အနုပညာသတင္း

မေမေနန်းမြတ်ကို ဝမ်းနည်းချိန်မရှိရအောင် ချစ်စရာစကားလေးတွေပြောပြီးပျော်ရွှင်အောင် လုပ်ပေးနေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့သားကြီး Jack Jack

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါ

တယ်..။ နန်းမြတ်ကတော့ အနုပညာလောက ကို ဂီတ ကနေ တစ်ဆင့် ကူးပြောင်းခဲ့ပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုလေး

ကို ပိုင်ဆိုင်ခဲ့သူပါ။

ကိုဗစ်ကြောင့် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရပေမယ့် Single Motherအဖြစ်နဲ့ သားနဲ့ သမီး အတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည် နိုင်

အောင် လူေော သိတော့ ကြိုးစားရပ်တည်နေသူပါ၊ နန်းမြတ် တစ်ယောက် ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်း ရပေမယ့် ချစ်စရာကောင်း

လွန်းတဲ့ သားနဲ့ သမီးကြောင့် ပျော်ရွှင်နေရပုံပါပဲ။

သားနဲ့သမီးကြောင့် ပျော်ရွှင်နေသူ နန်းမြတ်တစ်ယောက် အနုပညာပိုးပါသူ သားကြီး Jack Jack ရဲ့ ချစ်စရာကောင်းပုံလေးကို

စက်တင်ဘာလ (၁၉)ရက်နေ့မှာ “Jackလေးက”သူ့ပုံမတင်ဘူးလား”တဲ့ 😹 ပုံလေးတွေကြည့်ပေးလိုက်ကြပါဦး .၊ဓာတ်ပုံရိုက်လို့အိုက်တင်

လုပ်ခိုင်းရင်လဲလိုက်လုပ်တယ်။

 

ပြီးရင်သူလုပ်တာမှန်လားလှလားလို့ပြန်မေးသေးတာ..ဒီမေမေ ‘ကိုလှချင်’ ကိုတော့မနိုင်ပါ 🤣 #JackJack” ဆိုပြီးသူမရဲ့ လူမှုကွန်ရက်

စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်သားကြီး Jack Jack ရဲ့ ပဲပေးတတ်ပုံလေးတွေကို

 

နန်းမြတ်က သူမရဲ စာမျက်နှာပေါ်တင်ကာ ပျော်ရွှင်မှုတွေကို မျှဝေ ခဲ့တဲ့ပုံပါပဲနော်။နန်းမြတ်ဖြိုးသင်းရဲ့ ချစ်စရာကောင်းတဲ့ သားကြီး Jack

Jack ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။

 

Credit:Cele Platformmdatenews

mdatenews