ပြည်တွင်းသတင်း

ဖားကန့်တွင် တစ်ပတ်အတွင်း ဒုတိယမြောက် ကျောက်စိမ်းရိုင်းတုံး တွေ့ရှိ

ဖားကန့်တွင် တစ်ပတ်အတွင်း ဒုတိယမြောက် ကျောက်စိမ်းရိုင်းတုံး တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ မမုံနဲ့ ဖားပြင်ကျေးရွာကြား မက်လင်ချောင်မျောချောင်းမှာ အရွယ်အစားကြီးမားတဲ့ ဒုတိယမြောက် ကျောက်စိမ်းရိုင်းတုံးကို

အောက်တိုဘာလ(၁၆) ရက်က ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ကျောက်စိမ်းရိုင်းတုံး ကို ရေမဆေးကျောက်ရှာသူ ကျောက် ထူးဖော်သူအချို့က တွေ့ရှိခဲ့ရတာ ဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာကနေ လုံခြုံရေးရဲတပ်ဖွဲ့ကတွေ့ရှိ သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်၊

“ကျွန်တော်တို့ လေးယောက်တူးရှာကြရာက စတွေ့တာပါ၊ စတွေ့တုန်းက ပိဿာချိန် နှစ်ရာလောက်ပဲ၊ ဖော်ရင်း ဖော်ရင်းနဲ့ အလုံးကြီးလာတာ”လို့ ကျောက်စိမ်းရိုင်းတုံး စတွေ့သူ ကိုကျော်စိုးနိုင်က ပြောပြသည်။

ဒီကနေ့ အောက်တိုဘာ (၁၇) မှာတော့ ဖာကန့် ကျောက်စိမ်းရုံး တာဝန်ရှိသူတွေက ကျောက်တန်ဖိုး အကြမ်း တွက်ချက်ကာ ဆု ကြေးငွေပေးဖို့ ကနဦးညှိနှိုင်းထားတယ်လို့ ရေမဆေးကျောက်ရှာသူတွေက ပြောပါတယ်။

“ရေမဆေးတွေက ခက်ခက်ခဲခဲရှာကြရတာ ခုလိုခက်ခဲနေချိန်ကျ သူတို့ရသင့်တာလေးပေးရင်တော့ ကောင်းတာပေါ့”ဟု ဖားပြင်ကျေးရွာ ရပ်မိရပ်ဖ ဦးနော်တောင်က ပြောပါတယ်။

လက်ရှိ ကျောက်စိမ်းရိုင်းတုံးကို ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)ကို သယ်ဆောင်သွားပြီ ဖြစ်ပြီး ကျောက်စိမ်းရုံး တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုး ဖြတ်ပေးကာ ကျောက်တွေ့သူနဲ့ ရေမဆေးကျောက် ထူးဖော်သူတွေကို ဆုကြေးပေးသွားမယ်လို့လည်း သိရပါတယ်။

အခုတွေ့ရှိရတဲ့ ကျောက်စိမ်းအရိုင်းတုံးဟာ ဝှေခါမှော်မှာ အောက် တိုဘာ (၁၂) ရက်က အရွယ်အစားကြီးမားတဲ့ ကျောက်စိမ်းရိုင်းတုံး တွေ့ရှိပြီး ငါးရက်မြောက်မှာ ဒုတိယအကြိမ် တွေ့ရှိခဲ့ရတာ ဖြ စ်ပါတယ်။ တွေ့ရှိရတဲ့ ကျောက်စိမ်းအရိုင်း (၂) တုံးကို နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ သတင်း- ကိုတာ(ဖားကန့်)