ဖွံဖြိုးဆဲ နိုင်ငံများအနေနဲ့ ၄င်းတို့ရဲ့ နိုင်ငံသားတွေကို စစ်ဆေးစမ်း သပ်မှုတွေ၊ ရောဂါကုသမှုတွေနဲ့ COVID-19 ကာကွယ်ဆေး ဝ ယ်ယူ ဖြန့်ဖြူးမှုတွေအတွက် ထောက်ပံ့ဖို့ ရန်ပုံငွေသစ် ကန်ဒေါ်လာ ၁၂ဘီလီယံကို ကမ္ဘာ့ဘဏ်ရဲ့ အမှုဆောင် ဘုတ်အဖွဲ့က အတည် ပြုလိုက်ကြောင်း အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ကူညီရေး အတွက် ဖွံ့ ဖြိုးဆဲနိုင်ငံတွေကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စုစုပေါင်း အရင်းအမြစ် ကန်ဒေါ်လာ ၁၆၀ ဘီလီယံရဲ့ ငွေကြေးထောက်ပံမှု အစီအစဉ်တစ်ခုဖြ စ်ကြောင်း သိရပါတယ်။
ငွေကြေး ထောက်ပံ့မှု အစီအစဉ်မှာ လက်ခံသူ နိုင်ငံများ အနေနဲ့ကာကွယ်ဆေးတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့ရာ နည်းပ ညာ ထောက်ပံ့မှု ပါဝင်မည်ဖြစ်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဝယ် လိုအား မြင့်မားမည် ဖြစ်ကာ ကာကွယ် ဆေးတွေ အတွက် ဘဏ္ဍာငွေ အလုံအလောက် ရှိကြောင်း ဆေးဝါးကုမ္ပဏီတွေ အသိပေးစေမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံသားတွေဟာလည်း လုံခြုံဘေးကင်း ထိရောက်တဲ့ COVID-19 ကာကွယ်ဆေးတွေ ရရှိဖို့လိုအပ်ပြီး သု တေသနတွေနဲ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းတွေကို ယခု ငွေ ကြေးထောက်ပံ့မှု အစီအစဉ်က အထောက်အကူ ဖြစ်စေမှာ ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုခဲ့ပါတယ်။ CNA