News

ကူးစက်ရောဂါကြောင့် ဒုက္ခရောက်ပြီး ဆာလောင်မွတ်သိပ်နေရတဲ့ကျောင်းသားများအား ကိုယ်ပိုင်ပိုက်ဆံဖြင့် အစားအစာများထောက်ပံ့ပေးခဲ့တဲ့ ဆရာမတစ်ဦး

ကူးစက်ရောဂါအကျပ်အတည်းကြောင့်မရေမတွက်နိုင်သောလူများဟာ ၎င်းတို့၏အလုပ်အကိုင်များဆုံးရှုံးခဲ့ရပါတယ်။ ထို့အပြင် ၎င်းဟာ

အလုပ်အကိုင်များရှားပါးလာပြီး ရုံးများလည်းပိတ်လာတာကြောင့် စားနပ်ရိက္ခာရှာဖွေရန်နည်းလမ်းမရှိတော့တဲ့ သန်းပေါင်းများစွာသော

ငတ်မွတ်နေတဲ့သူများစွာအပေါ် အကျိုးများစွာသက်ရောက်လာစေခဲ့ပါတယ်။ ဤကဲ့သို့ဆာလောင်မွတ်သိပ်နေသောလူအများစုဟာ မိဘ

များအလုပ်ပြုတ်သွားတဲ့ကလေးများသာဖြစ်ပါတယ်။ ကျောင်းများဟာ online အတန်းများနှင့်ရောစပ်ထားသောသင်ယူမှုစနစ်များကို

အသုံးပြု၍ ၎င်းတို့၏ကျောင်းများတွင် ကူးစက်ရောဂါပြန့်ပွားမှုကိုကာကွယ်ရန် ကလေးများဟာ အိမ်၌ပညာသင်ကြားခွင့်ရကြပါတယ်။

သို့ရာတွင် များစွာသောအချို့ကလေးများဟာ online class တက်ရန် စက်ပစ္စည်းများမရှိခြင်း၊ လမ်းညွှန်မှုများမရှိခြင်းနှင့်

ဆာလောင်မွတ်သိပ်နေရတာကြောင့် ၎င်းတို့ပညာရေးကို အာရုံစူးစိုက်နိုင်ခြင်းမရှိကြပါဘူး။

.

ထိုကဲ့သို့ သူမ၏ကျောင်းသားများစွာရဲ့ဖြတ်သန်းနေရတဲ့အခက်အခဲများကို နားလည်ခဲ့ပြီးနောက် မလေးရှားနိုင်ငံ Sandakan မြို့ရှိ St

Cecilia’s Convent Secondary School မှ နှလုံးလှတဲ့ဆရာမ Maisarah Hannan ဟာ ဤရုန်းကန်နေရသည့်လူငယ်များအတွက်

အစားအစာများဝယ်ယူကာ ထောက်ပံ့နိုင်ရန် သူမ၏ကိုယ်ပိုင်ငွေကိုအသုံးပြုခဲ့ပါတယ်။

.

ထို့ကဲ့သို့ပြုလုပ်ခြင်းက အကျပ်အတည်းကြားမှရုန်းကန်ရုန်းကန်နေရတဲ့ သူမ၏ကျောင်းသားများထံမှ မက်ဆေ့ခ်ျများစွာကိုလက်ခံရရှိခဲ့

ကြောင်း အသက် ၃၅ နှစ်အရွယ်ဆရာမ Maisarah က ပြောကြားခဲ့ပါတယ်။

.

Maisarah ဟာ ၎င်းကလေးများရဲ့နေအိမ်များသို့ ပို့ဆောင်မဲ့အမျိုးမျိုးသောအစားအစာ နှင့်လိုအပ်တဲ့ကုန်ခြောက်များအတွက် သူမကိုယ်တို

င်စျေးဝယ်ထွက်ကာ ကိုယ်တိုင်အိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့ပါတယ်။ မကြာခင်မှာတော့ အခြားသောဆရာမများက သူမရဲ့ဤထောက်ပံ့

ပေးမှုကို သိရှိလာခဲ့ပြီး သူမနှင့်အတူ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ “ သူတို့က အများကြီးမတောင်းဆိုပါဘူး၊ သူတို့က အစားအစာကိုပဲ

လိုချင်ကြတာ ၊ ကျွန်မရဲ့ကိုယ်ပိုင်ငွေကိုသုံးရင်း အခြားဆရာတွေဆီကတတ်နိုင်သလောက်အကူအညီရယူရင်း သူတို့ကိုကူညီဖို့ နည်းလမ်း

တွေအများကြီးနဲ့ကြိုးစားခဲ့တယ်” လို့ Maisarah က ပြောကြားခဲ့ပါတယ်။

“ အချို့ကျောင်းသားတွေင ဆင်းရဲနွမ်းပါးတဲ့မိသားစုကနေ ဆင်းသက်လာပြီး သူတို့ရဲ့မိဘတွေက အလုပ်လက်မဲ့ သို့မဟုတ် ဒီရောဂါကာလ

အတွင်းမှာ အလုပ်အကိုင်မရှာနိုင်ကြဘူး၊ ဒါကြောင့် ကျွန်မနှဲ့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကျောင်းသားတွေရဲ့နေအိမ်တွေကို အခြေခံ

လိုအပ်ချက်များဖြန့်ဝေရန် ရွာများသို့သွားကြရတယ်။ အထူးသဖြင့် ရောဂါကပြန့်ပွါးနေဆဲဖြစ်တာကြောင့် ကျွန်မတို့လည်း ရေရှည်လှူဒါန်း

နိုင်ဖို့ အစီအစဉ်ချထားရတယ် ” ဟုလည်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဆရာမ Maisarah က “ ကျွန်မတို့တတ်နိုင်သလောက် ကူညီနေတယ် ၊ ဒီပံ့ပိုးမှုက သူတို့ရဲ့၀ န်ထုပ်အချို့ကို ဖြေလျှော့နိုင်လိမ့်

မယ်လို့မျှော်လင့်ပါတယ်” ဟု ပျော်ရွှင်စွာ ပြောကြားခဲ့ပါသေးတယ်။

crd