လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ Project K ရဲ့ ရွှေတိဂုံဘုရားပုံရိပ်ကိုနင်းမိပြီး ကခဲ့တယ်ဆိုတဲ့ ကိစ္စကြောင့် ပရောဂျက်ကေကို အားပေးသူများကတစ်ဖက်၊ ဝေဖန်နေသူတွေက တစ်ဖက်ဂယက်ရိုက်နေခဲ့ ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း ပရောဂျက်ကေအဖွဲ့သားတွေ က သူတို့ရဲ့တရားဝင်လူမှုကွန်ရက်စာ မျက်နှာပေ့ချ်ကနေ ပို့စ်တင်ပြီးတောင်းပန်ထားတာလည်း ဖြစ်ပါတယ်။
သူတို့အနေနဲ့ ကိုရီးယားနိုင်ငံကဖိတ်ခေါ်မှုကြောင့် တစ်လခန့်ကြိုတင်သွားရောက်လေ့ကျင့်ပြီးမှ ဖျော်ဖြေခွင့် ရခဲ့တာဖြစ်ပါတယ်။ အစမ်းလေ့ကျင့်နေစဉ်မှာလည်း ဒီလိုကြုံမယ်လို့မသိခဲ့သလို LEDမှာ ပြသမယ့် ဗီဒီယိုတွေ ကိုလည်း ပွဲကပဲ အကုန်စီစဉ်ခဲ့တာဖြစ်ပါတယ်လို့ ပြောကြားထားတာပါ။ ပွဲမှာ အစမ်းနှစ်ကြိမ်ကပြတဲ့အခါမှာ လည်း ပထမအကြိမ်ရီဟာဆယ်မှာ LEDမထိုးခဲ့ပါ ဒုတိယအကြိမ်ရီဟာဆယ်မှာမှ LEDတွေပါလာခဲ့တာဖြစ် ကြောင်း၊ အောက်ကLEDပုံရိပ်မှာ ရွှေတိဂုံစေတီတော်ပုံရိပ်ပါတယ်ဆိုတာကို ကျွန်တော်တို့လုံးဝသတိမထား ခဲ့မိပါဘူးဆိုပြီး အခြေအနေတွေကိုရှင်းပြတောင်းပန်ခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူတို့ဖြေရှင်းမှုနဲ့ပတ်သက်ပြီး မကျေလည်မှုရှိတာတွေကို ကောမန့်တွေမှာပေးပြီး ဆဲဆိုေ၀ ဖန်မှုများလည်းရှိနေပြီး တစ်ချို့တွေကတော့ ဒါဟာမတော်တဆတိုက်ဆိုင်မှုသာဖြစ်ပြီး သေသေချာချာ ပြန် လည်တောင်းပန်တဲ့အတွက် ခွင့်လွှတ်ကြောင်းပြောကြားသူတွေလည်းရှိခဲ့ပါတယ်။ ပရောဂျက်ကေအဖွဲ့ သားတွေကတော့ အဲဒီလိုပေ့ချ်ကနေတရားဝင်တောင်းပန်တာအပြင် သူတို့ရဲ့ ပါစင်နယ်အကောင့်တွေကနေ ပါတစ်ဦးချင်းစီအလိုက်သေချာရှင်းပြ တောင်းပန်မှုတွေကိုပါ လုပ်ထားတာကို တွေ့ရပါတယ်။
ရဲရင့်သော်
အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲရင့်သော်ကတော့ “နိုင်ငံတကာကို ချပြခွင့်ရခဲ့တဲ့ ကြီးမားတဲ့အခွင့်အရေးရခဲ့ပေမယ့် ဖြစ်ဖြစ်သမျှ ဝဋ်ကြွေးပါခဲ့လို့ဆိုပြီးတော့ပဲ ဖြေသိမ့်လိုက်ပါတယ်” လို့ ပြောထားတာဖြစ်ပါတယ်။
မင်းခန့်ဟိန်
