ကိုဗစ်လူနာနှစ်ဦး အပြင်ထွက် စျေးဝယ်
ယင်းမာမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာနှစ်ဦး ယနေ့ညပိုင်း ၆ နာရီခန့် က ဆေးရုံနှင့်မျက်နှာချင်းဆိုင်ရှိ ဈေးဆိုင်သို့ ဈေးဝယ်ထွက်ရာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။
အဆိုပါလူနာနှစ်ဦးမှာ အုံတုံပင် ရဲတပ်ရင်း (၂၈) မှ ဖြစ်ပြီး ယခုလ ၁၁ ရက်က ပိုးတွေ့ အဖြေရထားသူများဖြစ်သည်။”အဓိကတော့ လုံခြုံရေးအင်အားနည်းတယ်။ဝန်ထမ်းအိမ်ရာက ဝန်ထမ်းတွေကတွေ့လို့လှမ်းအကြောင်းကြားတယ်။အခုသူတို့ကို ကုတင်နဲ့လက်ထိပ်နဲ့တွဲခတ်ထားတယ်။ရောဂါပျောက်ရင်လည်း သက်ဆိုင်ရာကော်မတီတွေက ဘေးစီမံနဲ့အရေးယူသွားမယ်လို့သိရပါတယ်” ဟု ယင်းမာပင်မြို့နယ်ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူးဦးမင်းနိုင်ဇော်ကပြောသည်။
ယင်းတို့နှစ်ဦး ဈေးဝယ်ရာတွင် ထိတွေ့ခဲ့သော ဈေးဆိုင်ရှင်မိသားစုနှင့် ဈေးဝယ်လာသူတစ်ဦးကိုလည်း ချက်ချင်းပင် Stay at Homeနေထိုင်စေပြီး Swabယူစစ်ဆေးသွားမည်ဟု ဆိုသည်။ လူနာနှစ်ဦးသည် ဈေးဝယ်ထွက်စဉ်တလျောက်လုံး Mask များတပ်ဆင်ထားသည်ဟု ကြက်ခြေနီ ဝန်ထမ်းတစ်ဦးကပြောသည်။ယင်းမာပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် လူနာနှစ်ဦး ထွက်ခွာရာနှင့် ပြန်လာရာ လမ်းတလျှောက် ဆေးဖြန်း ထားကြောင်းသိရသည်။
Zawgyi
ကိုဗစ္လူနာႏွစ္ဦး အျပင္ထြက္ ေစ်းဝယ္
ယင္းမာၿမိဳ႕ ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနသည့္ ကိုဗစ္လူနာႏွစ္ဦး ယေန႔ညပိုင္း ၆ နာရီခန႔္ က ေဆး႐ုံႏွင့္မ်က္ႏွာခ်င္းဆိုင္ရွိ ေဈးဆိုင္သို႔ ေဈးဝယ္ထြက္ရာ သဘာဝေဘးစီမံခန႔္ခြဲမႈ ဥပေဒအရ ဆက္လက္ အေရးယူသြားမည္ျဖစ္ေၾကာင္း ကနဦး သတင္းရရွိသည္။
အဆိုပါလူနာႏွစ္ဦးမွာ အုံတုံပင္ ရဲတပ္ရင္း (၂၈) မွ ျဖစ္ၿပီး ယခုလ ၁၁ ရက္က ပိုးေတြ႕ အေျဖရထားသူမ်ားျဖစ္သည္။”အဓိကေတာ့ လုံၿခဳံေရးအင္အားနည္းတယ္။ဝန္ထမ္းအိမ္ရာက ဝန္ထမ္းေတြကေတြ႕လို႔လွမ္းအေၾကာင္းၾကားတယ္။အခုသူတို႔ကို ကုတင္နဲ႔လက္ထိပ္နဲ႔တြဲခတ္ထားတယ္။ေရာဂါေပ်ာက္ရင္လည္း သက္ဆိုင္ရာေကာ္မတီေတြက ေဘးစီမံနဲ႔အေရးယူသြားမယ္လို႔သိရပါတယ္” ဟု ယင္းမာပင္ၿမိဳ႕နယ္ၾကက္ေျခနီ ၿမိဳ႕နယ္တပ္ဖြဲ႕မႉးဦးမင္းႏိုင္ေဇာ္ကေျပာသည္။
ယင္းတို႔ႏွစ္ဦး ေဈးဝယ္ရာတြင္ ထိေတြ႕ခဲ့ေသာ ေဈးဆိုင္ရွင္မိသားစုႏွင့္ ေဈးဝယ္လာသူတစ္ဦးကိုလည္း ခ်က္ခ်င္းပင္ Stay at Homeေနထိုင္ေစၿပီး Swabယူစစ္ေဆးသြားမည္ဟု ဆိုသည္။ လူနာႏွစ္ဦးသည္ ေဈးဝယ္ထြက္စဥ္တေလ်ာက္လုံး Mask မ်ားတပ္ဆင္ထားသည္ဟု ၾကက္ေျခနီ ဝန္ထမ္းတစ္ဦးကေျပာသည္။ယင္းမာပင္ၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕အေနျဖင့္ လူနာႏွစ္ဦး ထြက္ခြာရာႏွင့္ ျပန္လာရာ လမ္းတေလွ်ာက္ ေဆးျဖန္း ထားေၾကာင္းသိရသည္။