နိုင္ငံတကာသတင္း

ခြေထောက် မရှိပေမယ့် အိမ်အရောက် ဆေးလိုက် ကုပေးတဲ့ ဆရာဝန်

တရုတ်ပြည်မှ အမျိုးသမီး ဆရာဝန်တစ်ယောက်ဟာ သူမ အသက်၃၇နှစ် အရွယ်ရောက်တော့ အက်ဆီး ဒင့်ကြောင့် ခြေထောက်နှစ်ချောင်းလုံး ဆုံးရှုံးခဲ့ပါတယ်။

သို့သော် ဆရာဝန်ဟာ သူမ တာဝန် ထမ်းဆောင်သော ရွာတစ်ဝိုက်မှာ ၁၅ နှစ်အတွင်း အကြိမ်ရေ ၈,၀၀၀ လောက် အိမ်အရောက် ဆေးကုသနိုင်ခဲ့ကြောင်း သိရပါတယ်။

သူမဟာ လူနာများ ဆီကို သွားနိုင်ဖို့ သစ်သားခုံ ပုံစံ ခြေတု ၂၄ ချောင်းကို အသုံပြုခဲ့ကြောင်း သိရပါတယ်။ ခြေထောက် မရှိပေမယ့် လူနာများကို လိုက်လံ ကုသပေးနေသော ကျေးရွာ ဆရာဝန် တစ်ယောက်အဖြစ် ခုဆို လူသိများနေပါတယ်။