ပြည်တွင်းသတင်း

တီးတိန်မြို့နယ် ခိုင်ကမ်းရဲစခန်းကို PDF ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်၊ ရဲ ၅ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ်က ခိုင်ကမ်းနယ်မြေရဲစခန်း ၉ မိုင်ဂိတ်ကို စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက PDF သုံးဖွဲ့ပူးပေါင်းတိုက်ခိုင်ရာ ရဲ ၅ ယောက်

လောက် သေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရသွားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်

ခိုင်ကမ်းမြို့နယ်မြေရဲစခန်း ၉ မိုင်ဂိတ်ကို ဒီနေ့မနက် ၅ နာရီလောက်က PDF-Zoland၊ Civil Defense Mititia၊ CDF-KKG (ကလေး၊ ကပေါ်၊ ဂန့်ဂေါ) တို့ ပူးပေါင်း

ပြီး တိုက်ခိုက်ခဲ့တာပါ

အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ ပေမယ့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က အထိခိုက်

အကျဆုံး မရှိဘူးလို့ ဖော်ပြ ထားပါတယ်

အဲဒီတိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ကလေးမြို့ကနေ ဂန့်ဂေါမြို့ ဘက်ကိုတက်မယ့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတွေကို ပိတ်ဆို့

ထားတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်

ခိုင်ကမ်းနယ်မြေရဲစခန်း ၉ မိုင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက

သီးခြားအတည်မပြုနိုင်သေးပါဘူး

TAGSPDF ၃ ဖွဲ့ခိုင်ကမ်းရဲစခန်းပူးပေါင်းတိုက်ခိုက်

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက ပင်ထောင်ရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် ပျူစောထီး ၂ ယောက် သေဆုံးခဲ့တယ်

လို့ ဒေသခံတွေဆီကနေ သိရပါတယ်

ပင်ထောင်ကျေးရွာမှာ မနေ့က မနက် ၁၀ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွဋ်မောင်နဲ့ ဦးတင်ဝင်းတို့ဟာ မိုင်းထောင်ရင်းနဲ့ မတော်တစ်ဆ

ပေါက်ကွဲခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ၁ နာရီလောက်အကြာမှာ သေဆုံးသွားတာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်

ကိုင်းလယ်ရွာ‌က ပျူစောထီးခေါင်းဆောင် မောင်ဦး ဦးဆောင်ပြီးတော့ အကြမ်းဖက် စစ်အုပ်စုတွေနဲ့ ပူးပေါင်းက အခုလပိုင်းအတွင်း ပင်ထောင်၊ သစ်ချိုကုန်း၊ ရွာ

သစ်နဲ့ ဒီးဒုတ်ကွင်း ကျေးရွာတွေမှာ မိုင်းဖောက်ခွဲရေးသင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်

ပေါက်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ဒလန်တွေဖြစ်တဲ့ ပျူစောထီး အဖွဲ့ဝင်တွေ မိုင်းပေါက်ကွဲပြီး သေဆုံးတာဟာ လက်ရှိအချိန်ထိ ၆

ယောက်ရှိပြီလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်

crd