ျပည္တြင္းသတင္း

ယနေ့ညမုံရွာမြို့ရှိ မြန်မာဘီယာရုံး ပေါက်ကွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံးကို ယနေ့ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံး

ဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ – MPDF ကိုယ်စားပြုအဖွဲ့က ပြောသည်။

မုံရွာမြို့နှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေသည့် မြန်မာဘီယာရုံးသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်

သည့်အတွက် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

“စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ Myanmar Beer ရုံးကို သံမဏိတပ်ဖွဲ့

ဖောက်ခွဲပညာရှင် ခွန်ဆာတို့အဖွဲ့မှ ဖောက်ခွဲသတိပေးခဲ့ပါတယ်” ဟု သံမဏိနှင့် အဖွဲ့သားများ – MPDF ကိုယ်စားပြုအဖွဲ့က အသိပေး

ထုတ်ပြန်ထားသည်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီကျော်အချိန်တွင်လည်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်ရှိ အာဏာသိမ်းစစ်အုပ်စုပိုင်

Mytel ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့‌သေးသည်။

———-

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕ရွိ စစ္အုပ္စုပိုင္ ျမန္မာဘီယာ႐ုံးကို ယေန႔ စက္တင္ဘာ ၁၆ ရက္ ည ၇ နာရီ မိနစ္ ၃၀ အခ်ိန္တြင္ ဗုံးေဖာက္ခြဲ

တိုက္ခိုက္မႈျပဳလုပ္ေၾကာင္း သံမဏိႏွင့္ အဖြဲ႕သားမ်ား – MPDF ကိုယ္စားျပဳအဖြဲ႕က ေျပာသည္။

မုံ႐ြာၿမိဳ႕ႏွင့္ ၿမိဳ႕နယ္အသီးသီးကို ျဖန႔္ေဝေရာင္းခ်ေနသည့္ ျမန္မာဘီယာ႐ုံးသည္ အာဏာသိမ္း စစ္ေကာင္စီ၏ ေထာက္တိုင္တစ္ခုျ

ဖစ္သည့္အတြက္ ဗုံးေဖာက္ခြဲမႈျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါအဖြဲ႕က ဆိုသည္။

“စစ္ေကာင္စီရဲ႕ေထာက္တိုင္တစ္ခုျဖစ္တဲ့ မုံ႐ြာတစ္ၿမိဳ႕လုံးနဲ႔ နယ္အသီးသီးကို ျဖန႔္ေဝေရာင္းခ်ေနတဲ့ Myanmar Beer ႐ုံးကို သံမဏိတပ္ဖြဲ႕

ေဖာက္ခြဲပညာရွင္ ခြန္ဆာတို႔အဖြဲ႕မွ ေဖာက္ခြဲသတိေပးခဲ့ပါတယ္” ဟု သံမဏိႏွင့္ အဖြဲ႕သားမ်ား – MPDF ကိုယ္စားျပဳအဖြဲ႕က အ

သိေပးထုတ္ျပန္ထားသည္။

ထိုဗုံးေပါက္ကြဲမႈေၾကာင့္ ႐ုံးဝန္ထမ္းမ်ား ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း သိရသည္။

ယမန္ေန႔ စက္တင္ဘာ ၁၅ ရက္ နံနက္ ၈ နာရီေက်ာ္အခ်ိန္တြင္လည္း မုံ႐ြာၿမိဳ႕၊ ေက်ာကၠာလမ္းမႀကီးေပၚရွိ အာဏာသိမ္းစစ္အုပ္စုပိုင္

Mytel ႐ုံး ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့‌ေသးသည္။

crd