အေထြေထြဗဟုသုတ

ဒီလို ၃ မိနစ် ရေနွေးအိုး သုံးရင် သိထားရမှာတွေ…

ကျနော်တို့ နိုင်ငံတွင် ယခု အခါ ၃မိနစ် ရေနွေးအိုးများကို အိမ်ထောင်စုတိုင်းနီးပါး အသုံးပြုလာကြပါတယ်။ ဒီရေနွေးအိုးမှာ ၁၀၀၀ဝပ် အသုံးပြုထားသော်လည်း အပူကိုကို ရေထဲသို့ အလျှင်အမြန် စီးဝင်နိုင်အောင် တည်ဆောက်ထားလို့ အချိန်တိုအတွင်း

ကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်အား ချွေတာရာ ရောက်သလို security အဆင့်ဆင့် ခံတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူကို ကရိကထလည်း အလွန်နည်းစေပါတယ်။

ဒါပေမယ့် ဒီလို ခေတ်ပေါ်ပစ္စည်းမျိုး အသုံးပြုမည်ဆိုလျင် အန္တရယ်ကင်းကင်း အသုံးပြုနိုင်ရန် သူ့အကြောင်းကိုအကြမ်းဖျဉ်းတော့ သိထားရင် ပိုကောင်းပါမယ်။

ဤအိုးတွင် ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1 သည် လက်ကိုင်ကိုင်း အပေါ်ထိပ်တွင် ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏ အပူချိန်ဖြင့် ခလုပ်ကိုပိတ်စေသော်လည်း အိုးထဲတွင် ရေမရှိပါက ရေနွေးငွေ့ တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။

Switch, 2 သည် အိုး၏အောက်ခြေတွင် ကပ်လျက် ရှိပြီး ရေမပါပဲ power on မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထားသော်လည်း မြင့်မားသည့် အပူချိန်ရမှ အလုပ်လုပ်သောကြောင့်ကြာရှည်စွာ မေ့ထားမိပါက မီးဘေးအန္တရယ်စိုးရိမ်ရသဖြင့် ဤအိုးမျိုးကို အသုံးပြုလျှင်

(၁) အိုးထဲတွင် ရေလက်ကျန် ထားရန်နှင့်

(၂) အမြဲတန်း မီးပလပ်ကို မတပ်ထားရန်

သတိပြုသင့်ပါသည်။

Zawgyi

ဒီလို ၃ မိနစ္ ေရေႏြးအိုး သုံးရင္ သိထားရမွာေတြ…

က်ေနာ္တို႔ ႏိုင္ငံတြင္ ယခု အခါ ၃မိနစ္ ေရေႏြးအိုးမ်ားကို အိမ္ေထာင္စုတိုင္းနီးပါး အသုံးျပဳလာၾကပါတယ္။ ဒီေရေႏြးအိုးမွာ ၁၀၀၀ဝပ္ အသုံးျပဳထားေသာ္လည္း အပူကိုကို ေရထဲသို႔ အလွ်င္အျမန္ စီးဝင္ႏိုင္ေအာင္ တည္ေဆာက္ထားလို႔ အခ်ိန္တိုအတြင္း

ကိစၥၿပီးေျမာက္ေစတဲ့အတြက္ လွ်ပ္စစ္ဓာတ္အား ေခြၽတာရာ ေရာက္သလို security အဆင့္ဆင့္ ခံတည္ေဆာက္ထားတဲ့အတြက္ အသုံးျပဳသူကို ကရိကထလည္း အလြန္နည္းေစပါတယ္။

ဒါေပမယ့္ ဒီလို ေခတ္ေပၚပစၥည္းမ်ိဳး အသုံးျပဳမည္ဆိုလ်င္ အႏၲရယ္ကင္းကင္း အသုံးျပဳႏိုင္ရန္ သူ႔အေၾကာင္းကိုအၾကမ္းဖ်ဥ္းေတာ့ သိထားရင္ ပိုေကာင္းပါမယ္။

ဤအိုးတြင္ ေရေႏြးဆူလွ်င္ အလိုေလ်ာက္ပိတ္ေပးမည့္ switch,1 သည္ လက္ကိုင္ကိုင္း အေပၚထိပ္တြင္ ရွိၿပီး ေရဆူလ်င္တက္လာသည့္ ေရေႏြးေငြ႕၏ အပူခ်ိန္ျဖင့္ ခလုပ္ကိုပိတ္ေစေသာ္လည္း အိုးထဲတြင္ ေရမရွိပါက ေရေႏြးေငြ႕ တက္မလာႏိုင္သျဖင့္ အလုပ္မလုပ္ႏိုင္ပါ။

Switch, 2 သည္ အိုး၏ေအာက္ေျခတြင္ ကပ္လ်က္ ရွိၿပီး ေရမပါပဲ power on မိသည့္အခါ အလိုအေလ်ာက္ ပိတ္ႏိုင္ရန္စီမံထားေသာ္လည္း ျမင့္မားသည့္ အပူခ်ိန္ရမွ အလုပ္လုပ္ေသာေၾကာင့္ၾကာရွည္စြာ ေမ့ထားမိပါက မီးေဘးအႏၲရယ္စိုးရိမ္ရသျဖင့္ ဤအိုးမ်ိဳးကို အသုံးျပဳလွ်င္

(၁) အိုးထဲတြင္ ေရလက္က်န္ ထားရန္ႏွင့္

(၂) အၿမဲတန္း မီးပလပ္ကို မတပ္ထားရန္

သတိျပဳသင့္ပါသည္။