယာခေတ်မှာကျမှ သူတို့တွေရဲ့ဘဝဇာတ်ကြောင်း မိသားစုအခြေအနေတွေကို သိရှိကြရ နားလည်ကြရပြီး

တချိန်ကဇာတ်ကားတွေထဲမှာ သဏ္ဍာန်လုပ် သရုပ်ပီပြင် ဆေးစက်ကျရာ အရုပ်ထင်ခဲ့ကြတဲ့ လူကြမ်းမင်းသားကြီးတွေအပေါ် ခုချိန်မှာတော့ ဂရုဏာပွား မေတ္တာထားနိုင်ကြပါပြီနော်။

လက်တွေ့ဘဝနဲ့ ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမို့ လူကြမ်းကြီးတွေအပေါ် အမုန်းမပွားဘဲ ချစ်ပေးကြစေချင်ပါတယ်နော်။

ပရိသတ်ကြီးအနေနဲ့ လူကြမ်းမင်းသားကြီတွေကို ချစ်ခင်အားပေးနိုင်ကြတယ်ဆိုရင် အခု လူကြမ်းမင်းသားဦးမင်းမင်းနဲ့ သူ့ရဲ့ချစ်သမီးလေးဇင်စန္ဒာထွန်းကို ဂုဏ်ပြုအားပေးစကားလေးတွေ ပြောကြားပေးခဲ့ကြပါအုံးနော်။

နှစ်ပေါင်းများစွာ အပယ်ခံ အမုန်းခံဖြစ်ခဲ့ကြရတဲ့ လူကြမ်းကြီးတွေဟာ ပရိသတ်ရဲ့လက်ခုပ်သံ အားပေးသံကို အရူးအမူးမျှော်လင့်နေကြမှာ အမှန်ပါပဲနော်။

နောက်ပြီးတော့ လူကြမ်းမင်းသားကြီးရဲ့သမီးလေးဖြစ်တဲ့ ဇင်စန္ဒာထွန်းကိုလည်း အနုပညာလောကမှာ မျက်နှာမငယ်စေရဖို့အတွက် ပရိသတ်ကြီးအားလုံးက ဝိုင်းဝန်းပြီးတော့ ဝန်းရံအားပေးကြပါအုံးနော်။

crd