Uncategorized အနုပညာသတင္း

အမြတ်နိုးဆုံး ဆံပင်ကို ဘုရားဋ္ဌာပနာထဲထည့်လှူကာ သီလရှင်အဖြစ်ခံယူသွားတဲ့ စစ်လွန်းဝတီထက်

သမီးလေး စစ်လွန်းဝတီထက်က ဒီကနေ့မှာပဲ သူမ အမြတ်နိုးဆုံး ဆံပင်လေးတွေကို ဖြတ်ကာ ဘုရားဋ္ဌာပနာ ထဲထည့်လှူ လိုက်ပါတယ်။

ဖခင်ဖြစ်သူ စိုင်းလွှမ်းက ကွယ်လွန်သွားတဲ့ ဖခင်ကြီးရဲ့ တစ်လပြည့်ကိုရည်စူးပြီး သာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဖခင်စိုင်းလွှမ်းနဲ့အတူ ဒကာမလေး စစ်လွန်းဝတီထက်ကလည်း ဆွမ်းခံကူလိုက်ပေးပုံလေးက ပရိသတ်တွေကြား ကြည်နူးပီတိဖြစ်စရာလေးပါ။

ဒီနေ့မှာပဲ သမီးလေး စစ်လွန်းဝတီထက်ကိုယ်တိုင် ဆရာလေး ဆန္ဒမာလာအဖြစ် ခံယူသွားခဲ့ကြောင်း ဖခင်ဖြစ်သူအကောင့်ကနေ ဖော်ပြလာခဲ့ပါတယ်။

“နဂါးရုံဘုရားပေါ်မှာဘုရားဖူးကြရင်း မပြောမဆို ငိုပြီးဘာမှမဖြေဘဲ ဘုန်းကြီး ဆီကိုအဖွားနှင့် သမီး ကိုယ်တိုင်လျှောက် သီလရှင်ဝတ်ခွင့်ပြုပေးပါပြော ဦးဇင်းဆီကလည်းခွင့်ပြုချက်တောင်းပြီး အရမ်းမြတ်နိုးတဲ့ သူ့ဆံပင်ကို ဘုရားဋ္ဌာပနာ ထဲထည့်လှူ ဆရာလေး ဆန္ဒမာလာ အဖြစ်ခံယူပြီး ကွယ်လွန်သွားသူအဖိုးဦးခင်မောင်ဦး နှင့်၇ရက်သားသမီး အပေါင်း သာဓုခေါ်ဆိုနိုင်ပါတယ်”

အမြတ်နိုးဆုံးဆံပင်လေးကို ဖြတ်ပြီး ဘုရားဋ္ဌာပနာထဲ ထည့်လှူခဲ့တဲ့ စစ်လွန်းဝတီထက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

ဝီလက်ဖ်ဆယ်လီ

########################

သမီးေလး စစ္လြန္းဝတီထက္က ဒီကေန႔မွာပဲ သူမ အျမတ္ႏိုးဆံုး ဆံပင္ေလးေတြကို ျဖတ္ကာ ဘုရား႒ာပနာ ထဲထည့္လႉ လုိက္ပါတယ္။

ဖခင္ျဖစ္သူ စိုင္းလႊမ္းက ကြယ္လြန္သြားတဲ့ ဖခင္ၾကီးရဲ႕ တစ္လျပည့္ကိုရည္စူးျပီး သာသနာ့ေဘာင္ထဲကိုဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ ဖခင္စိုင္းလႊမ္းနဲ႔အတူ ဒကာမေလး စစ္လြန္းဝတီထက္ကလည္း ဆြမ္းခံကူလိုက္ေပးပံုေလးက ပရိသတ္ေတြၾကား ၾကည္ႏူးပီတိျဖစ္စရာေလးပါ။

ဒီေန႔မွာပဲ သမီးေလး စစ္လြန္းဝတီထက္ကိုယ္တိုင္ ဆရာေလး ဆႏၵမာလာအျဖစ္ ခံယူသြားခဲ့ေၾကာင္း ဖခင္ျဖစ္သူအေကာင့္ကေန ေဖာ္ျပလာခဲ့ပါတယ္။

“နဂါး႐ုံဘုရားေပၚမွာဘုရားဖူးၾကရင္း မေျပာမဆို ငိုၿပီးဘာမွမေျဖဘဲ ဘုန္းႀကီး ဆီကိုအဖြားႏွင့္ သမီး ကိုယ္တိုင္ေလွ်ာက္ သီလရွင္ဝတ္ခြင့္ျပဳေပးပါေျပာ ဦးဇင္းဆီကလည္းခြင့္ျပဳခ်က္ေတာင္းၿပီး အရမ္းျမတ္ႏိုးတဲ့ သူ႔ဆံပင္ကို ဘုရား႒ာပနာ ထဲထည့္လႉ ဆရာေလး ဆႏၵမာလာ အျဖစ္ခံယူၿပီး ကြယ္လြန္သြားသူအဖိုးဦးခင္ေမာင္ဦး ႏွင့္၇ရက္သားသမီး အေပါင္း သာဓုေခၚဆိုႏိုင္ပါတယ္”

အျမတ္ႏိုးဆံုးဆံပင္ေလးကို ျဖတ္ျပီး ဘုရား႒ာပနာထဲ ထည့္လွဴခဲ့တဲ့ စစ္လြန္းဝတီထက္ရဲ႕ ကုသိုလ္ေလးကုိ သာဓုေခၚဆိုေပးၾကပါဦးေနာ္။

ဝီလက္ဖ္ဆယ္လီ