အနုပညာသတင္း
မြညိုရယ်လို့ အသိမှတ်ပြုခံရအောင် သင်ကြားပြသပေးခဲ့တဲ့ ဆရာဖြစ်သူကို သွားရောက်ကန်တော့ ခဲ့တဲ့ မြတ်သူသူ
ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေက သူ့ကို မြညိုရယ်လို အသိအမှတ်ပြုခံရဖို့ မြညိုဇာတ်ရုပ်အတွက် သင်ကြားပြသပေးတဲ့ ဆရာဖြစ်သူ ဒါရိုက်တာ ဟိန်းစိုးကို သွားရောက်ဂါရဝပြုကန်တော့ခဲ့ပါတယ်။ . . . . . . . ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲလေးက လက်ရှိမှာလည်း ပြန်လည်ပြသနေခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ခဲ့တာတောင်မှ ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကို ခံနေရစဲပါ။ . . . . . . .
မြတ်သူသူကတော့ သူမကို အခုလို အသိမှတ်ပြုခံရအောင် သင်ကြားပြသပေးတဲ့ ဆရာဖြစ်သူကို သူကိုယ်တိုင်လည်း အခုကာလ ရိုက်ကူးရေးတွေမရှိလို့ ဝင်ငွေ နည်းပါးနေချိန်မှာတောင် ဆရာဖြစ်သူအတွက် သတိတရသိတတ်စွာနဲ့ ဆန်၊ဆီ၊ဆေးဖိုးတွေပါ သူတတ်နိုင်သလောက် သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။ . . . . . . . မြတ်သူသူကတော့ ဆရာဖြစ်သူရဲ့ ဆုံးမစကားတွေကိုလည်း ဒီနေ့အထိမှတ်သားလိုက်နာပြီး ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေပါတယ်တဲ့။ . . . . . . .
ဆရာဖြစ်သူအပါအဝင် သူ့ကို အခုလို ပရိသတ်အားပေးလက်ခံမှုတွေရအောင် ရွေးချယ်ပေးခဲ့ကြသူ အခွင့်အရေးပေးသူအားလုံးကိုလည်း တကယ်အများကြီးကျေးဇူးတင်ပါတယ်လို့လည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ . . . . . . . CeleZone ပရိသတ်ကြီးရေ မြတ်သူသူကတော့ တကယ်ကို တပည့်ကောင်းပီသလှပါပေတယ်နော်။ . . . . . . .
Source – Myat Thu Thu – မြတ်သူသူ
-Zawgyi Font ဖြင့် ဖတ်ရန်-
Source – Myat Thu Thu –ျမတ်သူသူ