အေထြေထြဗဟုသုတ

ရေဓာတ်မပြည့်ဝတဲ့ အခါမှာ ခန္ဓာကိုယ်မှာ ပြသတဲ့ လက္ခဏာမျာ

ရေဟာ လူသားတိုင်းအတွက် မရှိမဖြစ်ဆုံး သော လိုအပ်တဲ့ အရာတစ်ခုပါ။ ရေတစ်ခွက်ကို သောက်သုံးလိုက်ရုံနှင့်တင် လန်းဆန်းတက်ကြွစေနိုင်သလို ကျန်းမာရေးအတွက် သင့်တော်စေတာကြောင့် ရေကို နေ့စဉ် ပုံမှန်သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ရေကို ပုံမှန်သောက်သုံးခြင်းမပြုတဲ့ အခါမှာသင့်ရဲ့ ခန္ဓာကိုယ်မှာ ဒီလို လက္ခဏာ တွေ ပြလာမှာဖြစ်ပြီး အဲ့ဒီ့အချိန်မျိုးတွေမှာ ရေဓာတ်ပြည့်ဝအောင်သောက်သုံးရမှာပဲဖြစ်ပါတယ်။

ပါးစပ်နှင့် နှုတ်ခမ်းများ ခြောက်သွေ့လာခြင်း

ဒါကတော့ အသိသာဆုံး ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ ရေ ဓာတ်ခန်းခြောက်လာတဲ့ အခါမှာ နှုတ်ခမ်းနှင့် ပါးစပ်တို့ခြောက်ကပ်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလို မဖြစ်ရအောင် ရေများများသောက်သုံးဖို့အတွက် လိုအပ်တာပဲဖြစ်ပါတယ်။

အသားအရည်တွေ ခြောက်သွေ့လာတာ

အသားအရည်တွေ မွဲခြောက်လာတာမျိုးတွေ ကြုံတွေ့နေရတဲ့အခါတွေမှာ ရေများများသောက်သုံးဖို့အတွက် လိုအပ်နေပါပြီ။ ခန္ဓာကိုယ်မှာ အကြီးဆုံးဖြစ်တဲ့ အသားအရည်ကို စိုပြေစေဖို့အတွက် ရေကို ပုံမှန်သောက်သုံးနေဖို့ လိုအပ်ပါတယ်။

မျက်သားခြောက်သွေ့ခြင်း

မျက်သားခြောက်သွေ့တဲ့ အခါမှာ မျက်လုံးများနီရဲလာပြီး စပ်ခြင်းနှင့် ယားယံခြင်းတို့ကို ကြုံတွေ့နိုင်ပါတယ်။တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိဘဲ မျက်သားခြောက်လာတဲ့ အခါမျိုးတွေမှာတော့ ရေဓာတ်ကိုခန္ဓာကိုယ်က လိုအပ်နေတာကို အချက်ပေးနေတာပဲဖြစ်ပါတယ်။