ျပည္တြင္းသတင္း

ကလေးမြို့မရဲစခန်းတွင် ပထမဆုံး CDM ပြုလုပ်သူ ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် ကျဆုံး

ကလေးမြို့မရဲစခန်းတွင် ပထမဆုံး CDM ပြုလုပ်သူ ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မရဲစခန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံး CDM ပြုလုပ်ခဲ့သည့် ရဲတပ်သားလှ

မျိုးထွဋ်သည် မင်းကင်းတိုက်ပွဲတစ်နေရာတွင် ကျဆုံးသွားကြောင်း ကလေးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြန်ကြားရေး တာဝန်ရှိသူ

တစ်ဦးက မဇ္ဈိကို အတည်ပြုပြောသည်။

သို့သော်လည်း မင်းကင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ပုံ အသေးစိတ်နှင့် ကျဆုံးခဲ့သည့်ရက်ကို မသိရှိရသေးကြောင်း၊ စိစစ်ပြီးမှ ပြန်လည်

ဖြေကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျဆုံးသွားတာ မှန်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ သူက မင်းကင်း PDF အဖွဲ့ဝင်ပါ” ဟု PDF (ကလေး) ပြန်ကြားရေး

တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကျဆုံးသွားသည့် CDM ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ်သည် ၂၀၁၇ ခုနှစ် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ

တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးလည်းဖြစ်သည်။

ယင်းနောက် ကလေးတက္ကသိုလ်မှ ဘွဲ့ရပြီးချိန်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မုံရွာမြို့လုံခြုံရေးရဲတပ်ရင်းမှ ကလေးမြို့ မြို့မရဲစခန်းသို့

ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရာ

စစ်တပ်က အာဏာသိမ်းချိန်တွင် ကလေးမြို့မ ရဲစခန်းမှ အစောဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။ပြည်သူ့နှင့်အတူ ပူးပေါင်း

လာသည့် ဦးလှမျိုးထွဋ်၏ စွန့်လွှတ်အနစ်နာခံသော စိတ်ဓာတ်နှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင်

ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့မှုအပေါ် လေးစားအသိအမှတ်ပြုကြောင်းနှင့် ဂုဏ်ယူဝမ်းနည်းကြောင်း ကလေးတက္ကသိုလ်

ကျောင်းသားများ သမဂ္ဂအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းကာ အာဏာသိမ်း

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများရှိနေဆဲ

ဖြစ်သည်။

ကျဆုံးသွားသည့် CDM ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် (ဓာတ်ပုံ- ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖေစ့်ဘွတ်)

Mizzima  crd

Zawgyi

ကေလးၿမိဳ႕မရဲစခန္းတြင္ ပထမဆုံး CDM ျပဳလုပ္သူ ရဲတပ္ဖြဲ႕ဝင္ ဦးလွမ်ိဳးထြဋ္ က်ဆုံး

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕မရဲစခန္းတြင္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေၾကာင္း ပထမဆုံး CDM ျပဳလုပ္ခဲ့သည့္

ရဲတပ္သားလွမ်ိဳးထြဋ္သည္ မင္းကင္းတိုက္ပြဲတစ္ေနရာတြင္ က်ဆုံးသြားေၾကာင္း ကေလးေဒသ ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ျပ

န္ၾကားေရး တာဝန္႐ွိသူတစ္ဦးက မဇၩိကို အတည္ျပဳေျပာသည္။

သို႔ေသာ္လည္း မင္းကင္းတိုက္ပြဲအတြင္း က်ဆုံးခဲ့ပုံ အေသးစိတ္ႏွင့္ က်ဆုံးခဲ့သည့္ရက္ကို မသိ႐ွိရေသးေၾကာင္း၊ စိစစ္ၿပီးမွ ျပ

န္လည္ေျဖၾကားႏိုင္မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

“က်ဆုံးသြားတာ မွန္ပါတယ္။ အေသးစိတ္ေတာ့ မသိရေသးပါဘူး။ သူက မင္းကင္း PDF အဖြဲ႕ဝင္ပါ” ဟု PDF (ကေလး) ျပန္ၾ

ကားေရးတာဝန္႐ွိသူတစ္ဦးက မဇၩိမကို ေျပာသည္။

က်ဆုံးသြားသည့္ CDM ရဲတပ္ဖြဲ႕ဝင္ ဦးလွမ်ိဳးထြဋ္သည္ ၂၀၁၇ ခုႏွစ္ ကေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒အျဖစ္ တက္ႂကြ

စြာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ တစ္ဦးလည္းျဖစ္သည္။

ယင္းေနာက္ ကေလးတကၠသိုလ္မွ ဘြဲ႕ရၿပီးခ်ိန္တြင္ ရဲတပ္ဖြဲ႕သို႔ ဝင္ေရာက္ခဲ့ၿပီး မုံ႐ြာၿမိဳ႕လုံျခဳံေရးရဲတပ္ရင္းမွ ကေလးၿမိဳ႕ ၿမိဳ႕မ

ရဲစခန္းသို႔ ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္ခဲ့ရာ

စစ္တပ္က အာဏာသိမ္းခ်ိန္တြင္ ကေလးၿမိဳ႕မ ရဲစခန္းမွ အေစာဆုံး CDM ျပဳလုပ္ခဲ့သူျဖစ္ေၾကာင္း သိရသည္။ျပည္သူ႕ႏွင့္အတူ ပူးေ

ပါင္းလာသည့္ ဦးလွမ်ိဳးထြဋ္၏ စြန္႔လႊတ္အနစ္နာခံေသာ စိတ္ဓာတ္ႏွင့္ ေႏြဦးေတာ္လွန္ေရးလႈပ္႐ွားမႈတြင္

ကိုယ္စြမ္းဉာဏ္စြမ္း႐ွိသမွ် ေပးဆပ္ခဲ့မႈအေပၚ ေလးစားအသိအမွတ္ျပဳေၾကာင္းႏွင့္ ဂုဏ္ယူဝမ္းနည္းေၾကာင္း ကေလးတ

ကၠသိုလ္ေက်ာင္းသားမ်ား သမဂၢအဖြဲ႕က စက္တင္ဘာလ ၁၅ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ၿမိဳ႕နယ္အလိုက္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ဖြဲ႕စည္းကာ အာဏာသိ

မ္းစစ္တပ္ကို ေတာ္လွန္တိုက္ခိုက္ေနၾကျခင္းျဖစ္ၿပီး ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ စစ္အာဏာ႐ွင္ ဆန္႔က်င္ေရး ဆႏၵျပမႈမ်ား႐ွိေန

ဆဲ ျဖစ္သည္။

က်ဆုံးသြားသည့္ CDM ရဲတပ္ဖြဲ႕ဝင္ ဦးလွမ်ိဳးထြဋ္ (ဓာတ္ပုံ- ကေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ေဖစ့္ဘြတ္)

Mizzima   crd