အေထြေထြဗဟုသုတ

ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးတာနဲ့ ချက်ချင်းရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ

Unicode

ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးတာနဲ့ ချက်ချင်းရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် အသာဆုံးအချက်က ကောက်ပဲသီးနှံတွေ၊ သစ်သီးဝလံတွေကို စျေးနှုန်းချိုချိုနဲ့ ပေါ

ပေါများများ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေကိုလည်း အခုအချိန်ထိ စစ်စစ်မှန်မှန် ရနိုင်နေပါသေးတယ်။

မြန်မာနိုင်ငံမှာ ပေါများလွန်းတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအရ အလွန်တန်ဖိုးကြီးပါတယ်။ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရုံနဲ့

(၁) အရိုးသိပ်သည်းဆကို ကျစ်လစ်စေတယ်_ အသက်ကြီးလာတဲ့အခါမှာ အရိုးပွတာတွေ၊ အရိုးဆက်တာတွေကို မခံလိုလျှင် အခုနေ

ကတည်းက ကြက်သွန်နီအစိမ်းကို တစ်နိုင်တပိုင် စားပေးသင့်ပါတယ်။ တစ်လလောက် ကြာတဲ့အခါမှာ အရိုးတွေရဲ့ သိပ်သည်းဆဟာ

ယခင်ကထက် (၅)%အထိ တိုးပွားလာစေမှာပါ။

(၂) ကိုလက်စထရောဓာတ်ကို လျှော့ကျစေတယ် _ကိုလက်စထရောဓာတ်ဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောကျင်းရောဂါ၊ နှလုံးသွေးကြော

ပိတ်ရောဂါတွေရဲ့ အဓိကကျဆုံးရန်သူဖြစ်ပါတယ်။ ကြက်သွန်နီအစိမ်းဟာ လူရဲ့သွေးအတွင်းမှာ ရှိတဲ့ ကိုလက်စထရောဓာတ်ကို အမြန်ဆုံး

ချေဖျက်ရာမှာ အလွန်ထိရောက်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ကာကွယ်ပြီးသား ဖြစ်မှာပါ။

(၃) အစာချေဖျက်ရာမှာ ကူညီနိုင်တယ်_ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရင် အဆီကျသွယ်လျှပြီး ဗိုက်ချပ်စေနိုင်ပါတယ်။ ကြက်သွန်နီ

ဟာ ဝမ်းကိုက်၊ ဝမ်းချုပ်ဝေဒနာတွေကို မဖြစ်စေအောင် ပြုလုပ်နိုင်စွမ်းရှိပြီး၊ အစာမကြေတဲ့ဒဏ်ကိုလည်း ကောင်းစွာ ကုစားနိုင်ပါတယ်။

အစာကြေလွယ်စေလို့ အဆီပိုတွေကို အလိုလို ကာကွယ်ပြီးဖြစ်စေပါတယ်။


(၄) ဆဲလ်တွေ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်တယ်_ အရွယ်တင် နုပျိုလိုသူတွေ ကြက်သွန်နီ များများစားပေးပါ။ ပြင်ပ ကူးစက်ရောဂါ

ကြောက်သူတွေ ကြက်သွန်နီ စားပေးပါ။ ကြက်သွန်နီက ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို တားဆီးနိုင်လို့ အရွယ်တင်စေပါတယ်။ ဒီလိုပဲ

ကြက်သွန်နီက သဘာဝဓာတ်တိုးပစ္စည်းတွေကို ထုတ်လုပ်ပေးလို့ ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။


(၅) အမြင်ကြည်လင်စေတယ်၊ ခံတွင်းကျန်းမာရေးကို ကောင်းစေတယ်_ ကြက်သွန်နီက အနံ့ကို သဘောမကျသူတွေအတွက်တော့ နည်း

နည်း စိတ်ပျက်စရာပါ။ ဒါပေမယ့် မျက်မှန်သမားတွေ၊ ကွန်ပျူတာသမားတွေ အမြင်အာရုံ မထိခိုက်စေချင်ရင် ကြက်သွန်နီကို မချစ်

သော်လည်း အောင့်ကာနမ်းထားရပါမယ်။ ခံတွင်းအနံ့ ဆိုးသူတွေလည်း ကြက်သွန်နီစားပေးရင် အိုကေပါတယ်။


(၆) ညအိပ်မပျော်သူတွေအတွက်_ ကြက်သွန်နီမှာပါတဲ့ အမျှင်ဓာတ်က ကျန်းမာရေးကို ကောင်းမွန်စေသလို၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ

ကိုတောင် လျှော့ပါးစေပါတယ်။ ဒီတော့ စိတ်ဖိအားများသူတွေလည်း ကြက်သွန်နီကို ဆေးအဖြစ် အသုံးချသင့်ပါတယ်။ စိတ်ဖိအားကို

လျှော့ပါးစေလို့ အလွယ်တကူ အိပ်စက်ရာမှာလည်း ကူညီပေးပါတယ်။


(၇) အရွယ်တင်နုပျိုမှု/အရေပြား တွန့်မှုတွေကို ကာကွယ်ပေးတယ်_ စောစောကပြောခဲ့သလိုပဲ ကြက်သွန်နီက Aging ကို ကာကွယ်

တားဆီးပေးနိုင်ပါတယ်။ အသားရေ နူးညံ့စိုပြေမှုမှာ ကြွက်သွန်နီဟာ အံ့မခမ်း ကောင်းကျိုးတွေ ပေးတာကြောင့် တချို့သော မော်ဒယ်တွေ

ဟာ ကြက်သွန်နီကို မအိုဆေးအဖြစ် သုံးကြသည်အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လင်းဇော်ကို

Credit original