Uncategorized
အဆိုတော် ဇော်ဝင်းထွဋ် သား “အီတိုး” ကိုဖမ်းသွားရတဲ့ အဓိကအကြောင်းအရင်း
အဆိုတော် ဇော်ဝင်းထွဋ် သား “အီတိုး” ကိုဖမ်းသွားရတဲ့ အဓိကအကြောင်းအရင်း
နိုင်ငံကျော် အဆိုတော် ဇော်ဝင်းထွဋ်သားဖြစ်သူ အဆိုတော် အီတိုး ကို အကြမ်းဖက်မှုများတွင် ပါဝင်သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့
ညပိုင်းက မိသားစုများ နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက ၈ မိုင်ရှိ ခြံဝန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း
နီးစပ်သူများထံမှ သိရသည်။
အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး အမဖြစ်သူမှတင်ထားသည့် Post နဲ့ နိုင်ငံကျော် မြန်မာ့အသံ အဆိုတော် ကြီး အန်တီခင်စိုးဝင်း
ကတော့ ဒီသတင်း မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။ KIA လွတ်မြောက်နယ်မြေကို သွားရောက်ပြီး စစ်သင်တန်းတက်ခဲ့တယ်ဆို
တဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တာ
ဖြစ်တယ်လို့ လည်း သိရပါတယ်။အဆိုတော် အီတိုး ကို ၈ မိုင်ခြံတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ၉ မိုင်ရှိ ခြံဝန်းတခုအတွင်းက အီတိုးနှင့်
ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း နီးစပ်သူများကဆိုသည်။ အမည်မဖော်လိုသူ နီးစပ်သူတဦးက “အဆိုတော် အီတိုး
တို့အဖွဲ့ကို အကြမ်းဖက်မှုမှာ
ပါဝင်တာကြောင့်ဆိုပြီးတော့ ဖမ်းဆီးသွားတာလို့ ကြားရတယ်။ ဒါပေမယ့် လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတာမဟုတ်ဘူး၊ ခြံဝန်းအတွင်း
မှာရှိတဲ့ လူတွေအားလုံးကို ခေါ်သွားတာ။ ၉ မိုင်ခြံဝန်းကို မနက် ၄ နာရီမှာ ရောက်လာပြီးတော့ ခြံဝန်းထဲက လူတွေကို ခေါ်သွားတာ အခုထိ
ဖမ်းထားတာ အဆက် အသွယ် မရ
သေးဘူး”ဟု ပြောသည်။ဖမ်းဆီးခံရသူများမှာ အနည်းဆုံး လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။ အီတိုး နှင့် နီးစပ်သူ အသိုင်းအဝိုင်း၏ ပြော
ကြားချက်များအရ အီတိုး ကို မင်္ဂလာဒုံ၊ ရေကြည်အိုင်၊ စစ်တပ်ထောက်လှမ်းရေးစခန်း သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
YKKFC ပရိသတ်ကြီးရေ…အဆိုတော် အီတိုး အတွက် ဆုတောင်းပေးခဲ့ပါအုန်းနော်။
Source: Chan Chan
Zawgyi
နာ်။
crd