ကျန်းမာရေး

အမျိုးသမီးတို့ရဲ့ခန္ဓာကိုယ် ကျစ်လျစ်လှပစေမယ့် ဂျပန်က လူကြိုက်အများဆုံး လေ့ကျင့်ခန်း (၅)မျိုး

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကျန်းမာဖို့၊ အသက်ကြီးတဲ့အထိ ကျစ်လျစ်လှပဖို့အတွက် ဂျပန်နိုင်ငံ မှ လူကြိုက်အများဆုံးနဲ့ ထိရောက်မှုအရှိဆံ လေ့ကျင့်ခန်းလေးတွေကို ပျိုမေတို့ လိုက်လုပ်ဖို့အတွက် ဖော်ပြပေးချင်ပါတယ်။

(၁) ခြေထောက်လွှဲလေ့ကျင့်ခန်း

မာကျောတဲ့ကြမ်းပြင်ပေါ်မှာ မှောက်ခုံမှောက်ပြီး ခြေထောက်နှစ်ချောင်းကို နောက်ကျောဘက် ကွေးလိုက်ပါ။ ပြီးရင် ခြေဖနောင့်နဲ့ တင်ပါးနဲ့ ထိအောင် လွှဲပေးပါ။ တစ်နေ့မှာ အချိန်အနည်းငယ်လောက်ပေးပြီး အဲ့ဒီလိုလုပ်ရုံနဲ့ ပင်ပန်းမှုတွေလည်းပြေပျောက်စေနိုင်ကာ သွေးလှည့်ပတ်မှုကိုလည်း ပိုကောင်းစေတာကြောင့် ခြေထောက်နဲ့ပေါင်တံကို လှပစေနိုင်ပါတယ်။

(၂) ကိုယ်နေဟန်ထားစမတ်ကျ လှပစေမယ့် လေ့ကျင့်ခန်း

မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲအိပ်ပါ။ ခြေဖဝါးကို ကြမ်းပြင်ကနေ မကြွဘဲ ဒူးကိုကွေးပါ။

အဲ့ဒီအချိန်မှာပဲ လက်နှစ်ဖက်ကို ဆန့်ပြီး ဦးခေါင်းကို ကြမ်းပြင်ကနေ ဖြည်းဖြည်းချင်း ထောင်မတ်ပေးပါ။ လက်ဖဝါးနဲ့ ဒူးနဲ့ထိအောင် လုပ်ပေးပါ။ အဲ့ဒီအချိန်မှာ ကျောအလယ်ပိုင်းက ကြမ်းပြင်ကနေမခွာဘဲ ကျောအထက်ပိုင်းပခုံးနေရာကိုပဲ လှုပ်ရှားပေးရမှာပါ။

ဒီလေ့ကျင့်ခန်းကို တစ်ရက်မှာ အချိန်အနည်းငယ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် လက်ပြင်ကုန်းတာ ပျောက်သွားပြီး ကိုယ်နေဟန်ထား လှပစမတ်ကျလာမှာပါ။

(၃) ဗိုက်ချပ်ပြီးခါးသွယ်စေမယ့်လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲအိပ်ပါ။ ၁ ကနေ ၄ အထိ ရေတွက်ပြီး ခြေထောက်တွေကို အပေါ်ကိုမလိုက်ပါ။

အဲ့ဒီအချိန်မှာပဲ လက်တွေကို ဆန့်တန်းပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို မတ်ပေးပါ။ ဆန့်ထားတဲ့ လက်တွေကို ဒူးနဲ့ထိသည်အထိ မတ်ပေးပြီး အဲ့ဒီအနေအထားအတိုင်း ကြာနိုင်သမျှကြာအောင် နေပါ။

အဲ့ဒါကို ဆယ်ခေါက်လုပ်ပေးရမှာပါ။ ဒါဆို ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းပြီး ဝမ်းဗိုက်နေရာက ချပ်ယပ် လာကာ ခါးလေးသေးသွယ်လာပါလိမ့်မယ်။

(၄) နောက်ကျောနာကျင်ညောင်းညာတာကို သက် သာစေမယ့် လေ့ကျင့်ခန်း

ခြေနှစ်ဖက်ကိုခွဲပြီး မတ်မတ်ရပ်ပါ။ ခန္ဓာကိုယ်ကို ပေါ့ပါးနေတယ်လို့တွေးပြီး လက်နှစ်ဖက်ကို နောက်ကျောဘက်မှာ ယှက်ပြီး ကိုင်ထားပါ။

ခြေဖနောင့်နှစ်ဖက်ကို အနည်းငယ်ကြွလိုက်ပြီး ကျောအပေါ်ပိုင်းကို အနောက်ဘက်ကို ကွေးနိုင်သလောက် ကွေးပါ။

အဲ့ဒီလိုကွေးတဲ့အချိန်မှာ ဦးခေါင်းကို မတ်မတ်ထားပါ။ အဲ့ဒီအနေအထားအတိုင်း နေနိုင်သလောက် နေပါ။