အဖွဲ့ဝင်တစ်ဦးဖြစ်သူ မင်းခန့်ဟိန်းကတော့ “မိဘက ဗုဒ္ဓဘာသာမို့ကိုယ်တိုင်ကလိုက်ပြီး ကိုးကွယ်တာ မဟုတ်ပဲ ကိုယ်တိုင်က သက်ဝင်ယုံကြည်လို့ ဗုဒ္ဒဘာသာအဖြစ်ခံယူထားတဲ့သူပါ..လမ်းမှာသံဃာတော်တွေရဲ့အရိပ် မြေပြင် မှာရှိရင်တောင် လျှောက်နေတဲ့ခြေလှမ်းကို ရပ်ပြီးအရိုသေပေးသူပါ.. အခုလိုဖြစ်ခဲ့ရတဲ့အတွက် မြန်မာပြည်သူပြည်သားတွေနဲ့ ဗုဒ္ဒဘာသာဝင်အားလုံးကိုတောင်းပန်ပါတယ်”လို့ ရေးသားတောင်းပန်ခဲ့ပါ တယ်။
Morris
(Morris) “ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိကိုးကွယ်တဲ့ဘုန်းကြီးနဲ့တိုင်ပင်ပြီး အပြစ်ကိုပြန်လည် ဆေးကြောပါ့မယ်။ များစွာဝမ်းနည်းပြီးစိတ်မကောင်းဖြစ်မိပါတယ်။ နောက်ဒီလိုထပ်မဖြစ်အောင် လည်း ဆင်ခြင်ပါမယ်” လို့ဆိုပါတယ်။
ဘုန်းနေလင်းခိုင်
ဘုန်းနေလင်းခိုင်ကတော့ “ခုချိန်ထိ ကျွန်တော်တို့ဖက်မှာ ယုံကြည်စွာနဲ့မားမားမတ်မတ်ရပ်တည်ပေးကြပါသော မိဘ အနုပညာ မောင်နှမများနှင့်တကွ မိတ်ဆွေများအားလုံး အထူးကျေးဇူးတင်ပါတယ်ဗျာ” လို့လည်းဆိုထား ပါတယ်။
ဝီလျံ
ဝီလျံ ကတော့ “အခုဖြစ်သွားတာက အားလုံးကမတော်တဆဖြစ်သွားတာပါ။ LED တွေ Lighting တွေအားလုံးက ပွဲကပဲ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက ဖျော်ဖြေမှုအစစ်ပြီးဆုံးမှသာ ပြန်သိခဲ့ရတာပါ။ ဒေါသလေး တွေလျော့ပြီး ကျွန်တော်ပြောတာလေး ခဏလောက်စဉ်းစားပေးပါလို့ ညှိုးငယ်စွာနဲ့ ကျွန်တော်တောင်းဆိုပါရစေ” လို့ဆိုပါတယ်။
ချမ်းမြေ့ဦး
ချမ်းမြေ့ဦးကတော့ “ကျွန်တော်တို့ ပရောဂျက်ကေ အဖွဲ့အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အခုလိုလွဲချော်မှု ဖြစ်သွားခဲ့တဲ့အတွက် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးကိုလည်း ဒီကနေ အနူးအညွတ်တောင်းပန်ပါတယ်”
ဟိဏ်းရာ
ဟိဏ်းရာကလည်း “ ဒီအဖြစ်အပျက်ကနေသင်ခန်းစာယူပြီး နောက်တစ်ကြိမ်တွေမှာလည်း ဒီလိုအမှား မျိုးမဖြစ်စေရဘူး”လို့ ကတိပေးစကားပြောခဲ့တာပဲဖြစ်ပါတယ်။
အခုချိန်မှာဆိုရင်လည်း ပရောဂျက်ကေရဲ့ ဖျော်ဖြေမှု ဗီဒီယိုလင့်ခ်ကတော့ Asia Song Festival 2020 ပေ့ချ်ကနေ ဖြုတ်ချလိုက်ပြီလည်းဖြစ်ပါတယ်။ ပရောဂျက်ကေရဲ့ အဖွဲ့ဝင်အားလုံးကတော့ တစ်ဦးချင်းစီတိုင်း ကနေ ပရိသတ်တွေနဲ့ ဗုဒ္ဓဘာသာဝင်အားလုံး၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးကို တောင်းပန်ပါတယ် လို့ ပြောကြားထားတာပဲ ဖြစ်ပါတယ်။