မြောင်မြို့ ဆင်ဂေါင်းတောင်မှ ကျောက်နဂါး
ကျောက်နဂါးဘုရား(စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ ဆင်ဂေါင်းတောင်) လွန်ခဲ့သော နှစ်ပေါင်း လေးသန်း ခန့်က အင်ကြင်းပင်ကြီး လဲကျရာမှ ဖြစ်ပေါ်ခဲ့တဲ့ ပရိုင်းမိတ် အင်ကြင်း ကျောက်ဖြစ် ရုပ် ကြွင်း ဖြစ်တယ်လို့ ရှေးဟောင်း သုတေသီများက ခန့်မှန်းကြပါတယ်။
အရှည် (၆၅) ပေရှည်တဲ့ နဂါးတကောင် ပုံစံမျိုး ရှိတဲ့ အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းကြီးကို ရွှေတွေ ပိန်းနေအောင် ချထားပြီး စေတီ တစ်ဆူ တည်ထားပါတယ်။
ဒေသခံတွေနဲ့ ယုံကြည်သူတွေ ကတော့ အတိတ် တဘောင်အတိုင်း ပေါ်တော်မူ ကျောက်နဂါး ဖြစ်တယ်လို့ ဆိုကြ ပြန်ပါတယ်။ မြန်မာပြည် မှာတော့ ထူးခြားတာ တစ်ခုခုဆို ကိုးကွယ် ယုံကြည်မှုနဲ့ ရော ထွေးလိုက်တာ အစဉ် အလာ တစ်ခု ဖြစ်နေပါပြီ။
ဘုရားဖူး လာသူတွေ အဆိုအရ မိသားစုတွေ ဥမကွဲ သိုက်မပျက် အဆင် ပြေစေတယ်လို့ ဆိုပါတယ်။ကျောက်နဂါး အသိုက်က နှစ်ပေါင်းများစွာ မပျက်စီးပဲ တည်ရှိနေပြီး နဂါးကြီးဘေးမှာရှိတဲ့ လုံး ဝန်းနေတဲ့ ကျောက်လုံးတွေ(သူတို့ကတော့ နဂါးဥလို့ပြောတာပါပဲ) ပြပြီး သက်သေ တည်ကြပါတယ်။
ပြီးတော့ အမြီး ဘက်က ကြည့်ရင် နဂါး အမောက်နဲ့ တည့်နေတာကိုပြပြီး အမြီးအမောက် မတည့်တဲ့ ကိစ္စတွေလည်း အဆင် ပြေဖို့ ဆုတောင်း ပြည့်တယ်လို့ ဆိုကြပြန်ပါတယ်။
ဘာပဲပြောပြော အင်ကြင်း ကျောက်ဖြစ် ရုပ်ကြွင်းတွေ လေ့လာနိုင်မယ်၊ ဒေသခံတွေရဲ့ ယုံကြည်မှု ဒဏ္ဍာရီတွေကို စိတ်ဝင်စားစွာ နား ထောင်ရပါမယ်။
မန္တလေး မုံရွာ ကားလမ်းအနီး မြောင်မြို့နယ်အတွင်းက ဆင်ဂေါင်းတောင်ပေါ်မှာတည်ရှိပြီး သွားလာရတာလွယ်ကူပါတယ်။အင်ကြင်းကျောက် အမြောက်အများ တွေ့ရပြီး အင်ကြင်း ကျောက်ဥယျာဉ် ကိုလည်း တည်ဆောက် နေပါတယ်။မူရင်းတင်သူအား လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။