(၅) ပေါင်တံအဆီကျစေမယ့် လေးကိုင်းပုံလေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကို ကားပြီး ထောက်ထားပါ။ ခန္ဓာကိုယ်ကို အနောက်ကို လှန်ကွေးပြီး လက်နှစ်ဖက်က ခြေကျင်းဝတ်နေရာကို ဆုပ်ကိုင်ထားပါ။ အဲ့ဒီလိုအနေအထားကို ၅ စက္ကန့်လောက် နေပေးပြီး အဲ့ဒီပုံစံဆယ်ခါလောက် လုပ်ပေးပါ

Credit

Unicode

အမျိုးသမီးတို့ရဲ့ခန္ဓာကိုယ် ကျစ်လျစ်လှပစေမယ့် ဂျပန်က လူကြိုက်အများဆုံး လေ့ကျင့်ခန်း (၅)မျိုး

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကျန်းမာဖို့၊ အသက်ကြီးတဲ့အထိ ကျစ်လျစ်လှပဖို့အတွက် ဂျပန်နိုင်ငံ မှ လူကြိုက်အများဆုံးနဲ့ ထိရောက်မှုအရှိဆံ ေးလေ့ကျင့်ခန်းလေးတွေကို ပျိုမေတို့ လိုက်လုပ်ဖို့အတွက် ဖော်ပြပေးချင်ပါတယ်။

(၁) ခြေထောက်လွှဲလေ့ကျင့်ခန်း

မာကျောတဲ့ကြမ်းပြင်ပေါ်မှာ မှောက်ခုံမှောက်ပြီး ခြေထောက်နှစ်ချောင်းကို နောက်ကျောဘက် ကွေးလိုက်ပါ။ ပြီးရင် ခြေဖနောင့်နဲ့ တင်ပါးနဲ့ ထိအောင် လွှဲပေးပါ။ တစ်နေ့မှာ အချိန်အနည်းငယ်လောက်ပေးပြီး အဲ့ဒီလိုလုပ်ရုံနဲ့ ပင်ပန်းမှုတွေလည်းပြေပျောက်စေနိုင်ကာ သွေးလှည့်ပတ်မှုကိုလည်း ပိုကောင်းစေတာကြောင့် ခြေထောက်နဲ့ပေါင်တံကို လှပစေနိုင်ပါတယ်။

(၂) ကိုယ်နေဟန်ထားစမတ်ကျ လှပစေမယ့် လေ့ကျင့်ခန်း

မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲအိပ်ပါ။ ခြေဖဝါးကို ကြမ်းပြင်ကနေ မကြွဘဲ ဒူးကိုကွေးပါ။ အဲ့ဒီအချိန်မှာပဲ လက်နှစ်ဖက်ကို ဆန့်ပြီး ဦးခေါင်းကို ကြမ်းပြင်ကနေ ဖြည်းဖြည်းချင်း ထောင်မတ်ပေးပါ။ လက်ဖဝါးနဲ့ ဒူးနဲ့ထိအောင် လုပ်ပေးပါ။ အဲ့ဒီအချိန်မှာ ကျောအလယ်ပိုင်းက ကြမ်းပြင်ကနေမခွာဘဲ ကျောအထက်ပိုင်းပခုံးနေရာကိုပဲ လှုပ်ရှားပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကို တစ်ရက်မှာ အချိန်အနည်းငယ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် လက်ပြင်ကုန်းတာ ပျောက်သွားပြီး ကိုယ်နေဟန်ထား လှပစမတ်ကျလာမှာပါ။

(၃) ဗိုက်ချပ်ပြီးခါးသွယ်စေမယ့်လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲအိပ်ပါ။ ၁ ကနေ ၄ အထိ ရေတွက်ပြီး ခြေထောက်တွေကို အပေါ်ကိုမလိုက်ပါ။ အဲ့ဒီအချိန်မှာပဲ လက်တွေကို ဆန့်တန်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်ပေးပါ။ ဆန့်ထားတဲ့ လက်တွေကို ဒူးနဲ့ထိသည်အထိ မတ်ပေးပြီး အဲ့ဒီအနေအထားအတိုင်း ကြာနိုင်သမျှကြာအောင် နေပါ။ အဲ့ဒါကို ဆယ်ခေါက်လုပ်ပေးရမှာပါ။ ဒါဆို ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းပြီး ဝမ်းဗိုက်နေရာက ချပ်ယပ်လာကာ ခါးလေးသေးသွယ်လာပါလိမ့်မယ်။

(၄) နောက်ကျောနာကျင်ညောင်းညာတာကို သက်သာစေမယ့် လေ့ကျင့်ခန်း

ခြေနှစ်ဖက်ကိုခွဲပြီး မတ်မတ်ရပ်ပါ။ ခန္ဓာကိုယ်ကို ပေါ့ပါးနေတယ်လို့တွေးပြီး လက်နှစ်ဖက်ကို နောက်ကျောဘက်မှာ ယှက်ပြီး ကိုင်ထားပါ။ ခြေဖနောင့်နှစ်ဖက်ကို အနည်းငယ်ကြွလိုက်ပြီး ကျောအပေါ်ပိုင်းကို အနောက်ဘက်ကို ကွေးနိုင်သလောက်ကွေးပါ။ အဲ့ဒီလိုကွေးတဲ့အချိန်မှာ ဦးခေါင်းကို မတ်မတ်ထားပါ။ အဲ့ဒီအနေအထားအတိုင်း နေနိုင်သလောက် နေပါ။