နိုင္ငံတကာသတင္း

EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ခဲ့တဲ့ ဥရောပဝန်ကြီး ၂ ဦးတွင် ကိုဗစ်ကူးစက်ခံလာရ

ပီးခဲ့တဲ့ သတင်းပတ်အတွင်းကျင်းပတဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သြစတြီးယားနဲ့ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးမှာ COVID-19 ကူးစက်မှုရှိကြောင်း တွေ့ရှိခဲ့ရတဲ့ အတွက် ဒီအစည်းအဝေးဟာ ဒီရောဂါကူးစက်မှုရှိစေတဲ့ ပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။

Coronavirus: Austrian Foreign Minister Schallenberg Tested Positive – Vindobona.org | Vienna International News

သြစတြီးယား နိုင်ငံခြားရေးဝန်ကြီး Alexander Schallenberg ဟာ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Sophie Wilmes နဲ့ တနင်္လာနေ့ လူဇင်ဘတ်မှာ ကျင်းပတဲ့ အီးယူ နိုင်ငံခြားရေးကောင်စီ ဆွေးနွေးပွဲမှာ မနက်စာစားသုံးချိန် ဘေးချင်းယှဉ် အတူထိုင်ခဲ့ကြကြောင်းနဲ့ ဒီပွဲကနေ ဝန်ကြီး Schallenberg ဒီရောဂါ ကူးစက်ခံရတာ ဖြစ်နိုင်ကြောင်း သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

Belgium tightens Covid-19 restrictions to avoid another lockdown amid rise in cases

ဝန်ကြီးမှာ ဒီရောဂါလက္ခဏာပြတာ မတွေ့ရဘဲ ပုံမှန်စစ်ဆေးမှု လုပ်ရာကနေ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာလို့လည်း ပြောပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Wilmes ကတော့ ဒီရောဂါလက္ခဏာ ပြနေတယ်လို့ သံသယရှိတဲ့အတွက် သီးခြားခွဲနေပြီး နောက်တနေ့မှာပဲ ကူးစက်ခံရကြောင်း စမ်းသပ်အတည်ပြုချက် ရခဲ့တာလို့ ပြောပါတယ်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကတော့ ဒီရောဂါကူးစက်မှု မရှိကြောင်း စမ်းသပ် အဖြေရခဲ့ကြောင်းနဲ့ ကူးစက်ခံနေရတဲ့ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ အနီးကပ်ထိတွေ့မှု မရှိကြောင်းလည်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သလို

Corona crisis: Foreign Minister Heiko Maas (SPD) has to be in quarantine – Pledge Times

ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Ann Linde ကတော့ ဓာတ်ခွဲစမ်းသပ်တဲ့ အဖြေမရမချင်း သီးခြားခွဲ နေထိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian ကတော့ အခု အယ်လ်ဂျီးရီးယား ခရီးစဉ် သွားရောက်နေတာဖြစ်ပြီး ကြာသပတေးနေ့က ဓာတ်ခွဲစမ်းသပ်မှုကနေ ကူးစက်မခံရကြောင်း အတည်ပြုခဲ့သလို ဒီအစည်းဝေးမှာ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ၂ ဦးချင်း တွေ့ဆုံခဲ့တဲ့ အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး Simon Coveney မှာလည်း ကူးစက်မခံရပါဘူး။